spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖရူဆိုမြို့ တော်ခူအုပ်စုက ဒေသခံ တစ်သောင်း ထပ်မံစစ်ရှောင်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့ နယ် နဲ့ ဘောလခဲမြို့ နယ်အစပ်မှာရှိတဲ့ တော်ခူအုပ်စုအတွင်း စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်သောင်း ထပ်မံ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

“ ကျနော်တို့ ခန့်မှန်း လူဦးရေကတော့ တစ်သောင်းပေါ့နော်။ တစ်သောင်း ထပ်မံထပ်ရှောင်နေရတာပေါ့နော်။ အခုက တော်ခူအုပ်စု အထိပါ။ ကျနော်တို့ ဒီ ဗုံးကြဲခြင်းခံရတာကြောင့်မလို့ အဲ့ဒီ တော်ခူအုပ်စု ရောက်နေပြီး စစ်ရှောင်တွေလဲ ရွာသူရွာသားနဲ့အတူ ထပ်ပြီးတော့မှ တောတောင်ထဲမှာ ထပ်ရှောင်နေရတာရှိတာပေါ့။ အဲ့ တစ်သောင်းက ဒီအထူး အသစ် သီးသန့်ပေါ့နော်။ တစ်ခါမှ မရှောင်ဖူးတဲ့သူတွေ တစ်သောင်းထပ်ရှောင်တယ် ” လို့  ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းနဲ့ နန်းဖဲကျေးရွာအနီးမှာ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုတွေ နဲ့ လက်နက်ကြီးပစ်ခတ်မှုကိုလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ထပ်မံစစ်ရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေအတွက် လတ်တလော  အစားအသောက်တွေအတွက် အခက်အခဲ ရှိသလို အမိုးအကာနဲ့ ဆေးဝါးတွေလဲ လိုအပ်နေတယ်လို ဦးဗညာက ဆက်ပြောပါတယ်။

“ လောလောဆယ် စားဝတ်နေရေး အခက်ခဲတွေရှိတယ်။ အမိုးအကာ အခက်ခဲတွေ ရှိတယ်။ ဒါက နောက်ဆေးဝါးပေါ့နော် လိုအပ်ချက်တွေရှိတဲ့ ကျောင်းတွေ တော်တော်များများ ပိတ်ရတဲ့အတွက်ကြောင့်မလို့ ကလေးတွေလဲ ကျောင်းမသွားနိုင်တဲ့ အခြေအနေမှာရှိပါတယ် “ လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က တော်ခူအုပ်စုထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် စာသင်ကျောင်းဆောင် ပျက်စီးခဲ့ရပါတယ်။စစ်ကောင်စီဟာ စစ်ကြောင်းထိုးရင်း ဝင်ရောက်လာတဲ့ ကျေးရွာတွေမှာ မိုင်းတွေ ထောင်ထားတာရှိတာကြောင့် ကျေးရွာသားတွေအနေနဲ့ နေရပ်ပြန်မလာကြသေးဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထားတာရှိပါတယ်။

ဖရူဆိုမြို့နယ် တော်ခူအုပ်စုမှ ကျေးရွာပေါင်း ၁၁ ရွာရှိပြီး စစ်ရှောင်ရတဲ့ ကျေးရွာ အနည်းဆုံး ၅ ရွာလောက်ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts