spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လူငယ်နှင့် ငြိမ်းချမ်းရေးဂီတပွဲတော် (ကယားပြည်နယ်)ကို ဩဂုတ်လ ၆ ရက်နေ့တွင် ကျင်းပမည်

Author

Date

Category

ကန္တရဝတီတိုင်း(မ်)

ပြည်နယ်အတွင်းရှိ လူငယ်များ၏ လူမှုဘဝပုံစံအမျိုးမျိုးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်၏ သတင်းစကားများကို သီချင်းအဖြစ် ပုံဖေါ်ပြသကြမည့် လူငယ်နှင့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို လာမည့် ဩဂုတ်လ ၆ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်ရှိ လူငယ်အဖွဲ့အစည်းအသီးသီးရှိ လူငယ်များမှ စုပေါင်းကာ ကမကထပြုလုပ်သော အဆိုပါ လူငယ်နှင့် ငြိမ်းချမ်းရေးဂီတပွဲတော်တွင် လူငယ်များကိုယ်တိုင် ရေးစပ်သီးကုံးထားသော ကိုယ်ပိုင်သံစဉ်များဖြင့် လူငယ်များကိုယ်တိုင်ဝင်ရောက်ဆင်နွဲ သီဆိုကြမည် ဖြစ်သည်။

ပြည်နယ်အတွင်းရှိ ပုံစံမျိုးမျိုးတည်ရှိနေသော လူငယ်များ၏ အသံကို အနုပညာဖြင့် သွယ်ဝိုက်ကာ လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ထင်ဟပ်စေရန် ရည်ရွယ်ခြင်းဖြစ်ဟု လူငယ်နှင့် ငြိမ်းချမ်းရေးဂီတပွဲတော်ဖြစ်မြောက်ရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဖိလစ်စိုးအောင်က ပြောသည်။

“အဓိက,ကတော့ လူငယ်တွေကို စုစည်းဖို့နဲ့ လူငယ်ရေးရာကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့ နောက်တစ်ခုကတော့ ငြိမ်းချမ်းရေးသတင်းစကားတွေကို အနုပညာကနေ သီချင်းကနေ ဖလှယ်နိုင်ဖို့ပေါ့”ဟု ဖိလစ်စိုးအောင်က ပြောကြားသည်။

ဂီတပွဲတော်၌ သီချင်းပြိုင်ပွဲအစီအစဉ်ကို တပါတည်း ထည့်သွင်းထားကာ လူငယ်များက ၎င်းတို့ ရေးသားထားသော သီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြမည် ဖြစ်သည်။ အဆိုပါသီချင်း ပြိုင်ပွဲတွင် တစ်ကိုယ်တော်သီဆိုခြင်းနှင့် အဖွဲ့လိုက်သီဆိုရသော သီချင်းဟူ၍ နှစ်မျိုးခွဲခြားထားကြောင်း သိရသည်။

spot_img
spot_img

Recent posts