spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်နက်အင်အားမမျှမှုကြောင့် စစ်ကောင်စီလွယ်ပသာကုန်းစခန်းကို မသိမ်းပိုက်နိုင်ခဲ့

ကန္တာရဝတီတိုင်း ( မ် )

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ လွယ်ပသာကုန်းစခန်းကိုသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီတပ်က လက်နက်ကြီး အဆမတန် အသုံးပြုတာတွေ၊ သာလွန်စစ်ကူတွေ သုံးနေတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရပြီး မသိမ်းပိုက်နိုင်ခဲ့ဘူးလို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“စခန်းကုန်းကို စွန့်လွှတ်လိုက်ရပြီဆိုတဲ့ပုံစံမျိုးနဲ့ လက်နက်ကြီး အဆမတန်သုံးပြီး တိုက်ခိုက်တယ် ပစ်ခတ်တယ်။ ပစ်ခတ်တဲ့အချိန်မှာ ကျနော်တို့ဖက်က ပြန်ဆုတ်ခွာရတယ်ပေါ့ ပြန်ဆုတ်ခွာတဲ့အချိန်မှာ စခန်းသိမ်းလုနီးပါး တိုက်ပွဲထဲမှာပဲ ကျနော်တို့ ရဲဘော်စုစုပေါင်း KNDF ၊ KA၊ PDF တွေ တပ်ပေါင်းစုရဲ့ရဲဘော် (၁၁) ဦး ကျဆုံးခဲ့ရတယ်” လို့ တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ မနက် ၅နာရီအချိန်မှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၄၀ ဦးထက်နည်း သေဆုံးပြီး ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၁၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲအတွင်းမှာဆိုလို့ရှိရင် ဖယ်ခုံတိုက်ပွဲမှာဆိုရင် ကျနော်တို့ဖက်က ရဲဘော်တွေဆုံးရှုံးလိုက်ရတယ် ဒါပေမယ့် သူတို့က ဘယ်လိုပြောမလဲ ရဲရင့်စွာနဲ့ သူတို့အသက်ကို ရင်းပြီးတော့ တိုက်ပွဲဝင်သွားတယ် အဲ့ဒီအတွက် ကျနော်တို့ရဲဘော်တွေကို အမြဲတမ်း အာဏာနည်သူရဲကောင်းအဖြစ် ကျနော်တို့ အသိအမှတ်ပြုနေမယ် အမြဲတမ်းအမှတ်ရနေမယ်။ တစ်ဆက်တည်းမှာပဲ ဒီပေးဆပ်မှုတွေ အချည်းနှီးမဖြစ်အောင် ကျနော်တို့ဆက်ပြီးမှ တော်လှန်ရေးကို အောင်မြင်အောင်လုပ်မယ်။ လူထုတွေက ဆက်လက်ပြီး ပါဝင်ပေးကြပါအုံး ကူညီပေးကြပါအုံလို့ ပြောချင်ပါတယ်” လို့ KNDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) ၊ ပြည်သူ့ကာကွယ်ရေးတပ်- ဖယ်ခုံ ( PDF Pekhon ) ၊ SSRY စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တချို့ လက်နက်ကြီးထိမှန် ပျက်စီးခဲ့ပါတယ်။

ဖယ်ခုံမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပြီး ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဲ့ဒီနောက် ဒေသအခြေအနေ တည်ငြိမ်လို့ နေရပ်ပြန်နေထိုင်ကြသူတွေ ရှိနေပြီး လက်ရှိမှာ ဒေသခံတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

spot_img
spot_img