spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းရဲ့ အပတ်စဥ်(၂) သင်တန်းဆင်းလက်မှတ် ပေးအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ လူငယ်အရင်းအမြစ်ကိုမွေးထုတ်ပေးနိုင်ဖို့ ဖွင့်လှစ်ခဲ့တဲ့ Set of Step Youth Learning Center – SSYLCကျောင်း ရဲ့ လူငယ်စွမ်းရည်မြင့်တင်ရေး သင်တန်း ( Youth Capacity Building Training – YCBT ) ဟာ အပတ်စဥ်(၂) ပြီးဆုံးသွားပြီဖြစ်ပြီး သင်တန်းဆင်း လက်မှတ် အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့ (ဇွန်လ ၂ ရက်နေ့) မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လူငယ်စွမ်းရည်မြင့်တင်ရေး သင်တန်း‌ ( YCBT ) မှာ ဘာသာရပ် ၈ ခုနဲ့ သင်ကြားပို့ချပေးခဲ့တယ်လို့ SSYLC ကျောင်းရဲ့ ဆရာတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ကျနော်တို့ သင်ကြားပေးတဲ့ ဘာသာရပ် ၈ခုရှိတာပေါ့နော်။ ပထမတစ်ခုကတော့ ကွန်ပျူတာရှိမယ်၊ အင်္ဂလိပ်ရှိမယ်၊Leadership၊ General Knowledge၊ Active Citizen၊ Political ပြီးရင် စာပေရှိတယ်၊ ပြီးရင် ယက်ကန်းပေါ့နော် ဒီဘာသာရပ် ၈ခုကို ကျနော်တို့ သင်ကြားပေးခဲ့တာပေါ့နော် ” လို့ SSYLC ကျောင်းရဲ့ ဆရာတစ်ဦးကဆိုပါတယ်။

သင်တန်းပြီးဆုံးသွားတဲ့လူငယ်တွေဟာ သင်တန်းမှာပဲ စေတနာ့ဝန်ထမ်းအနေနဲ့ ပြန်လည်သင်ကြားပေးနေတာရှိသလို အခြားသောအဖွဲ့အစည်းဖြစ်တဲ့ နွေဦးဂုရုက ကျန်းမာရေးအပိုင်းတွေမှာ လည်း ပြန်လည် ကူညီဆောင်ရွက်နေတာရှိတယ်လို့ ဆိုပါတယ်။

လူငယ်စွမ်းရည်မြင့်တင်ရေး သင်တန်းကျောင်းကို ဖရူဆို အနောက်ဖက်ခြမ်းက ကျေးရွာတစ်ရွာမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

SSYLC သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလ ၇ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အပတ်စဥ် ၁ ကို သင်တန်းသားဦးရေ ၂၁ဦးနဲ့ ၃ လတာ သင်ကြားခဲ့ပါတယ်။ လက်ရှိအပတ်စဥ် ၂ ကိုတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖွင့်ခဲ့ပြီး ၃ လတိုး သင်ကြားပေးကာ သင်တန်းသားဦးရေ ၂၁ ဦးနဲ့ ၆လတာ သင်ကြား‌ပေးခဲ့တာဖြစ်ပါတယ်။

spot_img
spot_img

Recent posts