ကရင်နီသူ ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်သူတွေထဲမှာ တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် လူဦးရေသည် ၁၃ဦးရှိပါတယ်။ ဖရူဆိုမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၈)မှာ ဝင်ရောက်ယှဉ်ပြိုင်မည့်လက်ရှိ ဖရူဆိုမြို့နယ် အမျိုးသားလွှတ်တော်အမှတ်(၅) ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ရှားမူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ပြန်လည်ရွေးခြယ်ခြင်းမခံရတဲ့အတွက် တစ်သီးပုဂ္ဂလအနေဖြင့် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ ” ပြည်သူပေးလာတဲ့တာဝန်တွေကို တစ်ခေါက်မဟုတ်ရင် နှစ်ခေါက်၊ နှစ်ခေါက်မဟုတ်ရင် သုံးခေါက် ရအောင်လုပ်ဆောင်ပေးမယ်။ အရင်တုန်းကလည်း ဒီလိုပဲလုပ်ပေးခဲ့တယ်။ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် အန်တီကတိမပေးဘူး ပြည်သူက တောင်းဆိုလာတဲ့ဟာ အန်တီလုပ်ပေးမယ်။ ″ လို့ ဒေါ်ဆားမူက ပြောပါတယ်။ တစ်သီးပုဂ္ဂလအနေဖြင့် ဒီးမော့ဆိုမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ခွန်းရိုမောင်းဒိုကလည်း ၎င်းအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရသည့် အကြောင်းရင်းကိုအခုလိုပြောပါတယ်။ ″ အဓိက […]

နော်ဒွေးအယ်ခူ ကယားပြည်နယ်မှာ လက်ရှိအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KySDP)၊ ကယန်းအမျိုးသားပါတီ(KNP)တို့က မဲဆွယ်စည်းရုံးမှုဟာ အပြိုင်ပြုလုပ်လျက်ရှိကြတယ်လို့ သိရပါတယ်။ ကယားပြည်နယ်မှာ စက်တင်ဘာ ၂၅ ရက်တစ်ရက်တည်း NLD ပါတီကို ထောက်ခံအားပေးကြတဲ့ အင်အားစုတွေက လွိုင်ကော်မြို့တွင်းမှာ မဲဆွယ်လှည့်လည်ခဲ့ကြပြီး KySDP နဲ့ KNPကို ဝန်းရံထောက်ခံသူတွေကလည်း ဒီမော့ဆိုမြို့နယ်အတွင်း လှည့်လည်ကာ ၎င်းတို့အနေနဲ့ ဝန်းရံသူအင်အားရာနဲ့ ချီပြီ မဲဆွယ်နေကြပါတယ်။ ကိုဗစ်ကာလ ကျန်းမာရေးကန့်သတ်ချက်တွေရှိနေပေမယ့်လည်း NLD အနေနဲ့ ကယားမှာ ဝန်းရံထောက်ခံသူများတာကို ပြလိုတဲ့အတွက် ယခုလို လူအင်အားအလုံးအရင်းဖြင့် စည်းကမ်းတကျ မဲဆွယ်လှည့်လည်ခြင်းဖြစ်တယ်လို့ လွိုင်ကော်မြို့ NLD ပါတီ အောင်နိုင်ရေးဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးခွန်ဇော်ဇော်ထွေးက ပြောပါတယ်။ […]

နော်ဒွေးအယ်ခူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း ကယားပြည်နယ်မဲရုံတွေအတွက် အထူးရဲတပ်ဖွဲ့အင်အား ၂၂၀ ဦးကို ခန့်အပ်ထားတယ်လို့ ကယားပြည်နယ်ရဲတပ်ဖွဲ့ (ပြည်နယ်ဦးစီးပထမတန်း) မှ ဒု-ရဲမှူးကြီးအောင်ကျော်မြင့်ကပြောပါတယ်။ “မဲရုံ ၂၂၀ ရှိတဲ့အတွက် အထူးရဲတပ်ဖွဲ့ကလည်း ၂၂၀ စုဆောင်းထားတာရှိတယ်။ မဲရုံတစ်ရုံကို အထူးရဲတပ်ဖွဲ့တစ်ယောက်စီ တာဝန်ပေးမယ်” လို့ ဒု-ရဲမှူးကြီးအောင်ကျော်မြင့်က ပြောပါတယ်။ ၂၀၂၀ ထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်တွင်းရှိ ရဲတပ်ဖွဲ့အင်အားမလုံလောက်တဲ့အတွက် သြဂုတ်လအတွင်းက အထူးရဲတပ်သားတွေကို ရွေးချယ်ခဲ့ပြီး အထူးရဲတပ်ဖွဲ့အင်အား ၂၂၀ ဦးနှင့် အရံအင်အား ငါးဦး စုစုပေါင်း ၂၂၅ ဦးကို ထားဖို့လျာထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါ အထူးရဲတွေအနေနဲ့ ကယားပြည်နယ် မြို့နယ် ခုနစ်မြို့နယ်အလိုက် အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၄ […]

ဒွေးအယ်ခူ ၂၀၂၀ ရွေးကောက်ပွဲမှာ ဌာနေတိုင်းရင်းသားတွေအနေနဲ့ ဒေသခံတိုင်းရင်းသားပါတီတွေကိုသာ ဝန်းရံပေးဖို့ တိုင်းရင်းသားပါတီ ကိုယ်ယ်စားလှယ်လောင်းတွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။ တိုင်းရင်းသားပါတီတွေအားကောင်းဖို့ ဒေသခံပြည်သူဝန်းရံပေးဖို့လိုတယ်လို့ ကယန်းအမျိုးသားပါတီကနေ ဒီမော့ဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ခွန်းမြင့်နိုင်က ပြောပါတယ်။ ခွန်းမြင့်နိုင်က“ အရေးကြီးတဲ့အတွက်ကြောင့်မလို့ ဒီပါတီက အားကောင်းကောင်းနဲ့ ရုန်းထဖို့လိုနေတဲ့အချိန်မှာ ပြည်သူလူထုက ဝန်းရံအားပေးဖို့လိုပါတယ်။” လို့ ပြောပါတယ်။ ကယားပြည်နယ်မှာ မြို့နယ် ၇ မြို့နယ်၊ မဲဆန္ဒနယ် ၃၄ နေရာရှိတဲ့အထဲမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက မဲဆန္ဒနယ် နေရာ ၃၀ မှာ ဝင်ပြိုင်သွားမှာဖြစ်ပြီး ကယန်းအမျိုးသားပါတီက ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အဲဒီ ပါတီနှစ်ခုဟာ မဟာမိတ်ဖွဲ့ထားတဲ့ […]

အန်ထော်နီ မကြာမီကျင်းပပြုလုပ်တော့မယ့် အထွေထွေ ရွေးကောက်ပွဲမှာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိတို့ရောက်ရှိရာဒေသမှာ မဲပေးနိုင်ရေးအတွက် ပုံစံ ၃ (က) ဖြင့်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ “ ရွှေ့ပြောင်းအလုပ်သမားတွေက သူတို့က သူတို့နေထိုင်ခဲ့တဲ့ရွာတွေမှာ သူတို့နာမည်မဲစရင်းမှာမပါခဲ့ရင် ဒီမှာမဲထည့်ပြီးတော့ပေးလို့ ရတယ်ပေါ့နော်။ ပေးလို့ရတယ်ဆိုတာက ဒီမှာရက်ပေါင်း ၉၀ ကျော်နေထိုင်ခဲ့ပြီးပြီဆိုရင် နိုင်ငံသားစစ်ဆေးရေးကပ်ပြားပါခဲ့ရင်တော့ သူတို့အခုလက်ရှိလုပ်ကိုင်တဲ့နေရာမှာ အုပ်စုမှာ မဲစရင်းထည့်သွင်းပြီးတော့မှ မဲပေးလို့ရပါတယ်။” လို့ ငွေတောင်ကျေးရွာအုပ်စု ကော်မရှင်ဥက္ကဌ ဦးလှဝင်း ကပြောပါတယ်။ တစ်ချို့သောရွှေ့ပြောင်းအလုပ်သမားတွေက မိမိတို့ရဲ့အလုပ်ရှင်တွေကတဆင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေဆီမှာ နာမည်စာရင်းသွင်းပြီး လို့သိရပါတယ်။ လက်ရှိမယ်စဲ့မြို့နယ်တွင် လမ်းခင်းကျောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား ကိုဇင်မျိုးထိုက် က “ဘာတွေပြင်ဆင်နေပြီလဲဆိုတော့ အစတုန်းကတော့ ရုံးတော့သွားပြီးပြီပေါ့။ ရုံးသွားပြီးတော့ နောက်တစ်သုတ်ကျရင် မှတ်ပုံတင်ရှိတဲ့လူကို လှမ်းခေါ်မယ်လို့ ရုံးကအဲ့လိုပြောထားတယ်လေး” […]

ကိုဗစ်ဗိုင်းရပ်ကြောင့် လူစုလူဝေးမပြုလုပ်ဖို့ ကန့်သတ်ချက်တွေရှိနေချိန်မှာ ရွေးကောက်ပွဲမဲဆွယ်တာကို ကော်မရှင်ကထုတ်ပြန်တဲ့ ဥပဒေနနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကာလအတိုင်း လုပ်ဆောင်သွားမယ်လို့ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြည်နယ်ကော်မတီဝင် ဦးတင်ဦးကပြောပါတယ်။ “ရွေးကောက်ပွဲကာလက စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိဆိုရင် စည်းရုံးရေးကာလပေါ့။ အဲ့ကာလမှာလည်း ပါတီအချင်းချင်း သဘောတူညီချက်ဖြစ်တဲ့ Code of Conduct ရှိတယ်။ နောက်ပြီး ကော်မရှင်ကထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေရှိတယ်။ ဒီကာလအတိုင်း စည်ရုံးရေးလုပ်ဆောင်သွားမယ်” လို့ သူကပြောပါတယ်။ အဲဒီကာလအတိုင်း မဲဆွယ်စည်းရုံးခွင့်ကို ကော်မရှင်က ပေးမည်ဆိုရင် ပြသနာမရှိပေမဲ့ အကယ်၍ ကိုဗစ်ဗိုင်းရပ်စ် ကို အကြောင်းပြပြီးတားမြစ်ရင်တော့ မမှန်ကန်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် […]

ကန္တာရဝတီတိုင်း (မ်) ကယားပြည်နယ်က မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၁၃ ပါတီရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၂ ဦးရှိတယ်လို့ ပြည်နယ်ရွေးကောက်ကော်မရှင်ကနေ သြဂုတ် ၃၀ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြည်နယ်က မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၂ ဦးမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၂ ဦး၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကေရစီအဖွဲ့ချုပ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ ဆိုပြီးတော့ စုစုပေါင်း ၁၃ ပါတီက ကိုယ်စားလှယ်လောင်းတွေဖြစ်ကြပါတယ်။ ကယားပြည်နယ်မှာ မြို့နယ်ခုနစ်မြို့နယ်ရှိပြီး ရွေးကောက်ပွဲဝင်ရောက်နိုင်မယ့် မဲဆန္ဒနယ် […]

နော်ဒွေးအယ်ခူ ၂၀၂၀ ရွေးကောက်ပွဲအတွက် လူငယ်များကိုနေရာပေးချင်သော်လည်း ယုံကြည်မှုအားနည်းနေတဲ့အတွက် ရွေးကောက်ပွဲ အတွေ့အကြုံရှိပုဂ္ဂိုလ်များကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးချယ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကယားပြည်နယ်) မှ ပြည်နယ်ကော်မတီဝင်ဦးတင်ဦးက ပြောပါတယ်။ “လောလောဆယ်မှာ သူတို့ကိုသူတို့ ယုံကြည်မှုလေးတွေ အားနည်းသေးတဲ့အတွက် နောက်နောင်မှ သာအရွေးချယ်ခံမယ်။ လက်ရှိကတော့အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေသာ အရွေးချယ်ခံဖို့ပြော လာတဲ့အတွက် လက်ရှိ အတွေ့အကြုံရှိတဲ့ ၂၀၁၀ အတွေ့အကြုံ ၂၀၁၅ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေကိုသာ ပြန်လည်ပြီးရွေးချယ်တာဖြစ်ပါတယ်” လို့ ဦးတင်ဦးက ပြောပါတယ်။ သို့သော်လည်းပဲ အလားအလာရှိတဲ့ လူငယ်တွေကို ၎င်းတို့တာဝန်ယူနေသည့် မြို့နယ်၊ ခရိုင်များတွင် နေရာများပေးထားကြောင်း ဦးတင်ဥိးကဆက်လက်ပြောပြပါတယ်။ “လူငယ်ကတော့ပြောမယ်ဆိုရင်တော့ နည်းတော့နည်းသေးတာပေါ့။ နည်းသေးတယ်ဆိုတာကလည်း ပြည်နယ်အနေနဲ့ပြန်ကြည့်မယ်ဆို ကျတော်တို့ပါတီမှာဝင်ပြီးတော့ တာဝန်ယူနေတဲ့ မြို့နယ်ရှိတယ်။ ခရိုင်ရှိတယ် […]

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တွေ့ဆုံပွဲတက်ရောက်ရခြင်းမှာ ပါတီသဘောထားမဟုတ်ပဲ ဥက္ကဌရဲ့ သဘောဆန္ဒသာ အလွတ်သဘောတွေ့ဆုံခြင်းဖြစ်တယ်လို့ အများပြည်သူအထင်မမှားစေဖို့အတွက် သြဂုတ်လ (၁၅)ရက်နေ့၊ နံနက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပါတီ သဘောထားထုတ်ပြန်လိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး လူထုတွေအကြားမှာ သတင်းမှားဖြန့်ချိသူတွေ၊ ဝေဖန်သူတွေရှိနေတာကြောင့် မယုံကြဖို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်ကပြောကြားသွားခဲ့ ပါတယ်။ “ အခုက ဘယ်သူတွေ ဘယ်လိုပဲပြောပြောပါ တကယ်လို့ ကျတော်တို့ပါတီကိုဝန်းရံလိုတဲ့ပုဂ္ဂိုလ်တွေ ပြည်သူလူထုတွေ မဲဆန္ဒရှင်တွေ တကယ်လို့ ကျနော်တို့ပါတီမှာမေးစရာရှိတယ်။ မေးဖို့လိုတယ်ဆိုလို့ရှိရင် တိုက်ရိုက်မေးပါ သူများတွေဖြန့်ဝေတဲ့သတင်းတွေ သတင်းအမှားတွေ ဒါတွေမယုံကြည်ဖို့ ကျနော်အနေနဲ့ အနူးအညွတ်တောင်းဆိုတာပေါ့နော” သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာခန်းမဆောင်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံရေးပါတီ […]

နော်ဒွေးအယ်ခူ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အခြေစိုက်ပါတီ ကယားပြည်နယ်အခြေစိုက် နှစ်ပါတီဖြစ်တဲ့ ကယန်းအမျိုးသားပါတီ (KNP) နဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ပါတီ၊ နှစ်ပါတီပေါင်းမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၂ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။ နှစ်ပါတီပေါင်း ကိုယ်စားလှယ်လောင်း ၄၀ ဦး ရှိတဲ့ အထဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၃ ဦးပါဝင်ပြီး ရာခိုင်နှုန်းနဲ့ဆိုရင် ၃၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) မှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၈ ဦး၊နဲ့ ကယန်း အမျိုးသားပါတီမှာ ၅ ဦးပါဝင်တာဖြစ်ပါတယ်။ “ကိုယ်စားလှယ်လောင်း(၁၀)ဦးထဲမှာ အမျိုးသမီးက ၅ဦးပါ ပါတယ်။ ရှေ့နေအသင်းကတချို့ပါသလို တစ်ဖက်မှာကတော့ CsO, NGO မှာလုပ်ခဲ့တဲ့ လူငယ်အသင်းအဖွဲ့တွေကလူတွေပါတယ်။ […]