spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲအရှေ့ဖက် ကျေးရွာတစ်ရွာမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရ၊ နေအိမ် ထိခိုက်မှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (နိုဝင်ဘာလ ၁၄ရက်) ည ၁၀နာရီခွဲအချိန် မိုးဗြဲအရှေ့ဖက်ကျေးရွာတစ်ရွာမှာ လက်နက်ကြီး ကျရောက်မှုကြောင့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦးနဲ့ ၇နှစ်ဝန်းကျင် ကလေးငယ်တစ်ဦး တို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့တယ်လို့ ဖယ်ခုံ PDFတပ်ရင်း (၂) ဗဟိုသတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ၄၂၂ ကနေလာတဲ့ ၈၁ မမ ထင်တယ်။ လာပြီးတော့မှ သစ်ပင်နဲ့ရိုက်ပြီးတော့ သစ်ပင်မှာ ကွဲပြီးတော့ အစတွေက အိမ်ထဲ ဝင်သွားတာ။ အိမ်နှစ်လုံးလောက် ထဲ ဝင်သွားတာ အဲ့တော့ အိမ်ထဲကနေ တဆင့်ဆင့် သွပ်မိုးတွေ ပေါက်သွားတယ်။ နောက်ပြီးတော့မှ နံရံတွေ ရိုက်တယ်။ နောက်ပြီးတော့မှ ကလေးက အိပ်နေတယ်။ ခေါင်းအုံးတွေ ဖက်လုံးတွေ ထိသွားတယ်။ ဖက်လုံးကို ဖောက်ပြီးတော့မှ ကလေးတစ်ယောက်ရဲ့ ပေါင်ထဲကို ဝင်သွားတာ အဲ့ဒါ ဖက်လုံးစတွေနဲ့ ဂွမ်းတွေနဲ့ ပေါင်ထဲကို ဝင်သွားတာပေါ့နော။ ဆရာမတွေက မရမက ဆွဲထုတ်ပေးထားတယ်။အဲ့လိုပေါ့။ “ လို့ ဖယ်ခုံ PDFတပ်ရင်း (၂) ဗဟိုသတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ် ကနေ ပစ်ခတ်တာဖြစ်ပြီး အသက် ၃၀ အရွယ် အမျိုးသားမှာတော့ အနည်းငယ် စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ပြီး ဝမ်းဗိုက်၊ ခြေသလုံး၊ ပေါင်းတွေမှာ လက်နက်ကြီးစ ထိမှန်ခဲ့တာဖြစ်ပါတယ်။ ကလေးငယ်တစ်ဦးကတော့ ပေါင်မှာ လက်နက်စထိမှန်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ကြီးစ စင်ထိပြီး ဒဏ်ရာ အနည်းငယ်ရတဲ့ သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

လက်နက်ကြီးကြောင့် နေအိမ် လုံးဝ ထိခိုက်ပျက်စီးသွားတာ ၂လုံးရှိပြီး နေအိမ်လက်နက်စ စင်ထိတာတွေလည်းရှိသလို အနည်းဆုံး နေအိမ် ၄လုံးထိခိုက်ခဲ့ပြီး နွားတစ်ကောင်လည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

“ သူတို့အခုလို လက်နက်ကြီး ပစ်တာက ပြည်သူနဲ့ တော်လှန်ရေး အင်အားစုတွေ ကြား သူတို့ ရန်တိုက်ပေးတဲ့သဘောပေါ့နော။ ပြည်သူတွေပဲ Targetထားပြီး ပစ်ခတ်တော့ ပြည်သူတွေက PDFတွေရှိနေလို့ KNDFတွေ ရှိနေလို့ စစ်ကောင်စီတွေက ပစ်ရတယ်ဆိုတဲ့ ဟာနဲ့ ပြည်သူတွေ complain တက်ဖို့အတွက် သူတို့က တွန်းအားပေးတယ်ပေါ့။ အဲ့တော့ ပြည်သူနဲ့ တော်လှန်ရေး အင်အားစုတွေကြား သူတို့က ရန်တိုက်ပေးတယ်။ ဒါ ပထမ တစ်ချက်။ ဒုတိယ တစ်ချက်ကတော့ သူတို့က တော်လှန်ရေး အင်အားစုတွေကို လူကော စိတ်ကော ပင်ပန်းအောင် သူတို့ ကိုယ်တိုင် စစ်ကြောင်း မထိုးပဲ လက်နက်ကြီး သုံးပြီးတော့မှ ပစ်မယ်။ သူတို့ပစ်တာကလည်း ညအချိန်ပဲ ပစ်တယ်ပေါ့နော။ အိပ်ရေးပျက်အောင်လုပ်မယ် ရွာသားတွေကော ရဲဘော်တွေကော စိတ်ရှုပ်အောင်လုပ်မယ်။ လူပင်ပန်းအောင်လုပ်မယ်ဆိုပြီး ရက်အရှည်ကြီးဆွဲပြီး တော်လှန်ရေး အရှိန်ကို သတ်တာလို့ ထင်တယ်။ “ လို့ ဖယ်ခုံ PDFတပ်ရင်း (၂) ဗဟိုသတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ် အပြင် လွိုင်ကော်အခြေစိုက်တပ်၊ ဖယ်ခုံ စကခ ၇ တပ်တို့မှ လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့သူက ဆိုပါတယ်။ ဖယ်ခုံ အင်းအရှေ့ဖက်ခြမ်း ကျေးရွာ တွေမှာဆိုရင် ၆လနီးပါး စစ်ရှောင်နေခဲ့ကြပြီး တချို့ရွာတွေမှာဆိုရင် စပါးတွေ ရိတ်သိမ်းဖို့အတွက် ဒေသခံ လူထု တချို့ ပြန်လည်နေထိုင်နေကြတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာဆိုရင် ဆောင်ကန်းကျေးရွာ၊ ကုန်းသာ၊ ညောင်ဝိုင်း တွေမှာဆိုရင် စစ်ကောင်စီ တွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၅ရက် ဒီကနေ့မှာဆိုရင် လည်း ဒီးမော့ဆိုအနောက်ဖက်ခြမ်းတွေမှာ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလအတွင်းမှာဆိုရင် ကန္တာရဝတီတိုင်း(မ်)ရဲ့ လက်လှမ်းမှီသလောက် စာရင်းအရ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နိုဝင်ဘာလ ၁ရက်နေ့ကနေ ၁၄ရက်နေ့အထိ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၁၂ဦးအထိရှိနေပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts