spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်အစီအစဉ် ကန့်ကွက်ကြောင်း ပြည်နယ်အစိုးရထံ အိတ်ဖွင့်စာပေးပို့

Author

Date

Category

မူအက်စတာ

ပြည်နယ်အစိုးရမှ လက်ရှိတည်ဆောက်နေသော ရုပ်ထုအား ချက်ခြင်းရပ်တန့်ရန်နှင့် မရပ်တန့်ပါက နောက်ပိုင်းဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူမည်မဟုတ်ကြောင်း ပြည်နယ်အတွင်းရှိ လူထုအသင်းအဖွဲ့မှ အစိုးရထံသို့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ယနေ့ ၂၀၁၈ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခဲ့သည်။

အဓိကက ဒီရုပ်ထုလုပ်ဖို့ကိစ္စကို ပြည်သူတွေကို  မချပြဘူး၊ လူထုသဘောမကောက်ယူဘူး၊ လွှတ်တော်သဘောထားကိုလည်း မရယူဘူးပေါ့နော။ နောက်တစ်ခုက ဒီရုပ်ထုကို ထောင်လိုက်ခြင်းအားဖြင့် ဒီနိုင်ငံရေး အမျိုးသားရေး သမိုင်းအရ နောက်လူမျိုးစုတွေကြား ရှုပ်ထွေးမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ကန့်ကွက်တယ်၊ နောက်ပြီး ဒီပြည်နယ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့က တိုက်ရိုက်သက်ဆိုင်တာလည်း မဟုတ်ဘူးပေါ့နော။ ကျွန်တော်တို့ပြည်နယ်က သမိုင်းအရ သီးခြားလွတ်လပ်တယ်၊ နောက်သူ့အမျိုးသားရေး အမှတ်သရုပ်က သူများနဲ့မတူဘူးပေါ့နော။ အဲ့ဒါကို မသုံးသပ်ပဲနဲ့ အဲ့လိုလုပ်တယ်ဆိုတော့ ဒါကဟို မှားယွင်းတဲ့လုပ်ရပ်ဖြစ်တဲ့အတွက်တော့ ကျွန်တော်တို့ကန့်ကွက်တယ်ပေါ့နော။ဟု ၎င်းအိတ်ဖွင့်ပေးစာပေးပို့ရာတွင် ပါဝင်သည့် ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂမှ ကိုစစ်မုန်း ဒီးဒီက ပြောသည်။ 

အိတ်ဖွင့်ပေးစာတွင် ကရင်နီပြည်နယ်သည် သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်စွာတည်ရှိခဲ့သည်ကို ဗမာဘုရင်ကိုယ်စားလှယ် ကင်းဝန်မင်းကြီး ဦးကောင်းနှင့် အင်္ဂလိပ်ဘက်မှ ကိုယ်စားလှယ် ဆာဒေါကလပ်ဖောဆစ်တို့ လက်မှတ်ရေးထိုးခဲ့သည့် သမိုင်းမှတ်တမ်းတွင် အထင်အရှားရှိနေသည်။ 

၁၉၄ရ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်တွင်လည်း ကရင်နီပြည်သည် လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပါ။ ဗမာပြည်မနှင့် ပေါင်းသင့် မပေါင်းသင့်ဆိုသည့်ပြဿနာကြောင့် ကရင်နီလက်နက်ကိုင်တော်လှန်ရေးများ ဖြစ်ပေါ်လာရာ ကရင်နီပြည်ခေါင်းဆောင်များနှင့် သဘောထားကွဲလွဲရာ ယနေ့ထိ ပြည်တွင်းစစ်ဖြစ်ပွားနေခဲ့သည်။

ကယား(ကရင်နီ)ပြည်နယ်၏ နိုင်ငံရေးနှင့် အမျိုးသားရေးဆိုင်ရာ ရည်မှန်းချက်များမရရှိသေးဘဲ ခေတ်အဆက်ဆက်မှ အုပ်ချုပ်သူများမှလည်း ဗိုလ်ချုပ်အောင်ဆန်း လာရောက်စည်းရုံးခဲ့စဉ်ပြောကြားခဲ့သော တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ၊ လက်တွေ့ကျသော အာမခံချက်များ မလိုက်နာဘဲ ဖျက်ဆီးခဲ့သည်။

လက်ရှိငြိမ်းချမ်းရေးမှာလည်း ရေရာမှုမရှိသေးဘဲ ရုပ်ထုလာရောက်ထားထားလျှင် နိုင်ငံရေး၊ အမျိုးသားရေး၊ တိုင်းရင်းသားအရေးတို့ကို ကွဲပြားစေနိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးအပိုင်းတွင်လည်း နှစ်ဦးနှစ်ဖက် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာစေနိုင်သည်။

ထို့ကြောင့်ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု မထားမီပြန်လည်ဆန်းစစ်ရန်နှင့် လူထုများမှ နိုင်ငံရေးအရ၊ အမျိုးသားရေးအရ ကန့်ကွက်ကြောင်း ပါရှိသည်။ 

ကြေးရုပ်ထုဆက်လက်ထားရှိလျှင် နောက်ပိုင်းတွင် အစိုးရသည် ကြီးမားသည့် လူထုလှုပ်ရှားမှုနှင့် တွေ့ကြုံရမည်ဖြစ်ပြီး အစိုးရကိုဆန့်ကျင်မှုများ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ကြောင်း အိတ်ဖွင့်စာပေးပေးရခြင်းဖြစ်ကြောင်း ပါရှိပါသည်။ 

အစိုးရကိုပဲဦးတည်တယ်၊ ဘာကြောင့်လဲဆိုရင် တာဝန်ယူဆောက်နေတာကလည်း အစိုးရပဲဖြစ်နေလို့ဟု ကိုစစ်မုန်း ဒီးဒီက ဆက်ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထုကို မွန်ပြည်နယ်မှ ကြေးသွန်းပညာရှင်က သွန်းလုပ်ပေးသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရရံပုံငွေနှင့် ပြင်ပအလှူရှင်များထံမှ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ကျပ် သိန်းပေါင်း ၅၀ဝကျော်ခန့် ကျခံသုံးစွဲသွားမည်ဖြစ်ပြီး လာမည့် ဇူလိုင်လ ၁၉ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းလည်း သိရသည်။

spot_img
spot_img

Recent posts