Wednesday, January 27, 2021

ရန်ကုန်တိုင်းရှိ ကိုဗစ်ကုသရေးစင်တာမှာကူညီပေးဖို့ သူနာပြု ၂၁ ဦးထပ်မံထွက်ခွာ

Must read

တိုးချဲ့ နမ့်ကွတ်ရပ်ကွက်အတွင်းရှိ လမ်းတွေကို ကတ္တရာ လမ်းခင်းဖို့ ၂၀၂၁-၂၂ ဘဏ္ဍရေးနှစ်မှာ လျာထား

အန်ထော်နီ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် တိုးချဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ နမ့်ကွတ်ရပ်ကွက်ရှိ မြေသားလမ်းတွေဖြစ်တဲ့ အမှတ် ၄ နဲ့ ၅ လမ်းတွေကို ကတ္တရာလမ်းခင်းပေးဖို့လွတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။

လွိုင်ကော်မြို့နယ်က ကျန်းမာရေးဝန်ထမ်းအားလုံးကို Covid 19 ကာကွယ်ဆေးစတင်ထိုးနှံပေး

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့နယ် အတွင်းရှိ ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာCOVID-19 ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလိုက်ပြီဖြစ်ပါတယ်။ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ထိုးနှံပေးနေတာဖြစ်ပြီးတော့ လူဦးရေ ၂၀၀ ကျော်ကိုထိုးနှံပေးတယ်လို့ ကယားပြည်နယ်ကုသရေးနှင့်...

တိုင်းရင်းသားလူယ်တွေရဲ့ ပညာရေးမှာ အစိုးရကပူးပေါင်းဆောင်ရွက်မှုရှိလာပေမဲ့ ပံ့ပိုးကူညီပေးမှု အားနည်းနေသေး

စိုးထိုက်အောင် ကယားပြည်နယ် အတွင်းက လူငယ်တွေရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်လာဖို့ကို လုပ်ဆောင်ပေးနေတဲ့ သင်တန်းကျောင်းတွေ နဲ့ အတူ အစိုးရက ပူးပေါင်းဆောင်ရွက်လာတာတွေရှိပေမဲ့ ပံ့ပိုးကူညီပေးမှုတွေ အားနည်းနေသေးတယ်လို့ ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမှူဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

နွေသုံးရေ မလောက်မှာစိုး

https://youtu.be/0ZngsF4J2CQ နွေရာသီတောင် မရောက်သေးဘဲ သောက်သုံးရေတောင် လုံလုံလောက်လောက် မရရှိတော့တဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ တဖိုကျေးရွာအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်)

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်အတည်ပြုလူနာထားရှိတဲ့ ဒဂုံဆိပ်ကမ်းကိုဗစ်ကုသရေးစင်တာမှာ သွားရောက်ကူညီအားဖြည်ဖို့အတွက် သူနာပြု ၂၁ ဦး ကယားပြည်နယ်ကနေ ဒီနေ့မနက် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထွက်ခွာလိုက်ပါတယ်။

ကယားပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာဌေးလွင်က “ အဓိက ကိုဗစ်ဆေးရုံတွေကို တာဝန်ယူပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုသွားတဲ့အဖွဲ့က ၂၁ယောက်ပါ။ အဲ့ ၂၁ယောက်ထဲမှာ သူနာပြုအသစ်က ၁၄ယောက်ပါပါတယ်။ ကျန်တဲ့၆ယောက်အဟောင်းပါ အသစ်ဆိုတာက ပြီးခဲ့တဲ့လကမှ လုပ်ငန်းကို စတင်တာဝန်ထမ်းဆောင်တဲ့ သူနာပြုတွေပေါ့ အဲဒီက ၁၄ယောက်။ နောက် ၆ယောက်ကတော့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးက သူနာပြုဆရာမကြီး ဒေါ်နော်ဝေထူးက ကျန်တဲ့၆ယောက်ကို ဦးဆောင်ပြီးတော့ အသစ်တွေနဲ့အတူ ရန်ကုန် ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ကိုဗစ်ရောဂါကုသတဲ့ဆေးရုံကို သွားရောက်တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြည်နယ်ကနေ အခုလိုသွားရောက်ကူညီတာ အခုပါဆို တတိယအသုတ်ရှိနေပါပြီ။
သူနာပြု(၂၁)ဦးအနက် အမျိုးသမီးသူနာပြု (၁၈)ဦးနဲ့ အမျိုးသားသူနာပြုနှစ်ဦးက ဒဂုံဆိပ်ကမ်းကိုဗစ်ကုသရေးစင်တာမှာ သွားရောက်တာဝန်ထမ်းဆောင်မှာဖြစ်ပြီး ကျန်တဲ့သူနာပြုတစ်ဦးက ရန်ကုန်ဆေးရုံကြီးရှိအရေးပေါ်ကြပ်မတ်ဆောင်မှာ သွားရောက်ကူညီကြမှာဖြစ်ပါတယ်။

တတိယအသုတ် စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်ကြမယ့် သူနာပြုတွေကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကနေ သူနာပြုဆရာမကြီး ဒေါ်နော်ဝေနေထူးက ဦးဆောင်ခေါ်သွားမှာဖြစ်ပြီး ကိုဗစ်အများဆုံးဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းကို သူနာပြုစိတ်ဓတ်ဖြင့် သွားရောက်ကူညီကြမှာဖြစ်တယ်လို့ ပြောပါတယ်။

“သွားမယ့်ကလေးတွေကို ကျမတို့က အားပေးထားတယ် ဘာဖြစ်လဲဆိုရင် ကျမတို့သူနာပြုတွေက သင်တန်းလည်း ၃နှစ်တက်လာခဲ့တယ် Experience work ထဲမှာလည်းလုပ်လာခဲ့တယ် အဲခါကျတော့ ဘားမှာအားငယ်စရာလည်းမလိုဘူး။ အခြားပရဟိတသမားတွေဆိုရင်လည်း သင်တန်းတွေမတက်ခဲ့ပေမယ့် စေတနာ့ဝန်ထမ်းဝင်လုပ်တယ်လေ အဲ့ခါကျတော့ ကျမတို့သူနာပြုတွေက ၃နှစ်လည်းသင်တန်းတက်ခဲ့တယ် ဒီဟာနဲ့ပတ်သက်ပြီး စိမ်းမနေတော့ဘူးပေါ့နော ဘားမှအားငယ်စရာမလိုဘူး သူတို့ကို စိတ်ဓတ်မြှင့်တင်ပေးတယ်။ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးသူနာပြုရဲ့စိတ်ဓတ်တွေပေါ့ လူနာတွေကိုကူညီဖို့ ကျမတို့ကလေ ရန်ကုန်ကို တခြားနည်းနဲ့မကူညီနိုင်ပေမယ့်လည်း ကိုယ့်ရဲ့ပြည်ထောင်စုစိတ်ဓတ်လေးနဲ့ပေါ့ အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်အောင်ပေါ့နော ကျမတို့အများကြီးမကူညီနိုင်ပေမယ့် အုတ်တစ်ချပ်သဲတစ်ပွင့်နဲ့ပဲ ကျမတို့ိဝိုင်းဝန်းကူညီဖို့ အဲလိုစိတ်ဓတ်လေးတွေရှိကြပါတယ်” လို့ သူနာပြုဆရာမကြီး ဒေါ်နော်ဝေနေထူးက ပြောပါတယ်။

သွားရောက်ကူညီကြတဲ့ စေတနာ့ဝန်ထမ်းသူနာပြုတွေကို ပြည်နယ်အစိုးရအဖွဲ့ကနေ တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးထားပြီး အခြား စေတနာရှင်အများစုကလည်း ငွေကြေးအရသော်လည်းကောင်း စားသောက်ရေးသော်လည်းကောင်း ကူညီမှုတွေရှိနေပါတယ်။

ယခုဆိုလျှင် ရန်ကုန်တိုင်းရှိ ကိုဗစ်လူနာထားရှိတဲ့ဆေးရုံကြီးအပြင် ကုသရေးစင်တာတွေမှာ သွားရောက်ကူညီကြတဲ့ ကယားပြည်နယ်မှ သူနာပြုစုစုပေါင်း (၆၇)ဦးရှိနေပြီဖြစ်ပြီး သူနာပြု (၆၀)ဦး၊ အထူူးသင်တန်းတက်ရောက်ထားတဲ့ သူနာပြု နှစ်ဦး၊ ဆရာဝန် နှစ်ဦး၊ ကျန်းမာရေးမှူး ၃ ဦး တို့က သွားရောက်ကူညီနေကြတာဖြစ်ပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

တိုးချဲ့ နမ့်ကွတ်ရပ်ကွက်အတွင်းရှိ လမ်းတွေကို ကတ္တရာ လမ်းခင်းဖို့ ၂၀၂၁-၂၂ ဘဏ္ဍရေးနှစ်မှာ လျာထား

အန်ထော်နီ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် တိုးချဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ နမ့်ကွတ်ရပ်ကွက်ရှိ မြေသားလမ်းတွေဖြစ်တဲ့ အမှတ် ၄ နဲ့ ၅ လမ်းတွေကို ကတ္တရာလမ်းခင်းပေးဖို့လွတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။

လွိုင်ကော်မြို့နယ်က ကျန်းမာရေးဝန်ထမ်းအားလုံးကို Covid 19 ကာကွယ်ဆေးစတင်ထိုးနှံပေး

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့နယ် အတွင်းရှိ ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာCOVID-19 ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလိုက်ပြီဖြစ်ပါတယ်။ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ထိုးနှံပေးနေတာဖြစ်ပြီးတော့ လူဦးရေ ၂၀၀ ကျော်ကိုထိုးနှံပေးတယ်လို့ ကယားပြည်နယ်ကုသရေးနှင့်...

တိုင်းရင်းသားလူယ်တွေရဲ့ ပညာရေးမှာ အစိုးရကပူးပေါင်းဆောင်ရွက်မှုရှိလာပေမဲ့ ပံ့ပိုးကူညီပေးမှု အားနည်းနေသေး

စိုးထိုက်အောင် ကယားပြည်နယ် အတွင်းက လူငယ်တွေရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်လာဖို့ကို လုပ်ဆောင်ပေးနေတဲ့ သင်တန်းကျောင်းတွေ နဲ့ အတူ အစိုးရက ပူးပေါင်းဆောင်ရွက်လာတာတွေရှိပေမဲ့ ပံ့ပိုးကူညီပေးမှုတွေ အားနည်းနေသေးတယ်လို့ ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမှူဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

နွေသုံးရေ မလောက်မှာစိုး

https://youtu.be/0ZngsF4J2CQ နွေရာသီတောင် မရောက်သေးဘဲ သောက်သုံးရေတောင် လုံလုံလောက်လောက် မရရှိတော့တဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ တဖိုကျေးရွာအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။

အစိုးရဌာနဆိုင်ရာတွေကနေ (၂.၂) ဘီလီယံကျော်အသုံးပြုဖို့ ထပ်မံတောင်းဆို

ကန္တာရဝတီတိုင်း(မ်) အစိုးရဌာနဆိုင်ရာတွေကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်တွေကို (၂.၂)ဘီလီယံကျော် တင်ပြတောင်းဆိုလိုက်ပါတယ်။ ကယားပြည်နယ်ရဲ့ ၂၀၂၀-၂၁ခု ဘဏ္ဍာနှစ်အတွက် ဌာနဆိုင်ရာအားလုံးအတွက် ခန့်မှန်းခြေအသုံးစရိတ်က (၈၈) ဘီလီယံဖြစ်ပြီး ယခုဖြည့်စွက်ခွင့်ပြုငွေ...

Comments

comments