spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြေပြင်အားနည်းချက်ကို ဖုံးကွယ်ဖို့ လေကြောင်းအားထား အသုံးပြုလာတဲ့ မြန်မာစစ်တပ်

Author

Date

Category

ဖလစ္စတာ ( ကန္တာရဝတီတိုင်း(မ်))

စစ်တပ်အာဏာသိမ်းတာ ၂ နှစ်ကျော်လာတဲ့ခါလက်နက်ကိုင် တော်လှန်အားကောင်းတဲ့ ကရင်နီပြည်နယ်မှာတော့ စစ်တပ် ကြည်းတပ်ကျဆုံးမှုများလာတာကြောင့် လေကြောင်း ပိုသုံးလာတယ်လို့ မြေပြင်မှာတိုက်ပွဲ၀င်နေသူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး က ပြောပါတယ်။

“သူတို့အထိအနာအရမ်းများပြီးဆုတ်ဖို့ခက်တဲ့ချိန်။နောက်ပြီးသူတို့ပြန်ဆုတ်မယ်ဆိုလို့ရှိရင်လည်းမလွယ်တော့ဘူး။ နောက်ပြီးတော့မှအထိအနာထဲမှာလည်း၊ ကျဆုံးတဲ့လူတွေထဲမှာလည်း ဒီအကြီးပိုင်းတွေလည်းပါနေတော့ အဲ့ဒါတွေကို သူတို့ကပြန်ပြီးတော့မှကယ်ထုတ်နိုင်ဖို့။ ပြန်ပြီးတော့မှဆုတ်လမ်းတွေနဲနဲပေါ့နေ ာအဆင်ပြေအောင်ဆုတ်နိုင်ဖို့အတွက် လေယဥ်နဲ့လာပြီးတော့မှကူညီပေးတာ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက မောင်းသူမဲ့လေယဥ်နဲ့ ဒီးမော့ဆို အရှေ့ခြမ်း၊ အနောက်ခြမ်းကို ပစ်မှတ်အတွက် ကင်းထောက်နေတာ ဆက်တိုက်လုပ်ဆောင်လာတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ်အတွင်း (၂)ကြိမ်၊ ၂၀၂၂ ခုနှစ်အတွင်း( ၁၈၂)ကြိမ် ၊၂၀၂၃ခုနှစ် ဖေဖော်၀ါရီလ ၁ ရက်နေ့ မှ မတ်လ ၃၁ ရက်နေ့အထိ တစ်လအတွင်း (၁၂၆) ကြိမ် စစ်တပ်ကလေကြောင်းသုံးတိုက်ခဲ့တယ်လို့ PKPF က ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် နန်းမယ်ခုံမှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဗုံးသီး။
ဓါတ်ပုံ – KNDF တပ်ရင်း(၁)

မြေပြင်တိုက်ခိုက်ရေးစွမ်းရည် တဖြေးဖြေးကျလာတဲ့အခါ မြေပြင်စွမ်းရည်အားနည်းမှုကိုဖုံးကွယ်ဖို့ မြန်မာစစ်တပ်က လေကြောင်းပစ်ကူ၊ အဝေးပစ် ပစ်ကူကို ပိုအားထားရတဲ့အခြေနေတစ်ရပ်မှာ ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

“သူတို့တွေသည်ပိုမိုသုံးစွဲလာတယ်ဆိုတာထက် မြေပြင်ကတစ်ကယ့်စွမ်းရည်မရှိမှုကြောင့်မို့လို့ လေကြောင်းအားကိုးပြီးတော့မှ ဖိနှိပ်မှုနဲ့ခြိမ်းခြောက်မှုနဲ့ လူထုတွေကို အကြောက်တရား ပိုမို၀င်ရောက်ပြန့်နှံ့သွားအောင်၊ မင်းတို့နေရာတွေအားလုံးက ငါတို့က အချိန်မရွေးဒီလိုလုပ်နိုင်ပါတယ်ဆိုတဲ့ အတွေးတွေ ၀င်သွားအောင်ကိုလည်း သုံးစွဲလာတဲ့ဗျူဟာနဲ့ ဆိုရင်တော့ လက်ရှိစစ်ကောင်စီရဲ့ လေကြောင်းသုံးစွဲမှုသည် လေယာဥ်ဆီ ရှိနေသေးသမျှ လေယာဥ်ဆီ မရရှိနိုင်အောင်ကို နိုင်ငံတကာက မကန့်သတ်နိုင်သေးသမျှ ဆက်လက်ပြီးတော့ လုပ်ဆောင်နေမှာ ဖြစ်တယ်” လို့ သူက သုံးသပ်ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဧပြီလအတွင်း စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခြင်းတွေ ပိုမိုလုပ်လာပါတယ်။

စစ်တပ်အတွင်း ရာထူး၊ လက်နက်အားကိုးပြီး ခေတ်အဆက်ဆက် နိုင်ထက်စီးနှင်း ပြုကြပြီး တိုက်ရည်ခိုက်ရည် သာမန်အဆင့်သာရှိတယ်လို့ CDM ပြုလုပ်လာတဲ့ စစ်တပ်သားတစ်ဦးက ကန္တရ၀တီတိုင်း(မ်) ကို အတည်ပြု ပြောဆိုထားပါတယ်။

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာဒေသတွေမှာပါ စစ်တပ်က လေယာဥ်ဗုံးကြဲတာ မကြာခနဆိုသလို ပိုမိုလုပ်ဆောင်လာပါတယ်။

“ဘာမှလည်း တိုက်ပွဲဖြစ်တာမရှိတဲ့ ကျမတို့ စစ်ရှောင်တွေရှိတဲ့နေရာကို လေယဥ်နဲ့ လာကြဲတယ်ဆိုတော့ သူတို့မှာ ဘယ်လောက်ခွန်အားစိတ်ဓာတ်ညံ့ကြောင်းကို ကျမတို့ပြည်သူတွေကို ပြလိုက်တာနဲ့တူတူပဲ “လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက လေယဥ်ဗုံးကြဲမှုအပေါ်ကို ပြောပါတယ်။

ထိခိုက်ဆုံးရှုံးမှုများနဲ့ မြေပြင်တိုက်ခိုက်မှုစွမ်းအင် ကျဆင်းလာနေတဲ့ စစ်တပ်ဟာ ဒီ ၂၀၂၃ခုနှစ်အတွင်း တာဝေးပစ်လက်နက်ကြီး၊ လေယာဥ်တွေ ပိုသုံးပြီး ချေမှုန်းလာနိုင်ချေရှိလို့ ပြည်သူတွေအနေနဲ့လည်း သတိနဲ့နေဖို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

၂၀၂၃ခုနှစ် ဧပြီ ၂၅ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ဆောင်းဖွေး ဆေးရုံ။
spot_img
spot_img

Recent posts