spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ ဖရူဆိုမြို့နယ်ထဲက စစ်ရှောင်နေအိမ်တွေအတွက် လိုအပ်တဲ့ မိုးကာတွေ မရရှိသေးဟုဆို

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းက မော်သီဒို စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ မေလ ၁၄ ရက် ညနေပိုင်းလောက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ စစ်ရှောင်နေအိမ်တွေအတွက် အရေးပေါ်လိုအပ်နေတဲ့ မိုးကာ တွေကို လက်ရှိအချိန်ထိ မရရှိသေးဘူးလို့ စစ်ရှောင်အမျိုးသမီးတစ်ဦး က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“လက်ရှိတော့ မိုးကာတွေ အခုထိမရရှိသေးပါဘူး။ အဲ့ဒီပျက်စီးသွားတဲ့ ဟာတွေနဲ့ ပဲ ပြန်ပြင် ပြန်သုံးလို့ရသေးတဲ့ဟာတချို့တော့ ပြန်ပြင်နေနေရတာပေါ့နော် ”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ နေအိမ် ၂၀၀ကျော်ရှိပြီး ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ ညနေ ၃နာရီဝန်းကျင်မှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၅အိမ် ဝန်းကျင် ပျက်စီးခဲ့တယ်လို့သိရပါတယ်။

လက်ရှိ စစ်ရှောင်စခန်းမှာတော့ ပျက်စီးသွားတဲ့ တဲအိမ်တွေအတွက် မိုးကာတွေအပြင် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။

“စစ်ရှောင်စခန်းတွေမှာတော့ အဓိက လိုအပ်နေတာတော့ စားနပ်ရိက္ခာပေါ့နော်။ အဖွဲ့အစည်းဆီကနေတော့ ဒီစားနပ်ရိက္ခာရတာတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ လုံလောက်မှုမရှိဘူး”လို့ သူကဆိုပါတယ်။

မိုးရာသီရောက်လာတာနဲ့အမျှ စစ်ရှောင်စခန်းတွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ပျက်စီးသွားမှာကို စစ်ရှောင်တွေစိုးရိမ်နေကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာလည်း ဖရူဆိုအနောက်ခြမ်းမှာရှိတဲ့ ရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၅၀ ဝန်းကျင် ပျက်စီးခဲ့တာရှိပါတယ်။

spot_img