spot_imgspot_imgspot_imgspot_img
Tuesday, January 14, 2025
spot_imgspot_imgspot_imgspot_img

ယမန်နေ့က ဖရူဆိုမြို့ ထီးသော်ကူးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွား၊ လက်နက်ခဲယမ်းသိမ်းဆည်းရမိ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီးတစ်ဝိုက်မှာ ယမန်နေ့ (သြဂုတ်လ ၁၂ ရက်နေ့) ည (၆)နာရီအချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီတပ်မတော်(KA) ထံကနေ သိရှိရပါတယ်။

တစ်နာရီခန့် ကြာမြင့်ခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီကနေ လေယာဥ်နဲ့ လာရောက်ဗုံးကျဲမှုရှိခဲ့သလို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာအနီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရတာရှိပေမယ့် အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတာရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲ့တို့ ဒီးမော့ဆို- ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်ကြောမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုနဲ့ ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ဒီးမော့ဆိုမြို့ ငွေတောင်ဘက်ကနေ အင်အားအများအပြားနဲ့ စစ်ကြောင်း ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ KNDF က ဆိုပါတယ်။

ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီက ဇူလိုင်လကုန်ပိုင်းကစပြီး စစ်ကြောင်းအများအပြားနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုကြပါတယ်။

spot_img
spot_img
spot_img

Recent posts