spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

မိုးရွာသွန်းမှု‌ကြောင့် ဒီးမော့ဆို အနောက်ခြမ်း လမ်းမကြီးတစ်နေရာ အက်ကွဲကျနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက အများပြည်သူသွားလာနေတဲ့ လမ်းမကြီး တစ်နေရာမှာ အက်ကွဲကျနေတယ်လို့ သိရပါတယ်။

“မြေကျတဲ့အောက်မှာ ရေအိုင်လဲ အနည်းငယ်ရှိသလို မိုးကလဲအဆက်မပြတ်ရွာသွန်းတော့ ပင်ကိုယ်အနေအထားကလဲ ပြိုချင်တဲ့မြေအနေထားလဲ ဖြစ်တယ်။ အောက်ကလဲ ရေထွက်ပေါက်လဲရှိသလို ရေစိမ့်ပေါက်လဲ ရှိခါကျတော့ မြေက အရင်ကတည်းက ခိုင်ခံ့မှုလဲ အား‌နည်းနေတာပေါ့။” လို့ အဆိုပါ လမ်းမကြီး အနီးနေထိုင်နေတဲ့ စစ်ရှောင် တစ်ဦးက ပြောပါတယ်။

မြေအက်ကွဲတဲ့ နေရာဟာ တစ်ရက်ထက်တစ်ရက်ပိုပို ဆိုးလာတာကြောင့် လာရောက်စစ်ဆေး ပြုပြင်ပေးစေချင်ကြောင်း ပြောပါတယ်။

အများပြည်သူတွေ သွားလာတဲ့လမ်းဖြစ်တဲ့အတွက် သတိမထားမိတဲ့ ပြည်သူတွေ ထိခိုက်မိနိုင်တယ်လို့ လည်း သူက ဆက်ပြောပါတယ်။

“ပြည်သူအများသွားလာတဲ့ လမ်းဖြစ်တဲ့အခါကျတော့ မသိတဲ့ပြည်သူတွေ သတိမထားမိတဲ့ပြည်သူတွေ အရှိန်နဲ့တက်လာဆင်းလာတဲ့ ပြည်သူတွေ မတော်တဆ ပြုတ်ကျမိမှာတို့ ထိုးကျမိမှာတို့တော့ စိုးရိမ်တယ်ပေါ့” လို့ မြေအက်ကွဲနေတဲ့အ‌နီးနားမှာ နေထိုင်တဲ့စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက စတင်အက်ကွဲကျနေတာဖြစ်ပြီး အခုဆိုရင် ကတ္တရာ လမ်းမကြီး ပါ အက်ကွဲပြိုကျနေတာဖြစ်ပါတယ်။

spot_img

Recent posts