spot_imgspot_imgspot_imgspot_img
Thursday, March 27, 2025
spot_imgspot_imgspot_imgspot_img

မနေ့က ထူလွီးဘီလာတိုက်ပွဲမှာ နှစ်ဖက် အကျအဆုံးရှိခဲ့

ကန္တာရဝတီတိုင်း(မ်)

ထူလွီးဘီလာ၊ ငွေတောင်ရွာသစ် ကားလမ်းမ ပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မနေ့က(ဧပြီ ၄ရက်) တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KNDF B-19က ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဖက် ၃ဦးသေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဖက်လည်း အကျအဆုံးရှိခဲ့ပြီး KNDF B-01မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေကနေပြီး အိမ်စီးကားတွေနဲ့ တပ်သားတွေကို ပို့ဆောင်ဖြတ်သန်းတာတွေ၊ ထူလွီးဘီလာ ကျေးရွာထဲ ဝင်ရောက် မီးရှို့တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ရက်နေ့မှာ ထူးလွှီးဘီလာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းကာလအတွင်း ကျဆုံးသွားခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော် (၁၀၁)ဦးရှိခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက ဧပြီ(၃)ရက်နေ့က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img