spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွာသစ်မှာ စစ်ကောင်စီက လူနေအိမ်တွေကိုဖောက်ထွင်းပြီး ပစ္စည်းတွေသိမ်းယူ၊ ပျဉ်ထောင်အိမ်တွေကို ဖြုတ်ယူပြီး လမ်းမှာ အကာအကွယ်ပြုလုပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဘောလခဲခရိုင် ရွာသစ်မြို့မှာ စစ်ကောင်စီတပ်က လူနေအိမ်တွေကို ဖောင်ထွင်းပြီး ပစ္စည်းများ သိမ်းယူသွားတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ ဒါ့အပြင် သစ်နဲ့ ဆောက်လုပ်ထားတဲ့ နေအိမ်က ပျဉ်ပြားတွေကို ဖြုတ်ယူကာ လမ်းတွေမှာ အတားအဆီးတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

“စစ်ကောင်စီက ရွာသစ်ထဲက အိမ်တွေကို ဖောက်ပြီး ပစ္စည်းတွေ ယူ၊ အိမ်မွေးတိရစ္ဆာန်တွေကိုရော သတ်စားကြတယ်လို့ ပြောလာတယ်။ ပြည်သူအိမ်တွေမှာ လိုက်နေကြတယ်။ ပြည်သူတွေကတော့ ဘုန်းကြီးကျောင်းမှာ အလှည့်ကျ အိမ်ပြန်ခိုင်းတယ်။ ပစ္စည်းသိမ်း ဘာညာ အိပ်တော့ပေးမအိပ်ဘူး။ တချို့ သစ်တွေနဲ့ ဆောက်ထားတဲ့အိမ်တွေကို ပျဉ်တွေဖျက်ပြီး လမ်းမတွေပေါ်ကို တားထားတယ်။” လို့ ရွာသစ်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွာသစ် ဒေသခံတွေဟာ ဘုန်းကြီးကျောင်းမှာ စုနေကြရတာပါ။ အိမ်ပြန်ဖို့ကိုလည်း စစ်ကောင်စီက ခွင့်ပြုမှာသာ ပြန်နိုင်တာကြောင့် အလှည့်ကျ ပြန်ပြီး ပစ္စည်တွေယူနေကြရတယ်လို့ သိရပါတယ်။

“ဝမ်ဟော် ရပ်ကွက် နဲ့ မြောက်ပိုင်း ရပ်ကွက် ကြားက လမ်းမာ သူတို့ နေရာ ချထားတယ် တဲ့။ ပြည်သူအိမ်တွေမှာ ‌စခန်းချနေကြတယ်။ ပြည်သူ ပိုင်တဲ့ သစ်တွေ အုတ်တွေကို သူတို့ ရဲ့ အကာအကွယ် ပြုလုပ်ထားပါတယ်။ ပြီးရင် ပြည်သူရဲ့ ဖုန်းတွေကို Facebook တွေ ဆိုရှယ်မီဒီယာ သုံးနိုင်တဲ့ app တွေကို ဖျက်ခိုင်းပါတယ်။ သတင်း တွေ မတက်အောင်ပေါ့နော်။ သူတို့ကို ရိက္ခာပို့တာ မရှိတော့ ပြည်သူ့ ဆန်တွေ ပစ္စည်းတွေ ဆိုင်တွေ ဖောက်ပြီး ခိုးယူပြီး ရိက္ခာတွေ လုပ်နေတယ်။ အိမ်မွေးတိရစ္ဆာန်လည်း သတ်စားကြတယ် ။ နောက်ပြီး ရွာသစ်အပြင်ကို သူတို့ မထွက်ရဲကြဘူး။” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

ရွာသစ်မြို့ခံတွေဟာ အနီးအနားဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားစဉ်က တိမ်းရှောင်သူတွေ ရှိကြပေမယ့် အများစုဟာ မြို့တွင်းမှာ ကျန်ရှိနေတာပါ။ လက်ရှိမှာတော့ မြို့တွင်းကို စစ်ကောင်စီက နေရာယူထားတာကြောင့် မြို့ပြင်ကိုလည်း ထွက်ဖို့ ကြောက်ရွံ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့နဲ့ ၂၉ ရက်နေ့မှာ ဒေသခံ ၆ ဦးဟာ ခွင့်ပြုချက်မရှိပဲ ဘုန်းကြီးကျောင်းရဲ့ အပြင်ကိုထွက်သွားတာကြောင့် ပစ်သတ်ခံခဲ့ရတာလည်း ရှိပါတယ်။

spot_img
spot_img

Recent posts