spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲ PDF ကင်းစခန်းတစ်ခု ယနေ့မနက်မှာ ဝင်ရောက်စီးနင်းခံရ

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲ PDF ရဲ့ ကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ယနေ့နိုဝင်ဘာလ ၁၇ ရက်နေ့ မနက် ၂ နာရီအချိန်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ( MB PDF ) သတင်းနဲ့ ပြန်ကြားရေးက နိုဝင်ဘာလ ၁၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မိုးဗြဲ PDF လည်း တစ်နာရီခွဲကြာအောင် ခုခံတိုက်ခိုက်ခဲ့ပြီး လက်နက်အင်အားမမျှတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်း ရှိခဲ့တာကြောင့် ပြည်သူ့နေအိမ်တစ်
ချို့ပျက်စီးသွားပြီး ပြည်သူတွေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ခုခံတိုက်ပွဲကြောင့် မိုဗြဲ PDF ဘက်က ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img