spot_img
Sunday, September 24, 2023
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့ သံလွင်အရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ လေယာဉ်နဲ့ တိုက်ခိုက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖားဆောင်းမြို့နယ် သံလွင်တံတားအရှေ့ဘက်ခြမ်းရှိ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဇူလိုင်လ ၂၆ရက်နေ့ မနက်ပိုင်းမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့ မနက် (၁၀)နာရီဝန်းကျင်အချိန်မှာ သံလွင်တံတားအရှေ့ဘက်ခြမ်းရှိ ကျောက်ပန်းညိုနဲ့ ကျောက်စုကျေးရွာအကြားမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ လေကြောင်းပစ်ကူလာတယ်။ မနက်ပိုင်းကနှစ်ခေါက်လောက်လာတယ် ညနေပိုင်းက နှစ်ခေါက်လောက်လာပါတယ်။ မနက်ပိုင်းက (၁၂)နာရီခွဲ ညနေက (၃)နာရီခွဲလောက်လာတယ်” လို့ဖားဆောင်းဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းပစ်ကူအပြင် ဖားဆောင်းမြို့နယ်အခြေစိုက် ခလရ (၁၃၅)တပ်ကနေ လက်နက်ကြီးပစ်ကူပေးတာရှိတယ်လို့ ဆိုပါတယ်။ ဖားဆောင်းမြို့နယ် သံလွင်တံတားအရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ရက်နေ့ကစပြီး အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာပါ။ နယ်မြေစိုးမိုးနိုင်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာလို့ ဖားဆောင်း PDF က ပြောဆိုထားပါတယ်။

ဖားဆောင်းဒေသခံတွေရဲ့ ပြောပြချက်အရ ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖားဆောင်းမြို့ထဲကို ရဟတ်ယာဉ်တွေနဲ့ စစ်ကောင်စီ အင်အားပို့ထားတယ်လို့ ပြောဆိုကြပါတယ်။ ဖားဆောင်းမြို့ပေါ်နဲ့ အနီးအနားက ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်ကစပြီး တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့ပေါ်မှာ ဒေသခံအနည်းငယ်သာ ကျန်ရစ်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Recent posts