spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယမန်နှစ်ထက် နှမ်းဈေး ၂ ဆ တက်

Author

Date

Category

ဘောလခဲမြို့နယ်ရှိ နှမ်းစိုုက်တောင်သူများမှ နှမ်းခြွေလှေ့နေစဉ်(ဓါတ်ပုုံ-လင်းသန့်)

ခူးစိုုးရယ်ဦး

ကယားပြည်နယ်တွင် ယခုုနှစ် နှမ်းထွက်ချိန် ယခင်နှစ်ကထက် ပေါက်ဈေး ၂ ဆ ပေးပြီး ဝယ်ယူနေသည်။ ၂ နှစ်ဆက်တိုုက် နှမ်းဈေးကျဆင်းခဲ့ရာက ယခုုနှစ်တွင် စံချိန်တင်ဈေးကောင်းရနေခြင်းဖြစ်သည်။

နှမ်းအဓိက စိုုက်ပျိုးသော ဘောလခဲမြို့နယ်တွင် နှမ်း(စမုုံနက်) ၁ ပိဿာလျှင် ၄၁၀ဝ ကျပ်အထိ ဈေးပေါက်နေပြီး ရိုုးရိုုးနှမ်းနက်မှ ၃၇၀ဝ ကျပ်အထိ ဈေးကောင်းရနေသည်။

ယမန်နှစ်က နှမ်း(စမုုံနက်) ၁ ပိဿာလျှင် ၂၅၀ဝ ကျပ် ဝန်းကျင်နှင့် ရိုုးရိုုးနှမ်းနက်မှ ၂၀၀ဝ ကျပ် ဝန်းကျင်သာ ရရှိခဲ့သည်။

တရုုတ်မှ ဝယ်လိုုအားကောင်းနေခြင်းကလည်း ယခုုနှစ် ပြည်တွင်း၌ နှမ်းဈေးကောင်းရနေခြင်းဖြစ်သည်။

ယခုနှစ်၌ မိုးများသဖြင့် နှမ်းစိုက်ခင်းများအပျက်အစီးများ၍ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက နှမ်းအထွက် နှုန်းမှာ ၇ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး လက်ရှိဈေးကွက်အတွင်းတွင် ကောင်းလာခြင်းဖြစ်သည်။

“ကျွန်တော်တို့ နှမ်းခုတ်ပြီးပြီ။ ဒါမဲ့ မိုးပျက်စီးတယ်၊ အခြောက်လှမ်းမယ်ဆိုု မခြောက်တော့ဘူး၊ အပင်ပေါ်မှာပဲ ပုတ်ကုန်တယ်။”ဟု ဒေါဖုအုပ်စု ဒေါပဲ့တူးကျေးရွာဥက္ကဌ ဦးနဲရယ်က ပြောသည်။

ကယားပြည်နယ်၌ ဘောလခဲခရို်င်တွင် နှမ်းအများဆုံးစိုက်ပျိုးပြီး ယခုုနှစ်တွင် တစ်ပြည်နယ်လုံး နှမ်းစိုက်ခင်း ဧက ၂ သောင်းနီးပါး စိုုက်ပျိုးသည်။

၂၀၁ရ ခုနှစ်က မန္တလေးပဲနှမ်းဈေးကွက်တွင် သုံးတင်းဝင် တအိတ်လျှင် ၁ သိန်း ၄ သောင်းကျပ် ဝန်းကျင်သာရရှိခဲ့ပြီး ယခုုနှစ်မှာမူ နှမ်းနက်စမုံ( ထိပ်စ)သည် ဈေးကွက်၌၂ သိန်း ၁ သောင်းကျပ်ဖြင့် မြင့်တက်လာကြောင်း မန္တလေးကုုန်စည်ဒိုုင်ပွဲရုုံများမှ သိရသည်။

ထိုနည်းတူ ယနေ့ဈေးကွက်၌ နှမ်းဖြူ ၁ အိတ်လျှင် ၁ သိန်း ၆ သောင်းကျပ်၊ နှမ်းညို တစ်အိတ် ၁ သိန်း ၄ သောင်းကျပ်၊ နှမ်းအဝါ ၁ သိန်း ၄ သောင်းကျပ်တို့နှင့် မန္တလေးတွင် အရောင်းအဝယ် စည်ကားလျက်ရှိနေသည်။

ဈေးနှုန်းများသည် ဈေးကွက်သို့ နှမ်းအသစ်ဝင်သည့် ဇူလိုင်လဆန်းမှ စတင်ကာ တဖြည်းဖြည်းဈေးတက်လာခဲ့ပြီး ယနေ့ဈေးသည် သုံးနှစ်အတွင်းစံချိန်တင် အမြင့်ဆုံးဈေးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

“နှမ်းဈေးကတော့ နှမ်းဝယ်ဒိုင်တွေက တစ်ပိဿာကို သုုံးထောင်ကျော်လောက်နဲ့ စဖွင့်ထားပါတယ် ရှေ့မှာက နမူနာ ပြန်ပို့ပေးပြီးရင်တော့ စဖွင့်ပေးမှာပေါ့။” ဟု ကယားပြည်နယ်ထွက် ပြောင်းနှင့် နှမ်းဝယ်ယူရောင်းချရေးဝန်ဆောင်မှုပေးနေသည့် ဦးမြင့်မောင်က ပြောသည်။

နှမ်းအဓိကစိုက်ပျိုးသည့် ဘောလခဲခရိုင်နှင့် ရှားတောမြို့နယ်ရှိ နှမ်းနမူနာကိုု ပေးပိုု့ကာ နှမ်းအဖွဲ့ချုပ်မှ ရန်ကုန်၊ မန္တလေးတို့ အင်စပိုတာနဲ့ ဆက်သွယ်ပေးပြီး တဆင့် ဂျပန်နိုင်ငံသိုု့ တင်ပိုု့ရောင်းချရန် စီစဉ်လျက်ရှိကြောင်း ဦးမြင့်မောင်က ပြောသည်။

spot_img
spot_img

Recent posts