spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွာသစ်မှာပိတ်မိနေတဲ့ ဒေသခံတွေထဲက တချို့ဟာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ဒေသခံအချင်းချင်း နိုင်ထက်စီးနင်းမှု ပြုလုပ်တာတွေရှိနေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဘောလခဲခရိုင်၊ ရွာသစ်မြို့မှာ ပိတ်မိနေဆဲဖြစ်တဲ့ ဒေသခံငါးရာကျော်ထဲက တချို့ဟာ အဆိုပါစစ်ကောင်စီတပ်တွေနဲ့ ပေါင်းပြီး ရွာခံအချင်းချင်းအပေါ် နိုင်ထက်စီးနင်းမှု ပြုလုပ်နေတာတွေ ရှိတယ်လို့ မြို့ခံတွေနဲ့ နီးစပ်သူတွေကနေသိရှိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတဲ့ ဒေသခံတချို့ဟာ ဒေသခံအချင်းချင်းရဲ့ နေအိမ်တွေ၊ ဆိုင်တွေကို စိတ်ကြိုက်ဖောက်ထွင်းဝင်ရောက်တဲ့အပြင် ဒေသခံပိုင် ဆိုင်ကယ်၊ ကားတွေကိုလည်း ခွင့်ပြုချက်မတောင်းခံဘဲ စိတ်ကြိုက်ယူသုံးတာတွေ လုပ်နေတယ်လို့ ရွာသစ်မြို့ခံတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“စစ်တပ် နဲ့ ပေါင်းပြီး ပြည်သူ အိမ်‌တွေ၊ ဆိုင်တွေမှာ ရှိတဲ့ ပစ္စည်းတွေကို ယူတယ်။ တချို့ ပြည်သူပိုင် ဆိုင်ကယ် တွေဆို တောထဲမှာထားတာ အဲတာ သူတို့ ( စစ်တပ်ထောက်ခံသူများ ) ကစစ်တပ်ကို နောက်ခံလုပ်ပြီး ပြည်သူတွေကို သွားသယ် ခိုင်းတယ် ညကြီးမိုးချုပ် မိုးရွာ နေတဲ့ အချိန် တွေမှာ ခိုင်းတာတွေရှိတယ်။” လို့ ရွာသစ်မြို့ခံတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေသံတွေထဲမှ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသူတွေ ရှိနေပြီး ဒေသခံအချင်းချင်း နိုင်ထက်စီးနင်းမှုတွေ ပြုလုပ်ကာ ဒေသခံတွေဟာလည်း လုံခြုံရေးအရ ကြောက်ရွံ့နေကြတာကြောင့် သူတို့ ( စစ်ကောင်စီတပ်) စေခိုင်းသမျှကို လိုက်လံဆောင်ရွက်နေကြရတယ်လို့ သိရပါတယ်။

“မကျေနပ်ရင် ဖမ်းခိုင်းတာတွေ ရှိလာမှာစိုးလို့ ပြည်သူတွေက မပြောရဲပဲ နှုတ်ပိတ်နေနေရတယ်။ ပြည်သူတွေအိမ်ပြန်လို့ မရအောင်ကိုလည်း အဲဒီစစ်တပ်ထောက်ခံ သူတွေက စစ်တပ် နဲ့ ပြည်သူ ကြားမှာ ကန့်လန့်လုပ်နေတယ်။” လို့ ရွာသစ်မြို့ခံတွေနဲ့ နီးစပ်သူတစ်ဦးက ဆက်ပြောပါတယ်။

ရွာသစ်မြို့ခံတွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ပိတ်မိနေခဲ့ကြတာ ဖြစ်ပြီး မိမိတို့နေအိမ်မှာ နေထိုင်ခွင့်မရှိဘဲ ဘုန်းကြီးကျောင်းတွေမှာ စုပေါင်းနေထိုင်ကြရတာာ ဖြစ်ပါတယ်။ စားနပ်ရိက္ခာတွေ သယ်ယူဖို့အတွက် စစ်ကောင်စီတပ်က ခွင့်ပြုတဲ့ရက်တွေမှာသာ ပြန်သယ်ယူခွင့် ရကြတာ ဖြစ်ပါတယ်။ လက်ရှိမှတော့ အကူအညီတစ်စုံတစ်ရာ၊ စားနပ်ရိက္ခာ တစ်စုံတစ်ရာ မရရှိတော့တာကြောင့် စားနပ်ရိက္ခာတွေကလည်း လပိုင်းအတွက်သာ ကျန်ရှိတော့တယ်လို့ သိရှိရပါတယ်။

ရွာသစ်မြို့ပတ်လည်ကို စစ်ကောင်စီတပ်က ချုပ်ကိုင်ထားတာကြောင့် ဒေသခံတွေဟာ တောင်ယာ၊ လယ်ယာ စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်း မရှိတဲ့အပြင် မြို့တွင်းကို ကုန်စည်မရောက်တာ မယ်စဲ့မြို့နယ်နဲ့ ဖားဆောင်းမြို့နယ် တိုက်ပွဲစတင်ဖြစ်ပွားတဲ့ မတ်လအတွင်းက ဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img