spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ ဦးကို ထောင်ဒဏ် ၂ နှစ် နဲ့ ငွေဒဏ် ၉ သိန်း အမိန့်ချမှတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ ဦးကို ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ၉ သိန်း အမိန့် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

တရားရုံးတွင်းစစ်ဆေးချက်နဲ့ ကာယကံရှင်တွေရဲ့ ထွက်ဆိုဝန်ခံချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ စီရင်ချက် အမိန့်ချမှတ်လိုက်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC)ရဲ့ ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“၂၅ ရက် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ်မှာ စီရင်ချက်အမိန့်ချပါတယ်။ စုစုပေါင်း ၅ ဦးပါ။ ရုံးရှေ့စစ်ဆေးပေါ်ပေါက်ချက်အရကော ကာယကံရှင်ထွက်ဆိုဝန်ခံချက်တွေကို စစ်ဆေးတွေ့ရှိပါတယ်။ အမှုက ဒီတစ်မှုပါဘဲ အခြားမရှိပါဘူး” လို့ ခူးပိုးရယ်က ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဦးအောင်ခင်မြင့်၊ ဒုတိယပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ဦးကို မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇/၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ကရင်နီပြည်ရဲဌာနမှ တရားလိုအဖြစ် အမှုဖွင့်ပြီးနောက် ၂လအတွင်း လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ဦးကို အပြီးသတ်အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်လိုက်တဲ့ ၁ လေးလုံးစစ်ဆင်ရေးအတွင်း ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ် နဲ့ စက်မှုလက်မှုသိပ္ပံကျောင်းက Non-CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင် စုစုပေါင်း (၂၀၄)ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ ဘေးလွတ်ရာကို ကယ်ထုတ်ပြီးနောက် စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စတွေကို IEC ကနေ တာဝန်ယူဆောင်ရွက်ပေးခဲ့တာပါ။

ကယ်ထုတ်လာတဲ့ထဲ Non CDM အပါအဝင် မိသားစုဝင် စုစုပေါင်း (၁၉၃)ဦးကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ မှ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ပြီးနောက် ခံဝန်လက်မှတ်ရေးထိုးစေပြီး IEC က ကရင်နီပြည်ပသို့ နယ်နှင်ဒဏ်ပေးထားပါတယ်။

spot_img
spot_img

Recent posts