spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ရိက္ခာတွေနဲ့ ကလေးဘောင်းဘီအနွေးထည် လိုအပ်လျက်ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ဆောင်းတွင်း ရက်ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ ကလေးဘောင်းဘီအနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။


ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ လူဦးရေ ၁၅၀၀ ကျော်ရှိတဲ့အထဲမှာ ထက်ဝက်ကျော်ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပြီး အသက် ၁၂အောက်ကလေးငယ်တွေအတွက် အနွေးထည် ဘောင်းဘီရှည်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။


“ဘောင်းဘီနဲ့ ပတ်သက်လာရင်တော့ ကလေးတွေက ဒီမှာလည်း အဲ့ဒီဒေသက အရမ်းအေးတော့ ကျမတို့လည်း အတူတူနေတယ်ပေါ့နော။ တော်တော်များများက တစ်ယောက်လည်း ဘောင်းဘီမရှိ နှစ်ယောက်လည်း ဘောင်းဘီမရှိ တော်တော်များများက အားကစားဘောင်းဘီနဲ့ဘဲ သူတို့နေနေရခါကျတော့။”

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ကျေးရွာပေါင်း ၆၀ကျော်က လူဦးရေ ၆ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ယခုအချိန်အထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။


အားလုံးက ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး အရပ်သားတွေ မီးရှို့သတ်ဖြတ်ခံရတဲ့ ကိစ္စ ရပ်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဖရူဆိုမြို့ပေါ်နဲ့ အနီးအနားက ကျေးရွာတွေက ဖြစ်ကြပါတယ်။


စစ်ကောင်စီက ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ရီခီးဘူး စစ်ဘေးရှောင်က ၁၇ ရက်နေ့ မနက်မှာ ဗုံကျဲတိုက်ခိုက်ခံရတဲ့နောက် စစ်ဘေးရှောင်လာကြတဲ့ ပြည်သူအပါအဝင် ရွာခံတွေကလည်း နီးစပ်ရာ ကယ်ဆယ်နေရာချထားပေးတဲ့နေရာမှာ နေကြသလို တောထဲတောင်ထဲ တနေရာပြီး တနေရာ ရွှေ့ပြောင်း နေနေကြရလို့ စားနပ်ရိက္ခာတွေလည်းလိုအပ်လျက်ရှိနေပါတယ်။


စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက“ စစ်ရှောင်တွေကိုပေါ့နော။ ကူညီထောက်ပံ့မှုတွေ ပိုလိုအပ်တယ်ပေါ့နော။ နောက်ပိုင်းလည်း ပိုပြီးတော့ စစ်ရှောင်တွေ များလာတယ်။ ပြီးတော့မှ တစ်နေရာ တစ်နေရာ ရွေ့တဲ့ဟာမျိုးတွေ ဒီနေရာ မလုံခြုံလို့ နောက်တစ်နေရာရွေ့တယ်။ စသည်ဖြင့် ရွာ ကိုယ်တိုင်ကလည်း အဲ့လိုမျိုးပေါ့နော။ မလုံခြုံတဲ့ ရွာကိုယ်တိုင်ကလည်း ရွေ့တာရှိတယ်ပေါ့နော။ နောက် စားနပ်ရိက္ခာအပြင် မိုးကာတွေ အိမ်သာခွက် စသည်ဖြင့် အသုံးအဆောင်တွေတချို့လည်း လိုအပ်ချက်တွေ ရှိတယ်ပေါ့နော။” လို့ပြောပါတယ်။

စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ သယ်ယူတဲ့အချိန်မှာ လုံခြုံရေးအရ စိုးရိမ်တာတွေ ရှိနေတဲ့အတွက် ရိက္ခာစုဆောင်းပေးနိုင်ခြင်းမရှိသေးဘူးလို့ စစ်ရှောင်ကူညီသူက ဆက်ပြောပါတယ်။

“ စားနပ်ရိက္ခာအနေနဲ့ကတော့ တစ်ရာ ရာခိုင်နှုန်းကတော့ ဖြေရှင်းနိုင်တာတော့ မရှိဘူးပေါ့နော။ ဒါပေမယ့် ကော်မတီကနေ ဖြန့်ပေးတာတစ်ချို့ နောက်တစ်ချို့ကလည်း တစ်ခြားအလှူရှင်ကနေ လာလှူပေးတဲ့ဟာလည်း သူတို့ လောလောဆယ် ဖြေရှင်းရတယ်ပေါ့နော။ တစ်ချို့လည်း ချေးစားတာတို့ အမျိုးတွေဆီကနေ ပြန်ယူစားတာတို့ အဲ့လိုမျိုးပေါ့နော။ တစ်ချို့ကျတော့လည်း အဲ့လိုမျိုး ဖြေရှင်းကြတာလည်း ရှိတယ်။ “

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြောင့် လက်ရှိအချိန်အထိ စစ်ဘေးရှောင် တစ်သိန်းခုနစ်သောင်းကျော်ရှိနေပါတယ်။ စစ်ဘေးရှောင်တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းကို စစ်ဘေးရှောင်တာတွေရှိသလို တောတောင်တွေထဲ စစ်ဘေးရှောင်တာတွေလည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts