Tuesday, November 24, 2020

မူလဘိုးဘွားပိုင်မြေတွင် စိုက်ပျိုးနေသူများကို စီမံကိန်းဝန်ထမ်းများက တရားစွဲဆို

Must read

ကိုဗစ်ကြောင့် ဆီးဘူးဒေသထွက်ခေါင်ကျရည်တွေ အရောင်းအဝယ်ပါးလာ

ခွန်းကလိုင်းဖရီး ရှမ်း/ကယားနယ်စပ် ဆီးဘူးဒေသကထွက်တဲ့ ခေါင်ကျရည်ဆိုပြီး လူသိများတဲ့ ခေါင်ရည်ဟာ တစ်လီတာဗူး တစ်ဗူးကို ဒေသပေါက်ဈေး ၃၅၀၀ ကျပ်ရှိပါတယ်။ ဒီခေါင်ကျရည်တွေကို ပြည်တွင်းခရီးသွားတွေဆီ ရောင်းချရပြီး တောင်ကြီးနဲ့ ရန်ကုန်အထိ...

အလယ်ကယန်းဒေသမှာ ငါးမွေးမြူရေးကန်များ အကောင်အထည်ဖော်မည်

ခွန်းကလိုင်းဖရီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသမှာ တနိုင်တပိုင်ငါးမွေးမြူရေးကန်တွေကို အကောင်အထည်ဖော်သွားမယ်လို့ ဖယ်ခုံဂရုဏာအဖွဲ့ ငါးမွေးမြူရေးစီမံကိန်းမန်နေဂျာ ကိုဝင်းဇော်မိုးက ပြောပါ တယ်။ ၎င်းက “ဒေသအရင်းအမြစ်တွေရှိတယ်။ ရေအရင်းအမြစ်တွေလည်း ရှိတယ်။ နောက်တော့...

KNPP လွိုင်ကော်မြို့ ဆက်ဆံရေးရုံးတာဝန်ခံခူးမီရယ်နှင့်တွေ့ဆုံခြင်း

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)အနေနဲ့ ငြိမ်းချမ်းရေးပိုင်းမှာ ဘာတွေဆောင်ရွက်ခဲ့လဲ၊ ဆက်လက်ဘယ်လိုလုပ်ဆောင်သွားမှာလဲ နောက်တက်လာမယ့် အစိုးရက ပြည်နယ်အရေးတွေမှာကော ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ( KNPP ) ဆက်ဆံရေးရုံးတာဝန်ခံ ( လွိုင်ကော်) ခူးမီရယ်ကို ကန္တာရဝတီတိုင်း(မ်)သတင်းထောက် မော်ဦးမြာက မေးမြန်းထားပါတယ်။

ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်းတစ်ဦးထံမှ ကိုဗစ်ပိုးထပ်မံတွေ့ရှိ၍ စုစုပေါင်း ကိုဗစ်ပိုးတွေ့ရှိသူ ၁၉ဦးထိရှိလာ

ကန္တရဝတီတိုင်း(မ်) ကယားပြည်နယ် လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူ(အထက)ကျောင်း ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်း ယာဥ်နောက်လိုက်များကို COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ...

ကန္တာရဝတီတိုင်း(မ်)

လောပိတရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖေါ်စဉ် သိမ်းယူထားသော မြေယာများပေါ် သီးနှံများပြန်လည်စိုက်ပျိုးသည့် လောကထူး​ကျေးရွာသား ၅ ဦးကို စီမံကိန်းဝန်ထမ်းများ၏ မိသားစုဝင် ၄ ဦးက တရားစွဲဆိုထားကြောင်း သိရသည်။

လောကထူ​း​ကျေးရွာသားများက အဆိုပါ ၎င်းတို့၏ ဘိုးဘွားပိုင်မြေများကို ဝင်ရောက် စိုက်ပျိုးခဲ့ရာမှ စီမံကိန်းဝန်ထမ်းမိသားစု ၄ ဦးက ၎င်းတို့ စိုက်ပျိုမြေဟုဆိုကာ ပုဒ်မ ၄၄ရ ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

ဗဟုသုတနည်းပါသော ဒေသခံအချို့မှာ လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံများကို ပြုလုပ်ထားခြင်းမရှိခြင်း၊ အထောက်အထားအချို့မှာ ထိန်းသိမ်းခြင်းအားနည်းကာ ပျက်စီးသွားခဲ့ခြင်းကြောင့် တရားစွဲဆိုခံရရာတွင် အခက်အခဲများ တွေ့နေရသည်ဟု စွပ်စွဲခံရသူဖက်မှ လိုက်ပါဆောက်ရွက်ပေးနေသော အထက်တန်းရှေ့နေ ဦးမာတီးနိုက ပြောသည်။

“ဒေသခံတွေကို နံပါတ်တစ် စီမံကိန်းဝန်ထမ်းတွေက တရားစွဲထားတယ်ပေါ့နော ဘာဖြစ်လို့စွဲထားလဲဆိုတော့ သူတို့မှာ လက်ရှိမှာ ပုံစံ ရ ရှိတယ် အဲ့ဒါကြောင့် သူတို့ ဒီပုံစံ ရ အရပေါ့နော ဒီလုပ်ပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာ သူတို့က ဒီရွာသားကို ပြန်တရားစွဲထားတယ်ပေါ့နော။”ဟု ဦးမာတီးနိုက ပြောသည်။

လောပိတရေအားလျှပ်စစ် စီမံကိန်း ဆောက်ရွက်ရန် ၁၉၈၃ ခုနှစ် ကတည်းက အဆိုပါ မြေယာများကို သိမ်းယူခဲ့သည်။ ထို့နောက် ၁၉၉၉ ခုုနှစ်အရောက်တွင် အာဏာပိုင်များမှ ပြန်လှည်စွန့်လွှတ်ခဲ့ရာ တောင်သူများက ဝင်ရောက်လုပ်ကိုင်လိုသော်လည်း ထိုစဉ်က ခွင့်မပြုခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အရောက်တွင် ထပ်မံစွန့်လွှတ်ကြောင်း ကြားသိရပြီး ရွာသားများမှ ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်ခဲ့သော်လည်း ဟန့်တားခံခဲ့ရကာ ယခုနှစ်အတွင်း လောကထူး​ရွာသားများမှ အလုံးအရင်းလိုက် ဝင်ရောက်လုပ်ကိုင်ရာမှ တရားစွဲခြင်း ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းမှ သိမ်းယူထားသော မြေနေရာများအနက် ဧက ၃ဝ နီးပါးရှိ အဆိုပါမြေယာများတွင် သီးနှံများ ဝင်ရောက်စိုက်ပျိုးခဲ့ရာမှ မိမိတို့က တရားစွဲဆိုခံလိုက်ရခြင်းဖြစ်သည်ဟု ဝင်ရောက်လုပ်ကိုင်ခဲ့သော လောကထူး​ရွာသားတစ်ဦးဖြစ်သူ ဦးလူရယ် ပြောသည်။

“အဲ့မြေကို ကျနော်​တို့ ဘိုးဘွားပိုင်မြေအဖြစ် ကျနော်​တို့ ပြန်လိုချင်ပါတယ်။” ဦးလူရယ် ပြောကြားလိုက်သည်။

ရာဇသတ်ကြီး ပုဒ်မ ၄၄ရ သည် ရာဇဝတ်မှုမကင်းသော ကျော်နင်းမှုအဖြစ် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ငါးရာ ပြစ်ဒဏ်ချမှတ်နိုင်သည်။

Comments

comments

- Advertisement -
- Advertisement -

Latest article

ကိုဗစ်ကြောင့် ဆီးဘူးဒေသထွက်ခေါင်ကျရည်တွေ အရောင်းအဝယ်ပါးလာ

ခွန်းကလိုင်းဖရီး ရှမ်း/ကယားနယ်စပ် ဆီးဘူးဒေသကထွက်တဲ့ ခေါင်ကျရည်ဆိုပြီး လူသိများတဲ့ ခေါင်ရည်ဟာ တစ်လီတာဗူး တစ်ဗူးကို ဒေသပေါက်ဈေး ၃၅၀၀ ကျပ်ရှိပါတယ်။ ဒီခေါင်ကျရည်တွေကို ပြည်တွင်းခရီးသွားတွေဆီ ရောင်းချရပြီး တောင်ကြီးနဲ့ ရန်ကုန်အထိ...

အလယ်ကယန်းဒေသမှာ ငါးမွေးမြူရေးကန်များ အကောင်အထည်ဖော်မည်

ခွန်းကလိုင်းဖရီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသမှာ တနိုင်တပိုင်ငါးမွေးမြူရေးကန်တွေကို အကောင်အထည်ဖော်သွားမယ်လို့ ဖယ်ခုံဂရုဏာအဖွဲ့ ငါးမွေးမြူရေးစီမံကိန်းမန်နေဂျာ ကိုဝင်းဇော်မိုးက ပြောပါ တယ်။ ၎င်းက “ဒေသအရင်းအမြစ်တွေရှိတယ်။ ရေအရင်းအမြစ်တွေလည်း ရှိတယ်။ နောက်တော့...

KNPP လွိုင်ကော်မြို့ ဆက်ဆံရေးရုံးတာဝန်ခံခူးမီရယ်နှင့်တွေ့ဆုံခြင်း

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)အနေနဲ့ ငြိမ်းချမ်းရေးပိုင်းမှာ ဘာတွေဆောင်ရွက်ခဲ့လဲ၊ ဆက်လက်ဘယ်လိုလုပ်ဆောင်သွားမှာလဲ နောက်တက်လာမယ့် အစိုးရက ပြည်နယ်အရေးတွေမှာကော ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ( KNPP ) ဆက်ဆံရေးရုံးတာဝန်ခံ ( လွိုင်ကော်) ခူးမီရယ်ကို ကန္တာရဝတီတိုင်း(မ်)သတင်းထောက် မော်ဦးမြာက မေးမြန်းထားပါတယ်။

ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်းတစ်ဦးထံမှ ကိုဗစ်ပိုးထပ်မံတွေ့ရှိ၍ စုစုပေါင်း ကိုဗစ်ပိုးတွေ့ရှိသူ ၁၉ဦးထိရှိလာ

ကန္တရဝတီတိုင်း(မ်) ကယားပြည်နယ် လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူ(အထက)ကျောင်း ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်း ယာဥ်နောက်လိုက်များကို COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ...

နိုဝင်ဘာလ စတုတ္ထပတ် ကယန်းဘာသာ ရေဒီယို

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယန်း)(တနင်္လာနေ့ ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုတားဆီးဖို့အတွက် မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်းလိုက်တယ်ဆိုတဲ့သတင်း၊ ၂၀၂၀ - ၂၁ ဘဏ္ဍာနှစ်မှာ လယ်ယာ ကုန်ထုတ်လမ်းနဲ့ ရေပေးဝေရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်သွားမယ်ဆိုတဲ့သတင်းနဲ့...

Comments

comments