spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းဒေသအတွက် အရေးပေါ်လူနာတင်ယာဉ်တွေလိုအပ်

Author

Date

Category


အန်ထော်နီ

ကျန်းမာရေး စောင့်ရှောက်မှု ခက်ခဲနေတဲ့ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းဒေသက ဒေသခံတွေအတွက် အရေးအပေါ်လူနာတင်ယာဉ်တွေ ထားရှိပေးဖို့ လိုအပ်နေတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဒီးဒီ(ခ)စစ်မုန်း ကပြောပါတယ်။

ကျေးလက်ဆေးပေးခန်းနဲ့ ဆေးဝါးတွေ လုံလောက်မှုမရှိတာကြောင့် ကုသရေးမှာအခက်အခဲတွေရှိနေပြီး အရေးပေါ်လူနာတွေကို အချိန်မှီကုသဖို့ မြို့ပေါ်အထိ ခေါ်ဆောင်ပေးဖို့လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျန်းမာရေး အရေးပေါ်ကိစ္စမျိုးပေါ့နော် ။ကျနော်တို့အရင်ကတည်းကစဉ်းစားထားတယ်ပေါ့နော်။ ကျနော်တို့ အရေးပေါ်ကားပေါ့နော။ နာရေး ကားလိုပုံစံမျိုး။ ကျနော်တို့ဖရူဆိုမြို့နယ်ဆိုရင် အကြမ်းအားဖြင့် (၇) စီးလောက်ရှိရင်တော့မဆိုးဘူး။ တော်တော်လေးအဆင်ပြေမယ်ပေါ့နော။ 4 wheel ပါတဲ့ကားမျိုးပေါ့နော်။ ဆိုတော့ လာမယ့်နှစ်တွေမှာ ဒီလိုနာရေးကားလိုပုံစံမျိုးရရှိအောင် နည်းလမ်းပေါင်းစုံပေါ့နော်။ အစိုးရဆီကနေကော၊ နောက်ပြီးတော့ တစ်ခြားအလှုုရှင်တွေဆီကနေကော၊ ကျနော်တို့လုပ်ဆောင်သွားမှာပါ။” လို့ပြောပါတယ်။

မိုးရာသီလို အချိန်မျိုးမှာ ကားဆိုင်ကယ်တွေသွားလာလို့မရတာကြောင့် လူနာတွေကို ထမ်းပြီး ခြေကျင်လျောက်တဲ့ အခါလည်းရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေအရလည်း လူနာတွေကို ပို့ဆောင်ပေးတဲ့နေရာမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတာကြောင့် အသက်အန္တာရယ် စိုးရိမ်ရတဲ့ အရေးပေါ်လူနာ တွေကိုပို့ဆောင်ပေးတဲ့အခါ အဆင်မပြေဘူးလို့ ကေကော တိုက်နယ် ကက်သလစ်ကျောင်းထိုင်ဘုန်းတော်ကြီး Fr-အန်ထော်နီ ကပြောပါတယ်။

“ မွေးလူနာတွေ ကိုယ်တော်လိုက်ပို့တာ ၅ ခေါက်လောက်ရှိပြီ။ ညသန်ခေါင် ၁၂ နာရီ၊ နံနက် ၂ နာရီထပို့ရတာလည်းရှိတယ်။ ညသန်ခေါင်ချိန်မှာ သွားဆိုလည်းသွားရတယ်။ အသက်အန္တရယ် လည်းရှိတဲ့အခါကျတော့ မွေးလူနာပေ့ါနော်။ ကိုယ်တော်တို့လိုက်ပို့တဲ့အခါမှာ ညနက်ကြီးမှာ ဒီလမ်းသွားတဲ့အခါ ခက်ခဲတယ်။ တအားခက်ခဲတယ်။ နောက်ပြီးတော့ လူနာလည်း သူ့အသက်အန္တရယ်ရှိတယ်။ ကိုယ်ကားမောင်းတာလည်း အသက်အန္တရယ်ရှိတယ်။” လို့ ကေကောတိုက်နယ် ကက်သလစ်ကျောင်းထိုင်ဘုန်းတော်ကြီး Fr-အန်ထော်နီ ကပြောပါတယ်။”

ကေကောကျေးရွာမှာ ဘာသာရေးအပိုင်းက သီလရှင်တွေလည်း ဆေးဝါးကုသမှုတွေလုပ်ဆောင်ပေးနေတာရှိသလို ကျေးလက်ဆေးပေးခန်းနှင့်အတူ နယ်လှည့် ကျန်းမာရေးအဖွဲ့မှ တစ်လတစ်ကြိမ်ဝင်ရောက်ကုသပေးတာရှိပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ဆေးဝါးနဲ့ ပါလာတဲ့ ဆေးဝါးတွေ မကိုက်ညီတာကြောင့် မြို့ပေါ်ထိဆေးကုဖို့ သွားကြရတာလည်းရှိတယ်လို့ Fr- အန်ထော်နီကပြောပါတယ်။

“ တစ်ချို့ဟာကလာပြရင်လည်း ဆရာမတွေက တစ်ခါတစ်လေမရှိဘူးလေ။ အဲ့တာဆိုအခက်အခဲတော်တော်လေးများသွားတယ်။ ဘာလို့လဲဆိုရင် ကျနော်တို့လည်း တစ်ခြားအုပ်စုကလူဖြစ်လို့ ဆရာမရှိလား မရှိဘူးလာဆိုတာမသိဘူးလေ။ မသိတော့ လာရင်းနဲ့အဲ့လို ဆရာမ မရှိတာနဲ့တိုးတယ်။ အဲ့လိုအခက်အခဲအများကြီးရှိပါတယ်။”လို့ သိုသီးဖိုအုပ်စု ဒိုမိုခေါကျေးရွာ လူငယ်ခေါင်းဆောင် ဦးကျော်လွီးဇီ ကပြောပါတယ်။

သိုသီးဖိုအုပ်စု ဒိုမိုခေါကျေးရွာမှာ ဒီနှစ်အတွင်း ကျန်းမာရေးဆေးခန်းတစ်လုံး တည်ဆောက်ပြီးစီးပေမယ့် မဖွင့်သေးတာကြောင့် ကေကောကျေးရွာက ကျန်းမာရေးဆေးပေးခန်း သို့မဟုတ် နီးစပ်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ ဆေးခန်း ကို သွားရောက်ကုသရတယ်လို့ဆိုပါတယ်။

ကေကောအုပ်စုမှာတော့ အစိုးရကျေးလက်ဆေးခန်းတစ်လုံးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဆေးခန်းနှစ်လုံးတည်းသာရှိတယ်လို့သိရပါတယ်။

ကေကောအုပ်စု၊ သိုသီးဖိုအုပ်စုနဲ့ ရော်ဒေါ်ခေါအုပ်စု တွေမှာ ပရဲ့လူမျိုးစုတွေ အများစုနေထိုင်ရာဒေသဖြစ်ပြီးတော့ လူဦးရေ ၅၀၀၀ နဲ့ ၇၀၀၀ အကြားရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts