spot_img
Monday, March 27, 2023
spot_img

ရှမ်း-ကရင်နီနယ်စပ် တစ်နေရာမှာ စစ်ကောင်စီက သက်ကြီးရွယ်အို ၂ဦးနဲ့ ကျောင်းသားတစ်ဦးကို သတ်ဖြတ်ခဲ့

spot_imgspot_imgspot_imgspot_img
ဓါတ်ပုံ- ဖယ်ခုံ PDF တပ်ရင်း ၂

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် စစ်ရှောင်စခန်းတစ်နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကနေပြီး အသက်၈၁နှစ် နဲ့ ၇၈နှစ် အရွယ် အဖိုး၊ အဖွား ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သလို ၇တန်းကျောင်းသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

“ ပြည်သူတွေကိုကျတော့ လူသားဒိုင်းလုပ်တယ်။ ပြည်သူ အဖိုး ၊ အဖွား နှစ်ယောက်ကိုလည်း မီးရှို့ သတ်လိုက်တယ်လေ။ ကလေးလေး ကျောင်းသားအရွယ်ပေါ့ သူတို့ သတ်တယ်လေ။ နောက် ထိခိုက်မှုလည်း နှစ်ဦး နှစ်ဖက် များတယ်။ “ လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

အသက် (၇၈)နှစ်အရွယ် အဖိုး ဦးလှငြိမ်း၊ အသက် (၈၁)နှစ်အရွယ် အဖွားဒေါ်မူလူး နဲ့ ၇တန်းကျောင်းသားတစ်ဦးဖြစ်သူ အသက် (၁၅)နှစ်အရွယ် မောင်ကျော်ဟူး တို့ဟာ စစ်ကောင်စီရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ်လ ၁၂ရက်နေ့မှာ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲအရှေ့ဘက်ကမ်းရှိတောင်ပေါ် စစ်ဘေးရှောင်တစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၆၆ ကနေပြီး သက်ကြီးရွယ်အိုနဲ့ ကလေးအချို့ကိုဖမ်းဆီးတာတွေ ရှိပြီး လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးထားတဲ့ စစ်ရှောင်ပြည်သူတွေထဲက ၃ဦး သတ်ဖြတ်ခြင်းခံခဲ့ရပြီး စစ်ရှောင်တချို့ ပြန်လွှတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာဆိုရင်လည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီကနေပြီး ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

မတ်လ ၁၂ရက်နေ့မှာပဲ စစ်ရှောင်တွေကို ကယ်ဆယ်ဖို့အတွက် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ ညနေပိုင်း ၃နာရီအချိန်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဖယ်ခုံအခြေစိုက်တပ်ရင်းနဲ့ ၄၂၂ တပ်ကနေ လက်နက်ကြီးပစ်ကူမြောက်များစွာအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ညနေ ၅နာရီခွဲအချိန်မှာတော့ စစ်ကောင်စီဖက် တိုက်လေယာဉ် နှစ်စီးနဲ့ ၃ကြိမ်ခန့် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာစစ်ကောင်စီဖက် တပ်ကြပ်ကြီး နဲ့ ဒု-တပ်ကြပ်အပါအဝင် ထိခိုက်သေဆုံးမှု များပြီး စစ်ကောင်စီ အလောင်း ၄လောင်းနဲ့ စစ်အသုံးအဆောင်တချို့သိမ်းဆည်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်သားသေဆုံးတဲ့အရေအတွက်ကို အတည်ပြုဖို့ ကြိုးစားနေဆဲလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ရှောင်ကိုကယ်ထုတ်ဖို့ ကြိုးစားရင်း ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ဖယ်ခုံPDFတပ်ရင်း (၂)က ရဲဘော်တစ်ဦး နဲ့ KNDF တပ်ရင်း ၃ က ရဲဘော် ၂ဦး ကျဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဖက် ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ- ဖယ်ခုံ PDF တပ်ရင်း ၂
ဓါတ်ပုံ- ဖယ်ခုံ PDF တပ်ရင်း ၂
spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...