spot_img
Monday, March 27, 2023
spot_img

ဖရူဆိုမြို့ စစ်ရှောင်စခန်းတစ်နေရာမှာ လူမှုကယ်ဆယ်ရေးသင်တန်း ၁၀ရက် ဖွင့်လှစ်ခဲ့

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ဖရူဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ( Kayah Rescue ) ကယ်ဆယ်ရေးအဖွဲ့အောက်က ဖရူဆိုကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ ထီးဆိုဒူးကယ်ဆယ်ရေးအဖွဲ့ကနေပြီး နိုင်ငံတကာအဆင့်မှီအရေးပေါ်အသက်ကယ်နည်း ဆင့်ပွားသင်တန်း Level -1 ကို ဩဂုတ်လ ၂၂ရက်နေ့ကနေ ၃၁ရက်နေ့အထိ ၁၀ရက်သာ ဖွင့်လှစ်ခဲ့ပါတယ်။

“ သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်က ကျမတို့ကစစ်ရေး၊ စစ်ရေးစစ်ရာဖြစ်လာပြီလေးနော။ ကျမတို့ ကလေးတွေ mission တွေ ဘာတွေလုပ်တဲ့အခါကျရင် ကယ်ဆယ်ရေးပညာမရှိတဲ့အတွက် ကျမတို့ဘက်ကနေ တအားနဲ့ ဒုက္ခရောက်တာတွေ ရှိခဲ့တယ်။ ကျမတို့က ဒါအရေးပေါ်ပေးရမယ့် အခြေအနေပဲလို့ သုံးသပ်တယ်။ သုံးသပ်ပြီးတော့မှ ကျမတို့ နည်းပြတွေကိုခေါ်တယ်။ ကြက်ခြေနီအဖွဲ့တွေပါတယ်။ သူနာပြုတွေပါတယ်။ ကျမတို့ ကယ်ဆယ်ရေးအဖွဲ့တွေပါမယ်။ ပေါင်းပြီးတော့မှ နည်းပညာသုံးခုပေါင်းပြီးတော့မှ ကျမတို့ ပေးထားတာဖြစ်ပါတယ်။” လို့ သင်တန်းမှူးဖြစ်တဲ့ ဒေါ်အက်ဂနက်စုစုအေးက ပြောပါတယ်။

သင်တန်းမှာ နည်းပြ ၇ယောက်နဲ့ သင်တန်းသူ/သား ၄၁ယောက် တက်ရောက်ကြပြီး စစ်ရှောင်တွေအပြင်အနီးအနားကျေးရွာက သူတွေလည်း ပါဝင်တက်ရောက်ကြတာဖြစ်ပါတယ်။ လက်ရှိကာလမှာ လက်တွေအသုံးဝင်တဲ့အတွက် အများကြီး ဆက်လက်ဖွင့်လှစ်စေချင်တယ်လို့ သင်တန်းတက်ရောက်သူတွေက ဆိုပါတယ်။

“ ကျမရလိုက်တာတွေကတော့ လူတစ်ယောက်ရဲ့အသက်ကို မဆုံးရှုံးသင့်ဘဲနဲ့ ဆုံးရှုံးလိုက်ရတဲ့ အဖြစ်မျိုးတွေ မဖြစ်အောင် ကာကွယ်နည်းတွေ ရလိုက်နိုင်တယ်ပေါ့။ အနည်းဆုံးတော့ ကိုယ့်မိသားစုကိုတော့ ကာကွယ်နိုင်မယ်လို့တော့ မျှော်လင့်ထားတယ်ပေါ့နော။” လို့ သင်တန်းမှာ ပါဝင်တက်ရောက်ခဲ့ပြီး စစ်ရှောင်တစ်ဦးလည်းဖြစ်တဲ့ ဒေါ်ခင်ချောစုလှိုင်ထွေးက ဆိုပါတယ်။

လူမှုကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်တာ ယခုအကြိမ်အပါအဝင် တတိယအကြိမ် ရှိပြီဖြစ်ပြီး ဖရူဆိုမြို့နယ်အတွင်းမှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၁ခုနှစ် ဇန်နဝါရီလအတွင်းမှာ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဒုတိယအကြိမ် ဖွင့်လှစ်တာမပြီးခင် အာဏာသိမ်းသွားတာဖြစ်ပြီး ယခုတတိယအကြိမ် ပြန်လည်ဖွင့်လှစ်နေတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မှလည်း စစ်ရှောင်နေရာတွေမှာ ထပ်မံဖွင့်လှစ်သွားဖို့ ကြိုးစားနေတယ်လို့ သင်တန်းမှူး ဒေါ်အက်ဂနက်စုစုအေးက ဆိုပါတယ်။

“ သင်တန်းပေးနိုင်ဖို့အတွက် ကျမတို့အတွက် အများကြီး ခွန်အားလိုပါတယ်ပေါ့နော။ အထောက်အပံ့တွေလည်း အများကြီးလိုပါတယ်။ အခုဒီသင်တန်းကိုလည်း ကျမဘယ်အထောက်အပံ့မှ မရှိပဲ ဖွင့်လှစ်လိုက်တာ ကျမတို့အတွက် အရမ်ကြီးခက်ခဲတယ်။ ပင်ပန်းရတာပေါ့နော။ စိတ်လည်းပင်ပန်းတယ်။ အပူအပင်တွေတအားများတယ်ပေါ့နော။ နောက်သင်တန်းတွေအတွက် ကျမ ထပ်ဖွင့်ဖို့ ကြိုးစားမယ်ဆိုလို့ရှိရင် ကျမကို ထောက်ပံ့ကြပါ။ ကူညီကြပါလို့ အကူအညီတောင်းချင်ပါတယ်ပေါ့နော။” လို့ ဒေါ်အက်ဂနက်စုစုအေးက ပြောပါတယ်။

သင်တန်းပို့ချဖို့အတွက် လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ပြန်လည်ဝယ်ယူရပြီး တချို့ သင်ခန်းစာတွေကိုလည်း အလွတ်သင်ကြားနေရတာတွေလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။ သင်တန်းမှာ ကယ်ဆယ်ရေးနည်း ၄၀ကျော် ပို့ချပေးခဲ့တာဖြစ်ပြီး နောက်ဆုံးအဖွဲ့လိုက် ပြန်လည်ယှဉ်ပြိုင်တဲ့နေရာမှာတော့ ကယ်ဆယ်ရေးနည်း ၂၆နည်းကို အဓိက ယှဉ်ပြိုင်ပြီး ဆန်းစစ်ခဲ့တယ်လို့ သိရပါတယ်။

လူမှုကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်မှု သုံးကြိမ်အတွင်း စုစုပေါင်း သင်တန်းသား ၁၄၉ဦးကို ပို့ချပေးခဲ့တာ ဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...