spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲ့ စစ်ဘေးရှောင်ဦးရေ နေ့စဉ်တိုးလာနေပြီး ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေများနေတယ်လို့ KNWO ပြော

Author

Date

Category

ထွေးထွေး/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် မယ်စဲ့မြို့နယ် အတွင်းမှာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်အရေအတွက်တွေ နေ့စဉ်တိုးလာနေပြီး သူတို့အတွက် ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ များနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ရဲ့ ဒု ဥက္ကဌ မော်နိုမြာ ကပြောပါတယ်။

“အခုလက်ရှိကတော့ စစ်ရှောင်တွေလည်း တစ်ရက်ပြီးတစ်ရက် တိုးလာနေတဲ့ အပေါ်မှာ ဆိုရင် မိုးကာတွေလည်း မလုံမလောက်ဘူး။ ပြီးတော့မှ ဒီ ခြင်ထောင်တို့ ပြီးတော့ ဒီမနက်ပဲ သတင်းရရှိတာတော့ ဘယ်လိုပြောမလဲ ဒီဆေးနဲ့ ပတ်သက်ပြီး ဆေးကုသမှုနဲ့ ပတ်သက်ပြီး တော်တော်လေး အခက်ခဲရှိတယ်။ ဆိုတော့ အဲ့ဒီဖက်မှာ ဆိုရင် အများအားဖြင့်က ဒီဗိုက်ကြီးသည်အမျိုးသမီး တွေလည်းရှိတယ်။ ပြီးတော့မှ ဒီဖျားတဲ့ လူတွေလည်း ရှိတယ်။ ပြီးတော့မှ နှလုံးရောဂါတွေ သွေးတိုး အများအားဖြင့် သွေးတိုးရောဂါခံစားရတဲ့ လူတွေကတော့ ပိုများတာပေါ့နော်” လို့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ရဲ့ ဒု ဥက္ကဌ မော်နိုမြာ ကပြောပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံထဲကို ရောက်ရှိနေတဲ့ စစ်ရှောင် ဦးရေ ၅၀၀၀ ကျော်ရှိနေပြီး မယ်စဲ့မြို့နယ် အနီးက တောတောင်ထဲမှာ စစ်ရှောင်နေကြသူ ၁၀၀၀ ဝန်းကျင်ရှိနေတာပါ။
လက်ရှိမှာ မယ်စဲ့မြို့နယ်အတွင်းမှာရှိနေတဲ့ စစ်ရှောင်တွေရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပြီး စားနပ်ရိက္ခာနဲ့ နေ့စဉ်အသုံးအဆောင်တွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံ အတွင်းကိုရောက်ရှိလာကြတဲ့ စစ်ရှောင်တွေမှာတော့ နေရာထိုင်ခင်းတွေအခက်ခဲရှိနေကြဆဲဖြစ်တယ်လို့ KNWO ဒုဥက္ကဌ ဖြစ်တဲ့ မော်နိုမြာက အခုလို ပြောလာပါတယ်။

“ထိုင်းဖက်က စစ်ရှောင်တွေခါကြတော့ သူတို့က ဒီထိုင်းအာဏာပိုင်ရဲ့ လက်‌အောက်မှာဘဲသူတို့နေရတော့ ဘယ်လိုပြောရမလဲ။ သူတို့ ဒီနေထိုင်တဲ့ နေရာခါကြတော့ မိုးကာတို့ခါကြတော့ ဥပမာ မိသားစုအလိုက် ပေးတာတော့ မရှိဘူးပေါ့နော။ ဥပမာ တစ်ရွာဆိုရင် အမိုးတစ်ခုပဲ အဲ့လိုမျိုးပေါ့နော။ မိုးပေးပြီးတော့မှ သူတို့ စုနေခိုင်းတယ်ပေါ့။ အဲ့ဒီဖက်မှာဆိုရင် မိန်းကလေးဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် သက်ကြီးရွယ်အို အဲ့မှာပဲ ရောနေခိုင်းတယ်ပေါ့နော်။“ လို့ မော်နိုမြာက ပြောပါတယ်။

အခုလက်ရှိ ထိုင်းအာဏာပိုင်ရဲ့လက်အောက်အတွင်းမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ရှောင်တွေအတွက် အကောင်းဆုံးစီမံ ဆောင်ရွက်ပေးနေတာရှိတယ်လို့ ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးဗညားက အခုလို ပြောပါတယ်။

“ကျတော်တို့ ထင်တာကတော့ စားဝတ်နေရေးကို အဓိက ဦးစားပေးတာပေါနော် စားဝတ်နေရေးနဲ့ ကျန်းမာရေးကိုတော့ မဖြစ်မနေ ကျတော်တို့ ခံစားမှုပေါ့ အပြည့်အဝမဟုတ်သည့်တိုင်အောင်လည်း စောနပြောသလိုမျိုးစားဝတ်နေရေး အစာရေစာငတ်ပြတ်မှု ကြောင့် သေဆုံးမှုတွေမဖြစ်အောင်တော့ ကျတော်တို့ အကောင်းဆုံး စီမံဆွဲနေတာတော့ရှိပါတယ်”လို့ ဦးဗညားက ပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့က စပြီး မယ်စဲ့မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက သိမ်းယူခဲ့ပြီးတဲ့နောက်မှာ မယ်စဲ့ဒေသခံတွေအပြင်၊ မယ်စဲ့ကို လာရောက် စစ်ရှောင်နေကြတဲ့ တခြားသောမြို့နယ်က စစ်ဘေးရှောင်တွေက ထပ်ဆင့်စစ်ရှောင်နေကြရတာပါ။

spot_img
spot_img

Recent posts