spot_imgspot_imgspot_imgspot_img
Friday, January 17, 2025
spot_imgspot_imgspot_imgspot_img

ရှားတောမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံရ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတစ်ခု ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ရှားတောမြို့ခံ မျက်မြင်တွေဆီကနေ သိရပါတယ်။

“ အန္တာရာယ်ကွေ့ ရှားတောအပေါ်နားက စေတီနားမှာ။ ဒီလ ၂၄ ရက်နေ့တုန်းက ဖြစ်သွားတာ။ PDF က ရှို့တာလို့တော့ ပြောတယ်။ သူတို့ ( စစ်ကောင်စီ)ဖက်က မှိုင်းထောင်ထားတယ်ပြောတယ်။ တော်သေးလို့ ဘာမှ မဖြစ်ဘူး။ ဖြုတ်လို့တော့ ရလိုက်တယ်ပြောတယ်။ တပ်ဆုတ်သွားလို့ သူတို့ စခန်းကို ဝင်ရှို့လိုက်တာ။” လို့ မြို့ခံမျက်မြင်တွေက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

၎င်းမီးရှို့ခံရတဲ့ တပ်စခန်းဟာ လွိုင်ကော်-ရှားတော လမ်းမကြီးဘေးမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာ တပ်စခန်းရှိ စစ်သားများ တပ်ဆုတ်သွားတာ ဖြစ်တယ်လို့ မြို့ခံမျက်မြင်တွေက ပြောပါတယ်။

တပ်မတော်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကနေစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ရှားတောမြို့နယ်အတွင်းမှာတော့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ရှားတောမြို့နယ်အတွင်း သံလွင်အရှေ့ဖက်ခြမ်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်စခန်းပေါင်း ၁၇ ခု ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img