spot_img
Monday, May 29, 2023
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်မှ ၅နှစ်အောက်ကလေးငယ် ၅၀ကျော်ကို သန်ချဆေး တိုက်ကျွေး

ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့နယ််အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ စေတနာ့အဖွဲ့တစ်ခုမှ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေနဲ့ ဒေသခံံကျေးရွာသုံးရွာမှ ၅နှစ်အောက်ကလေးငယ် ၅၀ကျော်ကို သန်ချဆေးတိုက်ကျွေးမှုအစီအစဉ်တစ်ရပ် ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာလည်း အခက်အခဲရှိနေကြပြီး ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ အာဟာရ ဖွံ့ဖြိုးမှုဟာလည်း အရေးပါတာကြောင့် စစ်ရှောင်ကလေးနဲ့ဒေသခံကျေးရွာကလေးတွေကို စုပေါင်းပြီး သန်ချဆေးတိုက်ကျွေးခဲ့တယ်လို့ စေတနာ့ကျန်းမာရေးဆရာမက ပြောပါတယ်။

“သန်ချဆေးတိုက်တာက ကလေး အာဟာရချို့တဲ့တာ လျှော့ချရေးပေါ့။ ဒီမှာခါကျတော့ ဆေးခန်းနဲ့အလှမ်းဝေးတယ်လေး လူနာလာကြည့်ပေးတာ အဟာရချိုတဲ့လူတွေများတယ် ဒီရွာမှ။ ပြီးတော့ ကျန်းမာရေး ဗဟုသုတနည်းတယ် တအားနည်းတဲ့ထဲပါတယ်။ ရောဂါလည်းဖြစ်ကြတယ် ဆရာမတွေမရှိဘူး။ ဆေးဝါးမရှိတွေရှားပါးတယ် ဆေးရုံဆေးခန်းတွေမရှိဘူး။” လို့ စေတနာ့ ကျန်းမာရေးဆရာမ တစ်ဦးကပြောပါတယ်။

ကလေး‌တွေကို ကျန်းမာရေး စစ်ဆေးပေးတာ၊ သန်ချဆေးတိုက်ကျွေးတာ၊ အားဆေးတိုက်ကျွေးတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အာဟာရလုံလောက်စွာ မစားသုံးရတဲ့ ကလေးငယ်တွေဟာ ဗီတာမင်ဓတ်ချို့တဲ့မှုကို ခံစားနေရတယ်လို့ ဆိုပါတယ်။