spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံ – ပင်လောင်းနယ်စပ်မှာ သုံးရက်ဆက် တောမီးလောင်နေ

Author

Date

Category

ကန္တာရ၀တီတိုင်း (မ်)

ဖယ်ခုံ – ပင်လောင်းမြို့နယ်စပ် တနေရာမှာ မတ်လ ၁၅ ရက်နေ့က စတင်ပြီး မတ်လ ၁၇ ရက်နေ့အထိ သုံးရက်ဆက်တိုက် တောမီး ကူးစက် လောင်ကျွမ်းနေတာကြောင့် အနီးအနားက ကျေးရွာခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ ငြိမ်းသတ်ဖို့ကြိုးစားနေကြတယ်လို့ သိရပါတယ်။

“မီးက တောအုပ်ကလဲ ကြီးတယ်။လူတွေကလဲ မနိုင်တော့ဘူးပေါ့နော်။ မီးအရှိန် အရမ်းများတယ်။ပြီးတော့ လေက တိုက်တာ နည်းနည်းကြမ်းတယ်ဆိုတော့ အဲ့ကနေ ကူးစက်တာကမြန်တယ်ပေါ့နော်။ဒေသခံ လူဦးရေကလဲ များသလောက်လဲ မနိုင်တော့ တဲ့ အခြေ‌အနေတွေ ရှိတယ်။ရေနဲ့ ငြိမ်း လို့လဲ သိပ်အဆင်မပြေတော့တဲ့ အနေအထားပေါ့” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

မီးမငြိမ်းသတ်နိုင်တဲ့အပြင် လေတိုက်နှုန်း များတာကြောင့် တောမီး ကူးစက်မှု မြန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာ နဲ့ စစ်ရှောင်စခန်းရှိရာ အနီးအနားကို တောမီးကူးစက်လာတာကြောင့် စိုးရိမ်မှု ရှိနေကြပါတယ်။

“ရွာနဲ့ကတော့ ခန့်မှန်းခြေ တစ်မိုင်ကျော် ၊ နှစ်မိုင်လောက်ရှိမယ်လို့ ကျမထင်တယ်။ ဘာလို့လဲဆို အဲ့တောင်ခြေနဲ့ မနီးမဝေးနေရာမှာဆို စစ်ရှောင်တွေလဲ ရှိကြတယ်။မီးလောင်တာနဲ့ နီးတဲ့ ကျေးရွာဒေသခံတွေကလဲ တော်တော်လေး စိုးရိမ်နေတယ်”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

တောမီးလောင်တဲ့ထဲ စိုက်ပျိုးခင်းတချို့ပျက်စီးမှုရှိတယ်လို့ ဆိုပါတယ်။ တောမီးလောင်တဲ့နေရာ အနီးအနားမှာ ရွာပေါင်း ၆ရွာနဲ့ စစ်ရှောင်စခန်းတွေရှိတယ်လို့ သိရပါတယ်။

နှစ်စဉ်နွေရာသီမှာ တောမီးကူးစက်လောင်ကျွမ်းမှုရှိနေတာကြောင့် အပျက်အစီးနည်းအောင် ဒေသခံတွေဟာ မီးတားလမ်းပြုလုပ်တာ ၊ သန့်ရှင်းရေးဆောင်ရွက်တာ ၊ အသိပညာပေးတာတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်လေ့ရှိကြပါတယ်။

spot_img
spot_img
spot_img

Recent posts