spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲရဲစခန်း ဝန်ထမ်းအိမ်ယာ မီးလောင်ပြာကျ

Author

Date

Category

မိုးဗြဲမြို့တွင် စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားပြီး မိုးဗြဲရဲစခန်းဝန်ထမ်းအိမ်ယာမီးလောင်ပြာကျသွားတယ်လို့သိရပါတယ်။

မနက် ၉နာရီခွဲကစပြီး ရဲစခန်းရှေ့မှာ နှစ်ဖက်ပစ်ခတ်မှုတွေရှိ​​ပြီး ရဲစခန်းဝန်ထမ်းအိမ်ယာမီးလောင်သွားတာဖြစ်တယ်လို့ ပစ်ခတ်မှုမှာပါဝင်တဲ့ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

” ရဲစခန်းရဲ့ ဝန်ထမ်းအိမ်ယာအားလုံးမီးလောင်ပြာကျသွားတယ်။ ရဲစခန်းက နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်နေတယ်ကော။ ပစ်ရင်းနဲ့မှန်တယ်နေမှာပါ။ “

မိုးဗြဲမြို့က လူထုတွေရဲ့အိမ်တွေမှာ လက်နက်ကြီးကျရောက်တာတွေရှိနေပြီး ဒေသခံတစ်ဦး လက်နက်ကြီးရှပ်ထိမိပြီး ဆေးကုသမှုခံယူနေပြီး စိုးရိမ်ရတဲ့အခြေအ​နေမရှိဘူးလို့ ပြောပါတယ်။

လက်ရှိအချိန်အထိ နှစ်ဖက်ပစ်ခတ်မှုတွေရှိနေပြီး အကျအဆုံးကိုတော့ တိတိကျကျမသိရသေးပါဘူး။

spot_img
spot_img

Recent posts