spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရန်ကုန်လူငယ်များ (၉)ဦးတရားစွဲဆိုခံရမှု ရုတ်သိမ်းပေးရန် ကရင်နီပြည် လူငယ်များအင်အားစု သဘောထားထုတ်ပြန်

Author

Date

Category

နော်ဒွေးအယ်ခူ

လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံမှ ာဗို်လ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် ထားရှိမှုကိုဌာနေတိုင်းရင်းသားတိုု့မှ ဖေဖော်ဝါရီလ၁၂ရက်နေ့မှာ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာကိုထောက်ခံတဲ့အနေနဲ့ ရန်ကုန်မြို့ရှိလူငယ်များကဆူးလေပန်းခြံမှာ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ဦးဆောင်သူ (၉)ဦးတရားစွဲဆိုခံရတာနဲ့ ပတ်သက်ပြီးအမှုရုတ်သိမ်းပေးရန် ကရင်နီပြည် လူငယ်များအင်အားစုကဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာသဘောထားထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်တော်တို့ လွိုင်ကော်မှာ ၁၂ရက်နေ့တုန်းက ဆန္ဒပြတော့ သူတို့လည်း ကျွန်တော်တို့လုပ်ရပ်ကိုမှန်ကန်တယ်လို့ ထောက်ခံတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်တယ်ပေါ့။ အဲတော့ သူတို့ တရားစွဲဆိုခံရတယ်။ အဲတော့ကျွန်တော်တု့ိဖက်မှာက ၅၀၅(ခ)တို့ (၁၉)(၂၀)တို့ အကုန်လုံးရုတ်သိမ်းတဲ့အချိန်မှာသူတို့ကိုဆက်လက်တရားစွဲဆိုတာကအကျိုးအကြောင်းဆီလျော်မှုမရှိဘူးပေါ့နော” လို့ ကရင်နီပြည်လူငယ်များအင်အားစုမှ ကိုဒီးဒီကပြောပါတယ်။

အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာအရေးကြီးတဲ့အရာဖြစ်တဲ့အတွက် ဥပဒေများဖြင့် ကန့်သတ်ချုပ်ချယ်နေတာကိုကရင်နှီပြည်လူငယ်များအင်အားစုမှ ကန့်ကွက် ရှုံချတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ လူငယ်တွေကတိုင်းရင်းသားတွေရဲ့ သွေးစည်းချစ်ကြည်ရေးနဲ့ လူနည်းစုအခွင့်အရေးတွေကိုကာကွယ်မြင့်တင်နိုင်ရန်အတွက် ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကိုဒီးဒီက “သူတို့ ကျွန်တော်တို့ကိုထောက်ခံအားပေးတယ်ဆိုတာအကျိုးမဲ့အကြောင်းမဲ့ မဟုတ်ဘူး။ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ခံစားချက်၊ လူနည်းစုတွေရဲ့ အခွင့်အရေးကိုအခုချိန်မှာလေးစားအသိအမှတ်ပြုရမယ်လို့ ခံယူချက် ယုံကြည်ချက်တွေရှိလို့ သူတို့လည်း ဆန္ဒပြတာဖြစ်လို့ အမှုကိုရုတ်သိမ်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်လူငယ်တွေနဲ့ ရန်ကုန်ရောက် ကရင်နီလူငယ် ၃ဝ ဝန်းကျင်လောက်ကရန်ကုန်မြို့တွင်းမှ ဆူးလေပန်းခြံအထိ“ တိုင်းရင်းသားတွေလိုချင်တာအောင်ဆန်းကတိရုပ်တုမဟုတ်၊ ဗိုလ်ချုပ်အောင်ဆန်းကိုထပ်ပြီးမသတ်ကြပါနဲ့” စတဲ့ ဆိုင်းဘုတ်တွေကိုကိုင်ဆောင်ပြီးလမ်းလျှောက် ချီတက်ခဲ့ကြတာပါ။

ဦးဆောင်သူ(၉)ဦးကိုဖေဖော်ဝါရီလ ၁၄ရက်နေ့မှာတော့ကျောက်တံတားမြို့မရဲစခန်းကနေ ငြိမ်းစုစီပုဒ်မ(၁၉)နဲ့ တရားစွဲဆိုခဲ့ပြီးလူငယ်များမှာလက်ရှိအချိန်ထိစွဲဆိုချက်တွေကိုသွားရောက်ရှင်းလင်းခြင်းမရှိသေးဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts