spot_imgspot_imgspot_imgspot_img
Friday, December 13, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်ဘက်ကို ရောက်ရှိနေတဲ့ ဒီးမော့ဆိုစစ်ရှောင်တွေအတွက် အကူအညီလိုအပ်နေ

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကနေ စစ်​ရှောင်နေရတဲ့ ဒေသခံတွေကို တွေ့ရစဉ်။(ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

ကန္တာဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ၆ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်တချို့ဟာ ဘေးလွှတ်ရာလို့ယူဆရတဲ့ နေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အဲဒီအထဲက လွိုင်ကော်မြို့ကို ရောက်ရှိနေသူ တစ်ထောင်ဝန်းကျင်ရှိနိုင်ပြီး သူတို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။

“လူဦးရေကတော့ ထောင်နဲ့ချီလိမ့်မယ်။ နေရာတွေ ပြန့်နေတော့ တိတိကျကျတော့ပြောဖို့ ခက်သေးတယ်။ ပြေးလာစဥ်က လမ်းကိုပိတ်ထားတာတွေရှိတော့ တော်တော်လေး ကိုခက်ခက်ခဲခဲနဲ့ ရေောက်လာကြတာများပါတယ်။ အခင်းတွေ ၊ စောင်တွေ နဲ့ ချက်ပြုတ်စရာအိုးခွက် တွေက အရေးပေါ်ကို လိုအပ်နေတယ် ၊ နောက်ဆေးဝါးတွေကောပေ့ါ။ ‘’ လို့ သူက ပြောပါတယ်။

စစ်ရှောင်တွေဟာ လွိုင်ကော်မြို့မှာ နေထိုင်ရင်း စားသောက်ဖို့အတွက် ဝယ်သုံးရတာတွေ ရှိတဲ့အတွက် ဆေးဝါးတွေကို ဝယ်ယူဖို့ ပိုက်ဆံ မရှိတော့ဘူးလို့ ဆိုကြပါတယ်။ လက်ရှိ ကုန်စျေးနှုန်းတွေ မြင့်တတ်နေတဲ့အတွက် စစ်ရှောင်တွေကို ကူညီဖို့ အခက်ခဲတွေ ရှိနေတယ်လို့ လွိုင်ကော် ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကနေ စစ်​ရှောင်နေရတဲ့ ဒေသခံတွေကို တွေ့ရစဉ်။(ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

“သွားလှူ ဖို့ ရာက တပ်က ကိုယ့်ကို ရန်ရှာမှာလည်းကြောက်ရတယ် ၊ စျေးတွေက အဆမတန်တက်နေတော့ ကိုယ်တိုင်စားဖို့တောင်အတော် ရုန်းကန်နေရတယ်ဗျာ။ သိတဲ့အတိုင်း ဒီမှာ ဘာအလုပ်မှ မဖြစ်တာက ၂နှစ်ကျော်ပြီ မဟုတ်လား။ ‘’ လို့ လွိုင်ကော် ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာဆိုရင် WFP ကနေ တိုက်ပွဲရှောင်တွေအတွက် စားနပ်ရိက္ခာတွေကို ရပ်ကွက်အလိုက် ထောက်ပံ့ပေးနေတာတွေရှိပါတယ်။ လွိုင်ကော်မြို့ကို ရောက်ရှိလာတဲ့ စစ်ရှောင်တွေကတော့ အထောက်အပံ့တွေ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ထပ်ဆင့်စစ်ရှောင်အပါအဝင် ဒေသခံလူဦးရေ ၂သောင်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကနေ စစ်​ရှောင်နေရတဲ့ ဒေသခံတွေကို တွေ့ရစဉ်။(ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)
spot_img
spot_img