spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ရောဂါအတွက် ကုသရေးအခန်းကြိုတင်ပြင်ဆင်

Author

Date

Category

ကန္တာရဝတီတိုင်းမ်

လတ်တလောကမ္ဘာ့အနှံမှာဖြစ်ပွားနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ Covid-19 ရောဂါ ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကုသရေးအခန်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားတယ်လို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်ကပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဖြစ်နိုင်ချေ ကူးစက်ရောဂါတွေ ကျတော်တို့လူတွေ သွားပြီးအလုပ်လုပ်နေကြတဲ့ ထိုင်း၊ မလေးရှားမှာလည်း ရောဂါတွေဖြစ်တယ်။ သူတို့တွေက နွေရာသီမှာ အကုန်လုံး ကျတော်တို့နိုင်ငံသားတွေပြန်ဝင်လာကြတယ်။ မတော်မဆဝင်လာလု့ိ ရောဂါအများအပြားဖြစ်လာရင် ကျတော်တို့စောင့်ရှောက်နိုင်အောင် ကုသပေးနိုင်အောင် စီစဉ်ထားခြင်းဖြစ်ပါတယ်။ လောလောဆယ် လူနာ၅ယောက်ပဲရှိပေမယ့် လက်ရှိပြင်ဆင်ထားပြီးတဲ့ကုတင်က ၂၅လုံးရယ် အရေးပေါ်ကုသပေးဖို့ ကုတင် ၈ လုံး ၃၃လုံးရှိတဲ့အပြင် နောက်ထပ်ကုတင် အလုံး ၆၀စာ အခန်းတွေပြင်ဆင်ထားပါတယ်။ ဒါက ပြည်နယ်အစိုးရအဖွဲ့ရဲ့ပံ့ပိုးမှု သိန်း ၉၇၃ ကျန်တဲ့ဆေးနဲ့ ဆေးပစ္စည်းတွေဝယ်ဖို့ ပြည်နယ်အစိုးရကပံ့ပိုးပေးတဲ့အတွက် ကျတော်တို့အမြန်ဆုံးဆောင်ရွက်နေတာဖြစ်ပါတယ်” လို့ ဒေါက်တာဌေးလွင်ကပြောပါတယ်။

ကြိုတင်ကာကွယ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံမှာ Isolation ward များပြင်ဆင်ခြင်း၊ သီးခြားထား၍ စောင့်ကြပ်ကြည့်ရှုကုသခြင်းလုပ်ငန်းအတွက် နေရာပြင်ဆင်ခြင်း၊ လိုအပ်တဲ့ ကျွမ်းကျင်မှုသင်တန်းများကို ဆရာဝန်၊ လူနာ၊ ဓါတ်ခွဲဓါတ်မှန်၊ အထွေထွေလုပ်သားများအား သင်တန်းပေးခြင်း၊ လက်တွေ့လေ့ကျင့်ခြင်း ပြုလုပ်ပြီး ကြိုတင်ပြင်ဆင်ထားရှိတယ်လို့ သိရပါတယ်။

လက်ရှိ ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံကနေ ပြည်နယ်အတွင်းမှာ ဝင်ရောက်မှုရှိပါက နေထိုင်အိမ်မှာ၁၄ရက်ကြာ စောင့်ကြည့်စစ်ဆေးတာကို လိုက်နာရမှာဖြစ်သလို လိုက်နာမှုမရှိပါက အုပ်ချုပ်ရေးပိုင်းနဲ့ကျန်းမာရေးအပိုင်းတို့ ပူးပေါင်းပြီး ထိန်းကျောင်းသွားမယ်လို့ ဆိုပါတယ်။

“စောင့်ကြပ်ကြည့်ရှုလို့ ၁၄ရက်အတွင်းမှာ လူနာသည် Covid-19ဆိုတဲ့ သံသယဖြစ်ဖွယ်လက္ခဏာ ချောင်းဆိုးတယ် ဖျားလာတယ် အသက်ရှုကြပ်တာတွေ မောတာတွေဖြစ်လာရင် ချက်ချင်းဆေးရုံကုသမှုခံယူရမှာဖြစ်ပါတယ်”လို့ ဒေါက်တာကဆက်ပြောပါတယ်။

လွိုက်ကော်လေဆိပ်၊ ရှားတောမြို့နယ် နယ်စပ်ဝင်ပေါက် BP-9၊ မယ်စဲမြို့နယ် နယ်စပ်ဝင်ပေါက် BP-13,14 တို့မှာ ဇန်နဝါရီလကစ လက်ရှိအချိန်ထိ အဝင်လူဦးရေ ၆ထောင်ကျော်ကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

လက်ရှိ ပြည်နယ်အတွင်းမှာ ဗီဇာနဲ့ဝင်ရောက်နေထိုင်နေတဲ့ နိုင်ငံခြားသားဧည့်သည်တွေကို ဖျားနာတဲ့သူရှိပါက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနကို ၂၄နာရီအတွင်းအကြောင်းကြားပေးဖို့ ဆောင်ရွက်ထားရှိတယ်လို့ ပြည်နယ်ဦးစီးမှူး ဦးစန်းဝေက ပြောပါတယ်။

၎င်းက “ကျတော်တို့ လဝက ကို ၂၄နာရီအတွင်းမှာ သတိပေးပို့တဲ့စနစ်ရှိပါတယ် ဒါကိုလည်း အပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။တကယ်လို့ နေထိုင်မကောင်းဖြစ်တယ်ဆိုရင်လည်းပဲ ကျတော်တို့ကိုအကြောင်းကြားပေးဖို့ ဟိုတယ်နဲ့ခရီးကိုအကြောင်းကြားပေးဖို့ ကျန်းမာရေးဌာနကိုအကြောင်းကြားပေးဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ ဒီဌာနတွေကိုအကြောင်းကြားပေးဖို့ ကျတော်တို့က အားလုံးကို အသိပေးထားပြီးဖြစ်တဲ့အတွက် ဒီကိစ္စကို စိုးရိမ်စရာအကြောင်းမရှိပါဘူး” လို့ဆိုပါတယ်။
အမိန့်ကြေညာစာအရ လူစုလူဝေး ရှောင်ရှားရမှာဖြစ်တဲ့အတွက် ဆေးကုသမှုခံယူနေတဲ့ ဆေးရုံကြီးမှာ တတ်နိုင်သမျှ လူနာစောင့်နည်းနည်းသာ လာစေချင်တယ်လို့ သူနာပြုအုပ်ကြီး ဒေါ်စိုးစိုးဝင်းက ဆိုပါတယ်။

၎င်းက “တတ်နိုင်သမျှလူနာစောင့်နည်းနည်းပဲလာစေချင်ပါတယ် လူနာတစ်ယောက်ကို လူနာစောင့်တစ်ယောက်ပဲစောင့်ပြီးမှ ဧည့်သည်လာတဲ့နှုန်းကိုလည်း ကျမတို့လျော့ချချင်ပါတယ်” လို့ တိုက်တွန်းပြောဆိုပါတယ်။

ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် ရောဂါထိတွေ့ကိုင်တွယ်တဲ့အခါသုံးတဲ့ နှာခေါင်းစည်း၊ မျက်မှန်၊ ကာကွယ်ရေးဝတ်စုံ (PPE) အတွက် ၂၄၈စုံ၊ အလုံပိတ်ထားတဲ့နှာခေါင်းစည်း (N95 Mask) အတွက် ၉၀၀၂ ခု၊ Surgicall Mask (၁၅၄၉၀)ခု၊ လက်ကိုမကြာခဏဆေးရန်အတွက် Hand Gel (၁၀၀၀)၊ အဖျားတိုင်းကိရိယာ (Infrared Thermometer) စတဲ့ပစ္စည်းကိရိယာတွေ မြို့နယ်ဆေးရုံများမှာ လုံလုံလောက်လောက် ပြင်ဆင်ထားတယ်လို့သိရပါတယ်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ လက်ရှိအချိန်ထိ သံသယလူနာ ၁၀ ဦးရှိပြီး ဓါတ်ခွဲနမူနာအဖြေအရ ၈ဦးမှာ ပိုးမတွေ့ တဲ့အတွက် ဆေးရုံဆင်းသွားပြီး ကျန်နှစ်ဦးမှာ ဓါတ်ခွဲခန်းအဖြေမရသေးဘူးလို့ သိရပါတယ်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရဲ့အစည်းအဝေးခန်းမမှာ မတ်လ၂၃ရက်၊ နေ့လည် ၂ နာရီမှာ Covid-19 ရောဂါစောင့်ကြပ်စစ်ဆေးကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ပြည်နယ်အတွင်းအခြေအနေများကို ရှင်းလင်းပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts