spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်က ပြည်နယ်ရဲစခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ သိမ်းပိုက်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်မှာရှိတဲ့ ပြည်နယ်ရဲစခန်းကို ယမန်နေ့ (ဒီဇင်ဘာလ ၉ရက်နေ့)က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဌ ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်)ကို ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဖြေကြားပါတယ်။

“ ပြည်နယ်ရဲစခန်းကတော့ မနေ့ည(ဒီဇင်ဘာလ ၉ရက်)က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်။ ပြည်နယ်ရဲစခန်း ပတ်ချာလည်မှာ စစ်ကောင်စီတွေကနေပြီးမှ ကာကွယ်တိုက်ခိုက်တဲ့အတွက် ရက်ပေါင်း များစွာ ကျနော်တို့ တိုက်ခိုက်ခဲ့ရတယ်။ စစ်ကောင်စီရဲ့ အလောင်းတချို့ရယ် နောက်ဒီ လက်နက်အချို့တွေရတယ်။ “ လို့ KNDF ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

ပြည်နယ်ရဲစခန်း တိုက်ခိုက်မှုမှာ နှစ်ဖက်ကျဆုံးမှုရှိခဲ့သလို စစ်ကောင်စီရဲ့ လက်နက်အချို့လည်း ရရှိခဲ့တယ်လို့ ဥက္ကဌ ခွန်းဘီထူးက ဆက်ပြောပါတယ်။

“ ခန့်မှန်းစစ်ကောင်စီ အင်အား လေးဆယ်ဝန်းကျင်လောက်ပေါ့နော။ အဲ့မှာ ခုခံကာကွယ်နေတဲ့ အနေအထားကနေပြီးမှ တချို့ကတော့ ထွက်ပြေးထွက်မြောက်သွားတယ်။ တချို့ကိုတော့ ကျနော်တို့ ရှင်းလင်းနိုင်ခဲ့တယ်ပေါ့။ အဲ့ဒီအတွက်ကြောင့်လည်း ကျနော်တို့ဖက် ရဲဘော် အားလုံးပေါင်း ၆ဦး ကျသွားခဲ့ပါတယ်။ “ လို့ KNDF ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

လွိုင်ကော်မြို့ပြစစ်ဆင်ရေးဖြစ်တဲ့ (၁၁.၁၁)စစ်ဆင်ရေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၁)ရက်နေ့ကတည်းက စတင်လာခဲ့တာဖြစ်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် လူထုတွေအနေနဲ့ လုံခြုံရေးကရုစိုက်ဖို့ နဲ့ စစ်ရှောင်ကြဖို့ကို KNDF ဥက္ကဌက တိုက်တွန်းထားပါတယ်။

လက်ရှိ လွိုင်ကော်မြို့တွင်း စစ်ဆင်ရေးမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကိုသာ အားကိုးပြီးတိုက်ခိုက်နေရတဲ့ အခြေအနေမျိုးသာ ရှိတော့တယ်လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

“လွိုင်ကော်မြို့ စစ်ရေးအခြေအနေကတော့ စစ်ကောင်စီက ခံစစ်အနေအထားမှာပဲ ရှိနေတော့တဲ့ အနေအထားမျိုးဖြစ်တယ်။ စစ်ကူတွေလည်း မလွှတ်နိုင်တော့ဘူး။ လက်နက်ကြီးရယ် လေယာဉ်အားကိုး ပြီးတော့ အဆမတန် တိုက်ခိုက်နေတဲ့ အနေအထားမျိုးဖြစ်တယ်။” လို့ လွိုင်ကော်မြို့တွင်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

ပြည်နယ်ရဲစခန်း တိုက်ခိုက်မှုအတွင်းမှာတော့ ကရင်နီပြည်တပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ PDF တပ်ဖွဲ့တွေ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နဲ့ အခြားသော တော်လှန်ရေးတပ်တို့ကနေ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးစတင်ပြီးနောက် လွိုင်ကော်မြို့ရဲ့ သုံးပုံ နှစ်ပုံကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းထားနိုင်ပြီလို့ တော်လှန်ရေးတပ်ဖွဲ့ဖက်က ပြောဆိုထားတာရှိပါတယ်။

spot_img
spot_img

Recent posts