spot_imgspot_imgspot_imgspot_img
Tuesday, July 15, 2025
spot_imgspot_imgspot_imgspot_img

မယ်စဲ့ စစ်ရှောင်ဦးရေ ၅၀၀၀ ထိရှိလာ၊ စားနပ်ရိက္ခာလိုအပ်နေဆဲဖြစ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်းမှာ ဇွန်လ တတိယပတ်ကစပြီး ဖြစ်ပွားလာခဲ့တဲ့ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်ဦးရေတွေ တိုးလာပြီး လက်ရှိမှာ ၅၀၀၀ ကျော်အထိရှိနေပြီလို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ တည်ထောင်သူ ဦးဗညား ကပြောပါတယ်။

“မယ်စဲ့မှာ နှစ်ထောင်ကျော် အစကတည်းက ရှိထားပြီးသားပဲ။ အခု နယ်ခံနဲ့ပေါင်းလိုက်ရင် သုံးထောင်ကျော်နဲ့ လေးထောင်။ အခုထိုင်းနိုင်ငံထဲ ပေါင်းလိုက်ရင် သုံးထောင်နဲ့ ခုနစ်ရာ ရောက်သွားပြီပေါ့နော။ ကျနော် update သိရသလောက်တော့ နောက်ပြီးတော့ တောထဲမှာလည်း ရှောင်သွားတဲ့လူတွေလည်းရှိတယ်ပေါ့နော။ မယ်စဲ့မြို့နယ်ထဲမှာတော့ ၅ ထောင်မအောက်တော့ဘူးပေါ့နော။ အသစ်အဟောင်းပေါင်းပေါ့နော။” လို့ ဦးဗညားက ပြောပါတယ်။

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်သူတွေထဲက ၃၆၆၉ ဦးဟာ ထိုင်းနယ်စပ်မှာရှိတဲ့ မယ်စရင်းနဲ့ ခွန်ယွန်း စတဲ့ မယ်ဟောင်ဆောင်ခရိုင်တွေကို ရောက်ရှိနေပြီလို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ ထိုင်းအာဏာပိုင်တွေက သူတို့ကို ယာယီနေထိုင်ဖို့ နေရာထိုင်ခင်းနဲ့ အစားအစာတွေကို ထောက်ပံ့ထားတယ်လို့လည်း သတင်းထဲမှာ ဖော်ပြထားပါတယ်။

စစ်ရှောင်လူထုတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ ဆေးဝါး လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီပေးသူတွေက ပြောပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်၊ ကလေးမိခင်နဲ့ ကလေးငယ်တွေအတွက် ဆေးဝါးအထူးလိုအပ်နေတယ်လို့ သိရပါတယ်။

မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်းနယ်စပ်တွေမှာ စစ်ကောင်စီက လူအင်အားနဲ့စားနပ်ရိက္ခာဖြည့်တင်းမှုရှိနေပြီး လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ပစ်ခတ်မှုနဲ့ လေယာဉ်ကင်းထောက်တာတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေဟာ မနေရဲကြတော့ဘဲ ကြိုတင်တိမ်းရှောင်နေကြတာတွေရှိနေပါတယ်။

မယ်စဲ့မြို့အနီး ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဘက်ခြမ်းမှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် လူထုတွေအနေနဲ့ သတိထားသွားလာကြဖို့ ဖားဆောင်း PDF က တိုက်တွန်းထားပါတယ်။

spot_img

Recent posts