ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ်၊ ဘောလခဲခရိုင်မယ်စဲ့မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်စိုင်းလှအောင် ဦးစီးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၆ ရက်နေ့လည် ၂ နာရီက သတင်းအရ အိုက်ထွန်း(ခ)ကိုထွန်း(၅၃)နှစ် ဟိုစဲ့ကျေးရွာနေသူ၏ နေအိမ်အားဝင်ရောက် ရှာဖွေခဲ့သည်။
အဆိုပါ နေအိမ်အိပ်ခန်းအတွင်း ပစ္စည်းများတင်သည့် စင်ပေါ်ရှိ ထုံးဗူးအတွင်း အပြာရောင်ပလပ်စတစ်ဖြင့် ထုပ်ထားသည့် WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၆ ပြား၊ အစိမ်းရောင်ဆေးပြား ၁ ပြားဈ စုစုပေါင်း၁၃ရပြားနှင့် အလေးချိန် ၂၈၅.၇၆ ဂရမ်ရှိသော ဘိန်းစိမ်း အစေး ၁၇.၅ကျပ်သား၊ ငွေစက္ကူရောရာ ၇၀၃၀၀ဝ ကျပ်နှင့် ထိုင်းဘတ်ငွေ ၈၃၇၂ ဘတ် သိမ်းဆည်းရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အိုက်ထွန်း(ခ)ကိုထွန်းအား မယ်စဲ့မြို့မရဲစခန်းက ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။