ရှမ်းမျိုးနွယ်စုများ နိုင်ငံရေးတွင် အသံပါဝင်ခွင့်ရရှိရေး ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များက ကယားပြည်နယ်သို့ လာရောက်တွေ့ဆုံကြ

စူးမယ်

အမျိုးသားအဆင့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ရှမ်းလူမျိုးစုများ၏အသံလည်း ပါဝင်ခွင့်ရရှိရေးအတွက် ရှမ်းပြည်နယ်ရှိ နိုင်ငံရေးပါတီများ ၊ လက်နက်ကိုင်အဖွဲ့များ ၊ လူမှုအသင်းအဖွဲ့များက ပြည်နယ်တွင်း မျိုးနွယ်စုများနှင့် လာရောက်တွေ့ဆုံကြသည်။

တနိုင်ငံလုံးတွင်ရှိနေသည့် ရှမ်းလူမျိုးများအားလုံး အသံပါဝင်နိုင်ရေးအတွက် ပထမဆုံးအကြိမ် ကယားပြည်နယ်အတွင်းရှိ ရှမ်းဒေသခံများနှင့် ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်ပြီး မြို့နယ်အလိုက် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် အမျိုးသား အဆင့် နိုင်ငံရေး တွေ့ဆုံဆွေးပွဲတွင် လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာ အလိုက်ဆိုပြီး ခွဲထားသောကြောင့် လူမျိုးရေးသည် ကျယ်ပြန့်ပြီး ရှုပ်ထွေးသည့်အပြင် ရှမ်းတိုင်းရင်းသားသည် အုပ်စုကြီးသောကြောင့် အချိန်ယူပြီး ကြိုတင် ပြင်ဆင်ရန် လိုအပ်သည်ဟု ကယားပြည်နယ်ရှိ ရှမ်းလူထုတွေ့ဆုံရေး အဖွဲ့ခေါင်းဆောင် သီပေါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် စိုင်းသန့်စင်က ပြောသည်။

စိုင်းသန့်စင်က “လူမျိုးအလိုက် ဆိုတဲ့အခါကျတော့ ဖြစ်နိုင်ရင် အားလုံး အားလုံးရဲ့ ဆန္ဒပါဝင် စေချင်တာပေါ့ဗျာ။ ” ဟု ဆိုသည်။

ကယား(ကရင်နီ) ပြည်နယ်တွင် မတူညီသည့် နိုင်ငံရေးပုံစံနှင့် သမိုင်းကြောင်း ရှိနေ သော်လည်း တူညီသည့် ခေါင်းစဉ်အောက် တစ်ခုတွင် စိတ်ဝမ်းမကွဲစေချင်သည့် ဆန္ဒနှင့် မျိုးနွယ်စုဆိုင်ရာ ကိစ္စရပ်နှင့် ပါတ်သက်ပြီး ကိုယ်စားပြုမှုများတွင် ပါဝင်လာခဲ့မည်ဆိုရင် ပြည်နယ်တွင် ပိုပြီး စိတ်ဝမ်းကွဲသွားမည်ဆိုသည့် ပုံစံမျိုး မဖြစ်စေလိုကြောင်း ရှမ်းလူထုနှင့် တွေ့ဆုံစဉ် ကူညီပေးခဲ့သည့် ကယားပြည်နယ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး (ကယားလူမျိုးစု ဒီမိုကရေစီပါတီရဲ့ အတွင်းရေးမှူး ) စိုင်းနို်င်နိုုင်ထွေး က ပြောသည်။

ရှမ်းလူထုများနှင့် တွေ့ဆုံချိန်တွင် လူထုဖက်မှ အဆင်သင့် မဖြစ်သေးတာကို တွေ့ရသော်လည်း မိမိတို့ သွားနေသည့် နိုင်ငံရေး အခြေအနေကို ပြောပြခွင့်ရပြီး လူထုဖက်မှ ခံစားတွေ့ကြုံနေရသည့် အခက်အခဲ အချက်အလက်များကို ရရှိကြောင်း စိုင်းသန့်စင်က ပြောသည်။

ရွာသစ်မြို့မှ ဦးသိန်းအောင်က “၂၁ ရာစုပင်လုံနဲ့ ပါတ်သက်ပြီးတော့မှ သူတို့ရဲ့ ဆန္ဒကို ဒီက ပြည်သူကို လာချပြတာပေါ့။ ပြီးတော့ ဆန္ဒ ဘယ်လိုရှိလဲ ဆိုတာ လာမေးသွားတယ်။ အထူးသဖြင့် ဖယ်ဒရယ် ပြည်ထောင်စုစနစ်ပေါ့ဗျာ။ ညီလာခံမှာ တင်ပြဆွေးနွေးဖို့ ထင်တယ်။ အဲဒါကို လာပြီးတော့မှ ဆန္ဒ ခံယူတဲ့ သဘောပေါ့။ သူတို့က အဓိကကတော့ နိုင်ငံရေး၊ စီးပွားရေးရယ် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးရယ်ပေါ့ အဲဒါတွေပေါ့”ဟု ဆိုသည်။

ကယားပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံသကဲ့သို့ တခြားသော တိုင်းနှင့် ပြည်နယ်များတွင်လည်း ရှမ်းလူထုများနှင့် သွားရောက် တွေ့ဆုံသည့် အဖွဲ့ပေါင်း ၁၄ ဖွဲ့ရှိသည်။

ကယားပြည်သို့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရောက်ရှိလာကြပြီး ရှမ်းတိုင်းရင်းသားများ ရှိသည့် လွိုင်ကော်မြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့မြို့၊ ရွာသစ်မြို့၊ ရှားတော့မြို့နှင့် တခြား ရှမ်းလူမျိုးများ ရှိသည့် နေရာများတွင် လူထုများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

 

Comments

comments

Next Post

ပိန်းချစ်ကျေးရွာရှိ ရှေးဟောင်းရေကန်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်

Tue Feb 14 , 2017
ဦးမြာ ကယားပြည်နယ် လွိုင်လင်လေးကျေးရွာအုပ်စု ပိန်းချစ်ကျေးရွာရှိ ရှေးဟောင်းရေကန်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန် အစိုးရကို အကူအညီပေးစေချင်တယ်လို့ ပိန်းချစ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးကောဝိသက ပြောပါတယ်။ “ရွာကလူတွေက အဲ့ဒီဟာကို တန်ဖိုးမသိကြဘူး။ အဟောင်းဆိုတော့ သူတို့ သိပ်ကရုမစိုက်ကြဘူးပေါ့နော။ အဲ့လိုမျိုးဖြစ်နေတာ ပြန်လည်ပြုပြင်ဖို့က ဒီရွာကလူ ဦးဇင်းတို့နဲ့ပဲ မလွယ်လောက်ဘူးပေါ့နော အစိုးရက ကူညီမှပဲ ရတာပေါ့နော ″ ဟု ကျောင်းထိုင်ဆရာတော် ဦးကောဝိသက မိန့်ကြားသွားပါတယ်။ ယခင်က မြန်မာသက္ကရာဇ် ၁၂၆၂ ခု စော်ဘွားစဝ်ခွန်းလီလက်ထက်တွင် ပိန်းချစ်ကျေးရွာရှိ ဘုရားကို တည်ထောင်ထားပြီး ရေကန်ကိုလည်း တစ်ပြိုင်တည်း တည်ထောင်ထားခဲ့တာဖြစ်သည်ဟု ဆိုပါသည်။ ရေကန်နှင့်အတူ နှစ်ပေါင်းတူညီနေသည့် ပိန်းချစ်ဘုရားကို ပြန်လည်ပြုပြင်မွမ်းမံထားသည်ကို တွေ့ရသည်။ ရေကန်ကိုမူ […]

ဆက်စပ်သတင်းများ