spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရန်ကုန်တိုင်းရှိ ကိုဗစ်ကုသရေးစင်တာမှာသွားရောက်ကူညီဖို့ စေတနာ့ဝန်ထမ်း သူနာပြု(၂၂)ဦး ထပ်မံသွားရောက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကိုဗစ်ရောဂါအများဆုံးဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာထားရှိတဲ့ ဒဂုံဆိပ်ကမ်းကိုဗစ်ကုသရေးစင်တာနဲ့ ဧရာကိုဗစ်ကုသရေးစင်တာမှာ သွားရောက်ကူညီအားဖြည်ဖို့အတွက် ပဉ္စမအသုတ်အနေဖြင့် ကယားပြည်နယ်မှ သူနာပြု (၂၂)ဦး စေတနာ့ဝန်ထမ်းအဖြစ် နိုဝင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်းမှာ လွိုင်ကော်မြို့ကနေ ရန်ကုန်မြို့သို့ ထွက်ခွာနေပြီလို့ သိရပါတယ်။

ကယားပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က” ကိုဗစ်၁၉ရောဂါက ရန်ကုန်တိုင်းမှာ လက်ရှိဖြစ်ပွားလျက်ရှိနေသေးတယ် အဲဒီမှာရှိတဲ့လူနာတွေအတွက်ကို ကျနော်တို့ ကုသရေးစင်တာကိုတစ်သုတ်ပြီးတစ်သုတ် စဉ်ဆက်မပြတ်လွှတ်နေရတာဖြစ်ပါတယ်။ ဘယ်ချိန်ထိလွှတ်ရမလဲဆိုတာ မပြောနိုင်သေးပါဘူး။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းမှာရှိတဲ့ကိုဗစ်၁၉ရောဂါသည်တွေ ထားရှိကုသပေးတဲ့စင်တာတွေမှာ လိုအပ်တဲ့အခါတိုင်းမှာတောင်းနေတဲ့ ကယားပြည်နယ်ကနေ ကူပေးနေရတာဖြစ်ပါတယ်။ ကူပေးတဲ့အခါမှာ အားလုံးစုစုပေါင်း ၅သုတ်လွှတ်ထားပါတယ် ၅သုတ်အပြင် အထူးပြုသင်တန်းတက်ထားတဲ့ ကျောက်ကပ်သွေးသန့်စင်သင်တန်း အရေးပေါ်ကုသခန်းမှာဆောင်ရွက်ရမယ့်သူတွေလွှတ်ထားတဲ့ဟာတွေ အားလုံးစုစုပေါင်း ၅ကြိမ်မြောက်လွှတ်ထားတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ဒီကနေ့မှာပဲ တတိယအသုတ် သွားရောက်ကူညီခဲ့ကြတဲ့ စေတနာ့ဝန်ထမ်း သူနာပြုတွေပြန်လာမှာဖြစ်တာကြောင့် အစားထိုး တာဝန်ထမ်းဆောင်ဖို့ ပဉ္စမအကြိမ်မြောက် သူနာပြုစေလွှတ်ရတာဖြစ်လို့ သိရပါတယ်။

“ရန်ကုန်ကိုသွားကူတယ်ဆိုတာကလည်း ကျနော်တို့ဆီမှာပစ်ထားပြီး သွားလုပ်တာမဟုတ်ပါဘူး ရန်ကုန်တိုင်းသည် အခုချိန်မှာကိုဗစ်၁၉ရဲ့ဖြစ်ပွားမှုရဲ့ ဗဟိုချက်မှတ်လိုဖြစ်နေတယ် ဖြစ်နေတဲ့အခါမှာ ဟိုမှာရှိတဲ့လူနာတွေကို သူတို့မနိုင်မနင်းနဲ့ကုပြီးတော့ လူနာတွေကိုစနစ်တကျမကုနိုင်ရင် ရန်ကုန်တိုင်းမှာရောဂါတွေများပြားပြီး ပြန့်ပွားလာမယ်ဆိုရင် တစ်နိုင်ငံလုံးကိုပြန့်မှာဖြစ်ပါတယ်။ ဒါကြောင့်ရန်ကုန်တိုင်းမှာသွားထိန်းခြင်းအားဖြင့် ကုသပေးတဲ့နေရာမှာ ကူညီပံ့ပိုးပေးခြင်းအားဖြင့် ရန်ကုန်တိုင်းမှာတင် ရောဂါထိန်းထားနိုင်မယ် ပျောက်ကင်းအောင်ကုသနိုင်မယ်ဆိုရင် တခြားပြည်နယ်နဲ့တိုင်းကို မပြန့်ပွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မလို့ ရန်ကုန်တိုင်းကိုသွားကူခြင်းဟာလည်း ကျန်တဲ့ပြည်နယ်နဲ့တိုင်းကို ရောဂါတွေမပြန့်နှံအောင် ကာကွယ်ခြင်းနဲ့အတူတူပါပဲ” လို့ ဒေါက်တာကဆက်ပြောပါတယ်။

အခုလိုကယားပြည်နယ်ကနေ သွားရောက်ကူညီတဲ့ ကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၁၀၀ ကျော်ခန့်ရှိတယ်လို့ ကြားသိရပါတယ်။

စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ကူညီပြီး ပြန်လာကြတဲ့ သူနာပြုအားလုံးကို အသွားအလာကန့်သတ်ထားပြီး ဆေးစစ်ချက်ယူရာ ကိုဗစ်ပိုးတွေ့ရှိသူ တစ်ဦးမှ မရှိသေးပါဘူး။

သွားရောက်ကူညီကြတဲ့ စေတနာ့ဝန်ထမ်းသူနာပြုတွေကို ပြည်နယ်အစိုးရအဖွဲ့ကနေ တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးထားပြီး အခြား စေတနာရှင်တွေကလည်း ကူညီထောက်ပံ့ပေးတယ်လို့ သိရပါတယ်။

လက်ရှိ ကယားပြည်နယ်မှာ ကိုဗစ်ပိုးတွေ့သူ စုစုပေါင်း ၁၆ဦးရှိပြီး ဆေးရုံဆေးနဲ့ ဆေးရုံလွှဲပြောင်းသူ (၉)ဦးရှိပြီး ကျန်တဲ့ပိုးတွေ့သူတွေက လွိုင်ကော်ဆေးရုံကြီးနဲ့ ဒီမော့ဆိုဆေးရုံရဲ့ ကိုဗစ်သီးသန့်ကုသဆောင်မှာ စောင့်ကြပ်ကြည့်ရှုမှုခံယူနေကြသလို ကျန်းမာရေးအခြေအနေမှ ကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts