spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ််စခန်း အနီးတစ်ဝိုက်မှာ နင်းမိုင်း အများအပြားထောင်ထားဟု ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အနီးမှာတည်ရှိတဲ့ စစ်ကောင်စီ အခြေစိုက် ခမရ ၄၂၂ တပ်စခန်းအနီးတစ်ဝိုက်မှာ တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်မှု မပြုလုပ်နိုင်အောင် နင်းမိုင်း အများအပြားထောင်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အဆိုပါ ၄၂၂ တပ်စခန်းကို ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းက စပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့ တွေအပါအဝင် မိုးဗြဲ-ဖယ်ခုံတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ကူအင်အား နဲ့ လေကြောင်းတိုက်ခိုက်မှု အဆမတန် အသုံးပြုတာကြောင့် သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက ခံစစ် အခိုင်အမာ ပြင်ဆင်ထားသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကလည်း ဝင်ရောက် တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းရဲ့တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“ လက်ရှိတော့ အခြေနေတွေ ထူးခြားမှုမရှိပါဘူးဗျ။ တိုက်ပွဲကြီးကြီးမားမား ပြင်းထန်နေတာတော့မရှိဘူး ပုံမှန်ပဲ ကြိုကြားပေါ့” လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

လတ်တလော မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်မှုတွေမရှိပေမဲ့ အချိန်မရွေး တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်လို့ မိုးဗြဲ PDF တပ်ရင်း ၁ ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“လက်ရှိမိုးဗြဲ အခြေစိုက် ၄၂၂ တပ်စခန်းအခြေအနေကတော့ သူတို့တော့ ဒီ ခံတပ်အပြည့်အဝနဲ့ ပြန်ဆောက်ထားတယ်။ ကျနော်တို့ တိုက်ခိုက်တဲ့ နေရာတွေကို မိုင်းတွေသေချာ ပြန်ထောင်ထားပြီး‌တော့ ကျနော်တို့ ထပ်မဝင်လာနိုင်အောင် သေချာလေးပြန်ပြင်ဆင်လာနိုင်တဲ့သဘောရှိတယ်။ ပြီး‌တော့ မြို့ပေါ် တိုက်ခိုက်မှုတွေလည်း မရှိသေးဘူးပေါ့နော်။ လောဆယ် မိုးဗြဲ မြို့ပြင်မှာပဲ သူတို့ တပ်စခန်းရှိတဲ့နေရာ သူတို့အဲ့မှာပဲ ခံစစ်လုပ်ပြီးတော့ တိုက်ခိုက်နေတာပေါ့နော်။ တိုက်ပွဲတော့ လက်ရှိက ပုံမှန်ပဲ အရမ်းပြင်းထန် တော့မဟုတ်ဘူး။ ပြီးတော့အချိန်မရွေးတိုက်ပွဲကြီးဖြစ်လာနိုင်တဲ့ အတွက်ကြောင့်မလို့ ကျနော်တို့ အဆင်သင့်အမြဲရှိနေတယ်”လို့ မိုးဗြဲ PDF တပ်ရင်း ၁ ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ပထမ အပတ်မှာလည်း စစ်ကောင်စီရဲ့ ခမရ ၄၂၂ တပ်စခန်းကို ဖယ်ခုံ နဲ့ မိုးဗြဲ တော်လှန်ရေး မဟာမိတ်တပ်ရင်းတွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိအပါအဝင် ၂ ဦးသေဆုံးပြီး ၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းရဲ့မေလ ၂၅ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ မိုးဗြဲမြို့က စစ်ကောင်စီ အခြေစိုက် တပ်စခန်းကို သိမ်းပိုက်နိုင်ပြီး မြို့ပေါ် ပြန်လည်အခြေချနေထိုင်နိုင်ဖို့ မိုး‌ဗြဲ တော်လှန်ရေးတပ်ဖွဲ့ကနေ ကျည်ကမ်ပိန်း ပြုလုပ်နေတာရှိသလို ဖယ်ခုံ ၁၀၀၆ တပ်ရင်းရဲ့ ဒရုန်းနဲ့ နည်းပညာဌာနအနေနဲ့လည်း ဒရုန်းတိုက်ခိုက်ရေးတွေ ပိုမိုလုပ်နိုင်ဖို့ ပြည်သူတွေအနေနဲ့ ပါဝင်ပံ့ပိုးပေးဖို့ တာဝန်ရှိသူတွေ မေတ္တာရပ်ခံထားပါတယ်။

spot_img
spot_img

Recent posts