spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေယာဥ်နဲ့ ဗုံးကြဲခံရတဲ့ နယ်စပ်က စစ်ရှောင် ငါးထောင်ကျော်ကို ထိုင်းက ယာယီခိုလှုံခွင့်ပေးထား၊ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းများ လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ ၁၂ ရက်နေ့ မနက် ၁နာရီဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲခံထားရတဲ့ ထိုင်း – ကရင်နီနယ်စပ်က စစ်ဘေးရှောင်တွေကို ထိုင်းအာဏာပိုင်တွေက သူတို့ပိုင်နက်ထဲ ယာယီခိုလှုံခွင့်ပြုထားတယ်လို့ သိရပါတယ်။

“မနေ့က( ဇူလိုင်လ ၁၂ ရက်နေ့ ) ‌ဒေါနိုးကူးကနေ ဆင်းလာတဲ့ စစ်ရှောင်လူဦးရေကပေါ့နော်။ ဒေါနိုးကူးမှာက လူဦးရေက ၅၀၂၇ ဦးရှိတာလေနော်။ မနေ့ကပြောပြချက်အရက အကုန်လုံးနီးပါးက ပြေးလာကြပြီပြောတာပေါ့နော်။ ပြေးလာကြတယ် ကျမထင်တယ် တစ်ချို့ကတော့ ဒီသူတို့သတ်မှတ်ထားတဲ့ နေရာမှာပဲ နေကြတယ်။ တစ်ချို့က အမျိုးအိမ်မှာတွေပေါ့နော်”လို့ အရေးပေါ်ကယ်ဆယ်ရေး ဆက်စပ်ဆောင်ရွက်အဖွဲ့ ‌(ကရင်နီ) က မော်သဲမာ က ပြောပါတယ်။

အဆိုပါစစ်ဘေးရှောင်တွေဟာ လတ်တလော ထိုင်းအာဏာပိုင်တွေက သတ်မှတ်ထားပေးတဲ့ နေရာတွေမှာ နေထိုင်ကြရပြီး နေရာထိုင်ခင်းတွေအတွက် ပြင်ဆင်နေကြဆဲ ဖြစ်ပါတယ်။

အဆိုပါစစ်ဘေးရှာင်တွေအတွက် စားနပ်ရိက္ခာနဲ့၊ အမိုးအကာတွေလိုအပ်နေဆဲဖြစ်ပြီး နီးစပ်ရာ NGOs နဲ့ အမျိုးသမီးအဖွဲ့အစည်းတွေအပြင် လူမှုအသင်းအဖွဲ့တွေက ကူညီဆောင်ရွက်ပေးထားတယ်လို့ မော်သဲမာက ဆိုပါတယ်။

“သူတို့ အဓိကလိုအပ်တာက စားနပ်ရိက္ခာပေါ့ စားနပ်ရိက္ခာရယ် ဟင်းတွေပေါ့နော်။ ဟို ရိက္ခာခြောက်တို့ ဟင်းခြောက်တို့ပေါ့နော်။ ပြီးတော့ သောက်ရေသန့်ပေါ့နော်။ ပြီးတော့ အမိုးအကာတွေ လိုတယ်ပေါ့နော်။ သူတို့ပြေးလာတာဖိနပ်တောင်မပါဘူး။ ဟို..အဝတ်စားတောင်မှ တစ်ထည်ပဲ ပါလာတာ။ ဖိနပ်တို့ အဝတ်စားတွေတော့ လိုတယ်”လို့ ဆိုပါတယ်။

လေယာဉ်လာရောက်ဗုံးကြဲတဲ့ ညတွင်းချင်းကို ထွက်ပြေးတိမ်းရှောင်ကြရတာကြောင့် ဘာမှမသယ်ယူနိုင်ခဲ့ဘူးလို့ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ နေရာမှာ နေထိုင်တဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“ကြောက်တာပေါ့ ကိုယ့်ကိုယ်ကိုတောင် မသိတော့ဘူ။း လေဖြတ်တော့မလားလို့တောင်တွေးတယ်။ စိတ်ကို မာမာထားရမယ် လူကိုဖျက်ဆီးလို့မရဘူးဆိုတဲ့ စိတ်နဲ့ ထားပြီးပြေးရတယ်။ ပစ္စည်းတွေလည်း မနှမြောတတ်တော့ဘူး။ စိတ်က လေယဥ်တွေလာတဲ့အချိန်ဆို ဘာမှမပြောတတ်တော့ဘူး ချမ်းသလိုလို ကိုယ်နကိုယ်တောင် ဘာမှန်းတောင် မသိတော့ဘူး။” လို့ အဆိုပါ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ စစ်ဘေးရှောင် ငါးထောင်ကျော်အတွက် ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ မှ စေတနာ့ဝန်ထမ်းတွေက လာရောက်ကူညီချက်ပြုတ်ကာ ထမင်းထုတ်ဝေပေးတဲ့ ပုံစံမျိုးနဲ့သာ စားသောက်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းဖက်ရောက်လာတဲ့ စစ်ရှောင်တွေရဲ့ နေထိုင်ရေးဟာ ထိုင်းအစိုးရအပေါ် အများကြီး မူတည်နေပြီး ထိုင်းအစိုးရဖက်မှ ခွင့်ပြုချက်ရတဲ့အချိန်ထိသာ ခိုလှုံခွင့်ရှိတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကြောင့် မူလနေရာ မပြန်ရဲကြသေးပဲ လုံခြုံရေးအရ လက်ရှိနေရာမှာသာ တဲ ဆောက်လုပ်နေထိုင်ကြရတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts