spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့မှာ ကျေးရွာအနီးအနား တောမီးလောင်နေတာကြောင့် ဒေသခံများ စိုးရိမ်

CJ(ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဖရူဆိုမြိုနယ်အတွင်းက ကျေးရွာလေးရွာ အနီးအနားမှာ ဖေဖော်ဝါရီလဒုတိယပတ်ကစပြီး တောမီး ရက်ဆက်လောင်နေတာကြောင့် ကျေးရွာအတွင်း မီးကူးစက်မှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့တွင်းနဲ့ မြို့ပတ်လမ်းအနီးအပါအဝင် ကျေးရွာတချို့တွေမှာ စစ်ကောင်စီတပ်စွဲနေရာယူထားပြီး မြေမြှုပ်မိုင်းထောင်ထားခဲ့တာကြောင့် ကျေးရွာဒေသခံတွေဟာ သန့်ရှင်းရေးပြန်မလုပ်နိုင်ကြတာဖြစ်ပါတယ်။

ဒေသခံတွေဟာ နေရပ်မပြန်နိုင်တာ ၂နှစ်ကျော်ရှိနေပြီး တောမီး၊ ရှို့မီးတွေကတဆင့် ကျန်ခဲ့တဲ့နေအိမ်တွေ မီးလောင်သွားမှာကို စိုးရိမ်နေကြတာပါ။

ဖရူဆိုက ကျေးရွာတချိုမှာတော့ “သတ်မှတ်ဧရိယာအတွင်း မီးသတိပြုဖို့ ၊ မီး အန္တာရာယ် ကာကွယ်တားဆီးနိုင်ဖို့၊ တောမီးမရှို့ဖို့” လိုက်လံတားမြစ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖရူဆို၊ မြန်မာ့ဆက်သွယ်ရေးရုံး အနီးမှာ တောမီးလောင်ရာကနေ လူနေအိမ် တချို့ မီးလောင်သွားတာ ရှိခဲ့ဖူးပါတယ်။ နှစ်စဉ် ဖရူဆိုမြို့နယ်အတွင်းမှာ တောမီးလောင်မှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

spot_img