spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့ သံလွင်အရှေ့ဖက်ခြမ်းမှာ တိုက်ပွဲပိုမိုပြင်းထန်နိုင်တဲ့အတွက် သွားလာခြင်းမပြုဖို့ ဖားဆောင်းPDFအသိပေး

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇွန်လ ၁၆ရက်) ဖားဆောင်းမြို့ သံလွင်အရှေ့ဖက်ခြမ်း မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပြီး တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ဖားဆောင်းမြို့ သံလွင်အရှေ့ဖက်ခြမ်း ကို မသွားလာဖို့ ဖားဆောင်းPDFက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

ဖားဆောင်းမြို့ထဲမှာတော့ တိုက်ပွဲဖြစ်ပွားတာတွေ မရှိသေးပေမယ့် ဒေသခံတချို့ ကြိုတင်တိမ်းရှောင်နေကြတာလည်း ရှိနေပါတယ်။

“ မသွားလာတာတော့ အကောင်းဆုံးပဲ။ ပြီးတော့ သွားလာလို့လည်းမရတော့ဘူးပေါ့ ဟိုးဖက် တော်လှန်ရေးသမားတွေလည်း သူတို့ ပေးမသွားခိုင်းဘူး။ ဒီဖက် ပိုင်းလည်း ဖားဆောင်းကနေဆို သံလွင်တံတားပဲကူးသွားရတယ်။ တောင်ယာလုပ်တဲ့သူတွေတောင်မှ ပြန်လာရင် တံတားကိုဖြတ်ပြီးတော့မှ ပြန်မလာရဲဘူး။ သူတို့ လှေနဲ့ပဲ ပြန်လာကြတယ်လေ။ တိုက်ပွဲဖြစ်တုန်း တောင်ယာလုပ်လို့ ဟိုးမာခံနေတဲ့လူတွေအဲလို။ တံတားပေါ် ဖြတ်သွားဖြတ်လာလို့ အဆင်မပြေနိုင်ဘူးပေါ့။ စစ်သားတွေကရှိတယ်ကော ပြီးတော့ သူတို့ စစ်ကြောင်းထိုးသွားတယ်ပြောတယ်မနေ့က။ စစ်ကြောင်းထိုးတော့ တိုက်ပွဲဖြစ်တယ်ပြောတယ်။ မြို့ထဲမှာတော့ သေနတ်သံတွေ ကြားတယ်ပေါ့။ “ လို့ ဖားဆောင်းမြို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။

ဇွန်လ (၁၅)ရက်နေ့ မှာ ဘောလခဲမြို့ကနေ ဖားဆောင်းမြို့ကို စစ်ကောင်စီဖက် ဒန်ဘာကား ၅စီးနဲ့ လူ အင်အား(၂၀၀)ခန့် ၊ လက်နက် ရိက္ခာအပြည့်အစုံ ချီတက်လာတာတွေရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ရက်နေ့ည (၇)နာရီ မှာလည်း ဖားဆောင်းမြို့ သံလွင်အရှေ့ဖက်ခြမ်းကို စစ်ကောင်စီက လေယာဉ်နဲ့ ၃ကြိမ် ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီး ပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

spot_img
spot_img