spot_img
Sunday, April 2, 2023
spot_img

လက်ရှိတော်လှန်ရေးအပေါ် စစ်ရှောင်ပြည်သူတချို့ရဲ့ မျှော်လင့်ချက်

spot_imgspot_imgspot_imgspot_img

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်းမှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူနှစ်သိန်းဝန်းကျင်ဟာ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်း နီးစပ်ရာဆွေမျိုးကျေးရွာတွေမှာ နေထိုင်ရတာ တစ်နှစ်ကျော်ကြာမြှင့်လာပြီဖြစ်ပါတယ်။

စစ်ရှောင်အများစုကတော့ နေအိမ်မီးရှို့ခံရတာ၊ နေအိမ်လက်နက်ကြီးထိမှန်ပျက်စီးတာ၊ နေရပ်ပြန်လို့မရအောင် အိမ်ပတ်လည် ကျေးရွာတွေမှာ စစ်ကောင်စီက မြေမြှုပ်မိုင်းထောင်ထားတာတွေကြောင့် နေရပ်ပြန်နိုင်ခြင်းမရှိကြသေးပါဘူး။ တော်လှန်ရေးကာလ အတွင်းမှာ စစ်ဘေးရှောင်ပြည်သူတွေဟာ အရေးတော်ပုံအောင်မယ်လို့ ယုံကြည်လား ဆိုတဲ့အပေါ် အခုလို ပြောဆိုကြပါတယ်။

ဒေါ်မာဂရီးတာ (ဖရူဆိုစစ်ရှောင်အမျိုးသမီး)

“ပြောရမယ်ဆို ယုံကြည်တယ် မဖြစ်နိုင်ဘူးဆိုလည်း မဖြစ်နိုင်ဘူး သေသွားလည်းပြီးတာပဲ။ ဒါပေမယ့် ကလေးတွေအတွက် အောင်မြင်ဖို့အရေးကြီးတယ်။ ကိုယ်ကအသက်ကြီးသွားပြီလေ။ နောက်ကျရင် သူတို့အောင်မြင်သွားမယ်လို့ ယုံကြည်တယ်။ အဲ့မျိုးခါကျတော့ အားမငယ်ဘူး ကလေးကိုအားပေးတယ်။ ကလေးတွေအားတင်းထားလို့ ပြောချင်တယ် ဝမ်းမနည်းနဲ့ပေါ့နော အမေတို့ခါကျတော့ ပြီးသွားတယ်လို့တော့မဟုတ်ဘူး ဆုတောင်းပေးမယ် အဲ့လောက်ပဲ ဆုတောင်းတစ်ခုပဲ နိုင်တော့တာကော ကျန်တာဘားမလုပ်နိုင်ဘူးကော။ ကလေးတွေအောင်မြင်ပါစေ အားတင်းထား စိတ်ဓါတ်မကျနဲ့လို့ ပြောချင်တယ်။”

ဦးဖရန်းကို (ဒီးမော့ဆိုစစ်ရှောင်အမျိုးသား)

“အရေးတော်ပုံကတော့ ယုံကြည်ပြီးသား ဦးလေးအနေနဲ့ဆိုရင် စိတ်ချပြီးသား။ အဓိက ဘာလဲဆိုရင် ဟိုအထက်က အဓိက ကူညီနေပြီဆိုလို့ရှိရင် ကောင်းကောင်းကူညီမယ်ဆိုရင် အောင်မြင်မယ်လို့ပြောတယ်လေ။ ဦးလေးအနေနဲ့ အကဲခတ်ကြည့်တာပေါ့နော စဉ်းစားကြည့်တာတော့ အောင်မြင်ပြီးသားပဲ။ အဓိက အထက်က မြန်မြန်ကူညီနိုင်ဖို့ပဲလေ မြန်မြန်ကူညီမယ်ဆိုရင် မြန်မြန်ပြီးတာပေါ့။”

ဒေါ်ဘယ်ရောနီကာ (ဖရူဆိုစစ်ရှောင်အမျိုးသမီး)

“ယုံကြည်တယ် ဆုတောင်းရင်အောင်မြင်မယ်လို့ထင်တာပဲ။ ပြန်လည်ပြန်ချင်ပြီ များများဆုတောင်းမယ် ပြန်လည်းပြန်ချင်ပြီ။ အမြဲတမ်း တောင်းတယ် စိတ်ပုတီးညတိုင်းစိတ်တယ် မေတ္တာဆိုတယ် စိတ်ပုတီးစိတ်တယ် အမြဲတမ်း။ ပြည်သူ့ရဲဘော်အတွက်တွေပေါ့ စစ်ရှောင်ပြည်သူ အလှူရှင်အတွက် အကုန်လုံးဆုတောင်းပေးတယ်။”

ဦးဘယ်ညာမီးနို (ဖရူဆိုစစ်ရှောင်အမျိုးသား)
“ယုံပါတယ် ဘယ်လိုယုံလဲဆိုတော့ ရေဒီယိုထဲမှာနားထောင်ပြီးတော့ တော်တော်လေးအားရစရာ အခန်းကဏ္ဍမှာလည်း တချို့ရှိတော့ ကျနော်ကတော့ ယုံတယ်။”

spot_imgspot_imgspot_imgspot_img

More from the blog

ဂျာမာန်ခရီးသွား ဆုရရှိထားတဲ့ ဟွေပူးကဲရွာ

ကန္တာရဝတီတိုင်း(မ်) နှစ်ပေါင်း ၃၀ကျော်တည်ရှိနေပြီဖြစ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့ အနောက်တောင်ဖက်မှာရှိတဲ့ ဟွေပူးကဲရွာကတော့ ကရင်နီမျိုးနွယ်စုတွေ နေထိုင်တဲ့ ကျေးရွာပါ။ အများစုကတော့ ကြေးကွင်းပတ် ကယန်းလူမျိုးတွေ နေထိုင်ပါတယ်။ ဟွေပူးကဲရွာကတော့ မတ်လ ၇ရက်နေ့က ဂျာမနီနိုင်ငံမှာ Community Based Touring (CBT) ဆုကို ရရှိခဲ့ပါတယ်။ ဆုရရှိတာနဲ့ ပတ်သက်ပြီးတော့...

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ဘာတွေလုပ်နေသလဲ၊

ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့ နေ့စဉ်သတင်းအကြောင်းအရာတွေကို ဆယ်စုနှစ် ၂ ခုနီးပါး အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေတဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ဘာတွေလုပ်နေပါသလဲ။ အာဏာသိမ်းပြီးနောက် သတင်းဌာနရဲ့ သတင်းထောက်တွေက အန္တာရယ်တွေ ကြား ဘယ်လို သတင်းရယူနေပါသလဲ။ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားတင်ဆက် ပေးနေပါသလဲ။ ပြည်သူလူထု တွေ သတင်းမှန်ရရှိအောင် ဘယ်လိုကြိုးစား...

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

ကန္တာရဝတီ တိုင်း(မ်) ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ...

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကရင်နီ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းခွဲအထိ ရှိလာပြီလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။ “အနည်းဆုံးကတော့ ၂သိန်းခွဲရှိသွားပြီလို့ ကျနော်တို့က ယတိပြတ်ပြောလို့ရသွားပြီပေါ့နော။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုရင်တော့ အရင်က ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုမျိုးခန့်မှန်းချက်ကလည်း မြို့နယ်အလိုက်...