spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဟတ်ယာဥ် နှစ်ရက်ဆက်တိုက် ခပ်စိပ်စိပ် ပျံသန်း

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်ဘက်မှာ စစ်ကောင်စီ ရဟတ်ယာဥ်ဟာ နှစ်ရက်ဆက်တိုက် ခပ်စိပ်စိပ် ပျံသန်းနေတာကြောင့် စားနပ်ရိက္ခာနဲ့ လူအင်အား ဖြည့်တင်းမှု လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“မနေ့က တစ်နေကုန် နီးပါးပဲ။ အနည်းဆုံး ၆ ခေါက်လောက်သွားနေတာ၊ ဒီနေ့မနက်တောင်မှ ၃ ခါသွားနေပြီ တစ်ခါတစ်လေ နှစ်စီးလောက် လိုက်သွားနေတယ်” လို့ ဖရူဆိုမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ၉ နာရီ မိနစ် ၃၀ အချိန်မှာလည်း နေပြည်တော်ကနေပျံသန်းလာတယ်လို့ ယူဆရတဲ့ စစ်ရဟတ်ယာဉ်တစ်စီး ဖရူဆိုမြို့ဘက်ကိုဦးတည်လာတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အပြင် အခြားမြို့နယ်တွေကို ဖြတ်သန်းသွားလာမှုရှိနေပေမယ့်လည်း မတ်လ ၂ ရက်နေ့ နဲ့ ၃ ရက်နေ့ ၂ရက်အတွင်း ဖရူဆို၊ ဘောလခဲ စတဲ့ စစ်ကော်စီတပ်စခန်းရှိတဲ့ဘက်ကို ဦးတည် ပျံသန်းနေတာကို တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ဖရူဆိုမြို့နယ်မှာ တိုက်ပွဲမကြာခဏဖြစ်ပွားလျက်ရှိနေသလို လက်နက်ကြီးပစ်ခတ်မှုတွေလည်း မကြာခဏလုပ်ဆောင်နေတာကြောင့် အရပ်သားထိမှန်မှာကို စိုးရိမ်လျက်ရှိနေကြပါတယ်။

spot_img
spot_img

Recent posts