spot_img
Friday, March 24, 2023
spot_img

လက်နက်ကြီးထိမှန်မှုကြောင့် အသက် (၇၀) အရွယ်အမျိုးသားတစ်ဦးသေဆုံး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသွားသူမှာ အသက် ( ၇၀ ) အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လက်နက်ကြီးစထိမှန်မှုကြောင့်ဆေးခန်းပို့ဆောင်ချိန် လမ်းမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသားတစ်ဦး၊ အမျိူးသမီးတစ်ဦးလည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးထိမှန်မှုကြောင့် နေအိမ် ၄ လုံး ပျက်စီးခဲ့ရပြီး တိရိစ္ဆာန်တချို့လည်း ထိခိုက်ဒဏ်ရာရထားပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကျေးရွာတွေကို ဘောလခဲအခြေစိုက် စစ်ကောင်စီတပ်ကနေ ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီကနေ့ည ၉ နာရီအချိန်အထိ စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က စစ်ရှောင်တွေ၊ လူထုတွေရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်လာတဲ့အတွက် အရပ်သားအများအပြားထိခိုက်မှာကို စိုးရိမ်တယ်လို့ ဒီးမော့ဆိုအနောက်ခြမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။

“ည ၇နာရီကျော် ၈နာရီထိုးခါနီးမှာ ဒီးမော့ဆိုအနောက်ခြမ်းကို တောက်လျှောက်ပစ်တော့တာပဲ။ တကယ့်ကိုမှ မီးလုံးပုံစံ လက်နက်ကြီးတွေ။ ၁၀လုံးအထက်ပဲ လက်နက်ကြီးပစ်တာတော့။ ဘယ်နေရာကျလဲတော့ အတိအကျမသိဘူး။ လူမထိခိုက်ဖို့ပဲ ဆုတောင်းနေရတယ်။” လို့ သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ဇုံလည်းမဟုတ်တဲ့ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။...

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။ မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။ “...

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

CJ (သတင်းပေးပို့ချက်) ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။ “လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။...