spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သက်၍ ဖမ်းဆီး၊ တရားစွဲဆိုခံရသော လူငယ်များနှင့်အတူ ရပ်တည်ကြောင်း ကယားလီဖုလူငယ် သဘောထားထုတ်ပြန်

Author

Date

Category

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်နဲ့ ပတ်သက်၍ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁ဝ ဖြင့် တရားစွဲဆိုခံနေရတဲ့ ကရင်နီလူငယ် ၆ ဦးနှင့်အတူ ရပ်တည်ကြောင်း ကယားလီဖုလူငယ်မှ သဘောထားထုတ်ပြန်ခဲ့သည်။

“သမိုင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားစွဲခံရတဲ့ လူငယ် ၆ ဦးအနေနဲ့ သမိုင်းဆိုတာ သူတို့နဲ့ပဲ ဆိုင်တာ မဟုတ်ဘူးလေ အားလုံးနဲ့ ဆိုင်တယ် တစ်မျိုးသားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့အကြောင်း။ အဓိကကတော့ ဝန်ကြီးချုပ်နဲ့ ဦးမော်မော်က သူတို့ရဲ့ အငြိုးထားကြီးတယ်ဆိုတဲ့အပေါ်မှာ တားဂတ်ထားပြီး ထုတ်ရခြင်းဖြစ်တယ်။ လူငယ် ၆ ဦးနဲ့အတူ ရပ်တည်သွားမယ်” ဟု ကေ့ဖိုးဒူ ကယားလီဖုလူငယ် ဥက္ကဌ ခူးတူရယ် က ပြောသည်။

ကယားလီဖုလူငယ်အဖွဲ့တွင် ကေ့ဖိုးဒူ ကယားလီဖုလူငယ်၊ မေ့ဘူးဒီးလေ့ ကယားလီဖုလူငယ်၊ ဖေစိုးလေး ကယားလီဖုလူငယ်၊ ကေ့ထျိုးထျာ ကယားလီဖုလူငယ် နှင့် ဘိုးဖိုးဒူ ကယားလီဖုလူငယ် တို့ ပါဝင်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့မှ ကရင်နီလူငယ် ၆ ဦးကို မတရားဖမ်းဆီး၊ စွဲဆိုနေခြင်းသည် ၎င်းတို့၏ ကရင်နီလူငယ်အပေါ် မကျေနပ်ခြင်းနှင့် အငြိုးအတေးကြီးခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဝန်ကြီးချုပ်နှင့် ဝန်ကြီးဦးမော်မော်ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် မတ်လ ၂၅ရက်နေ့က လူငယ် ၆ ဦး မှ သတ်မှတ်ကြေညာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကရင်နီလူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်မှ လွိုင်ကော်မြို့မရဲ့စခန်းသို့ မေလ ၁ရရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

လူငယ် ၆ ဦးကို အမှု အလိုရှိသူအဖြစ် ထုတ်ပြန်ထားပြီး လူငယ် ၁ ဦးမှာ ဇွန်လ ၂ ရက်နေ့ ဖမ်းဆီးမိပြီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် လူငယ်တစ်ဦးကို တရားရုံးမှာ ရမန်ယူပြီးနောက်  လွိုင်ကော်အကျဉ်းထောင်သို့  ပြောင်းရွေ့ထိန်းထိမ်းနေသည်။

၎င်းတို့၏လုပ်ရပ်များကို ကယားလီဖုလူငယ်ထုမှ အပြင်းအထန် ရှုပ်ချပြီး တရားစွဲဆိုထားသည့်အမှုကို ပြန်လည်ရုပ်သိမ်းပေးရန် အလေးအနက်တောင်းဆိုထားသည်။

Advertisement

ဖမ်းဝရမ်းထုတ်ပြီး မတရားဖမ်းဆီး၊ စွဲဆိုခံနေရသည့် လူငယ် ၆ ဦး၏အမှုအား ပြန်လည် မရုပ်မသိမ်းမချင်း ထိုကရင်နီလူငယ် (၆) ဦး ထုတ်ပြန်ကြေငြာစာအပေါ်တွင် ပါဝင်လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး လုံးဝအတူ ရပ်တည်သွားမည်ဖြစ်ကြောင့် သဘောထားထုတ်ပြန်ခဲ့သည်။

“အဲဒီကြေငြာချက်ထုတ်ပြီး လက်မှတ်ထိုးခဲ့တဲ့အတွက် တရာစွဲခံရတယ်ဆိုတော့ ကျတော်တု့ိအနနဲ့ အဲဒီကြေငြာချက်စာရွက်ပေါ်မှာပဲ ကျေးရွာတွေမှာ ဒီနိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတွေ အားလုံးအပေါ်မှာ စည်းရုံးပြီး လက်မှတ်ထပ်ထိုးမယ်။ အမှုမရုတ်မသိမ်းမချင်း ဒီလုပ်ရှားမှုကို ဆက်လုပ်သွားမယ်” ခူးတူရယ်က ဆက်ပြောသည်။

လူငယ် ၆ ဦး ထုတ်ပြန်ထားသည့် စာရွက်အပေါ်တွင် အမှုမရုတ်မသိမ်းမချင်း ရပ်တည်ကြောင်း ထပ်မံလက်မှတ်ထိုးသွားရန်ရှိပြီး လက်ရှိအချိန်တွင် ပါဝင် လက်မှတ်ရေးထိုးသူ ၈ဝကျော်အထိ ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်.

ထို့ပြင် ဇွန်လ ရ ရက်နေ့တွင်လည်း လက်ရှိ တရားစွဲဆိုခံနေရသည့် လူငယ်၆ဦး နှင့်အတူ ရပ်တည်ကြောင်း ကရင်နီလူငယ် ၉ ဦး မှလည်း သဘောထား ထုတ်ပြန်ကြေညာခဲ့သည်။

ကယားလီဖုလူငယ် သဘောထားထုတ်ပြန် ကြေငြာချက်
ကယားလီဖုလူငယ် သဘောထားထုတ်ပြန်ကြေငြာချက်
spot_img
spot_img

Recent posts