spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့နယ် မူလတန်းပြ ပညာရေးဝန်ထမ်းများကို မှတ်ရေးထိုးမှသာ လစာထုတ်ယူခွင့်ပြု

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

CDM မှာပါဝင်တဲ့ လွိုင်ကော်မြို့နယ်အတွင်းက မူလတန်းပြ ပညာရေးဝန်ထမ်းတွေကို CDM တွင်ပါဝင်ကြောင်း သို့မဟုတ် တခြားအကြောင်းအရာတခုခုကြောင့် ကျောင်းမတက်ရခြင်းဖြစ်ကြောင်း လက်မှတ်ထိုးမှသာ လစာထုတ်ယူခွင့်ပြုတယ်လို့ မူလတန်းပြ ပညာရေးဝန်ထမ်းတချို့ဆီကနေ သိရပါတယ်။

“မနေ့ညကတော့ ဒီလိုပြသာနာတစ်ချက်တော့ဖြစ်သွာတယ်ပေါ့နော်။ ဒီCDM စာရင်းမှာ လက်မှတ်မထိုးတာဖြစ်ဖြစ် အကြောင်းအရာတစ်ခုခုကိုမဖော်ပြတာဖြစ်ဖြစ် လစာမပေးထုတ်ဘူးဆိုတဲ့ အခြေအနေအထိတော့ရောက်သွားတာရှိတယ်ပေါ့နော်။ ကျနော်ကအဲ့အခြေအနေထိပဲသိတယ်။ တစ်ချို့ဝန်ထမ်းတွေကလည်း အဲ့လိုလက်မှတ်ထိုးခိုင်းမယ်ဆိုရင် လစာဆက်မထုတ်တဲ့ဝန်ထမ်းတွေလည်းရှိတယ်။ လက်မှတ်လည်းမထိုးဘူး၊ လစာလည်းမထုတ်ဘူးဆိုတဲ့ဝန်ထမ်းတွေရှိတယ်။” လို့ ကယားပြည်နယ်လုံးဆိုင်ရာ ဆရာများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ယခုလိုပြဿနာမျိုးကို လွိုင်ကော်မြို့နယ်ရှိ မူလတန်းပြ ဆရာ/မ အဓိကကြုံနေကြရပြီး၊ မူလတန်းပြ ဆရာ/မ တွေရဲ့လစာကို မြို့နယ်ပညာရေးမှူးကနေတစ်ဆင့် မူလတန်းကျောင်းအုပ်တွေကိုထုတ်ပေးရတဲ့အတွက်ကြောင့် ယခုလိုပြသာနာဖြစ်တာဟာ မြို့နယ်ပညာရေးမှူးတွေနဲ့သာ အဓိကသက်ဆိုင်တယ်လို့ ဆိုပါတယ်။

ယခုလိုပြသာနာဖြစ်တာဟာ လွိုင်ကော်မြို့နယ်တစ်မြို့နယ်တည်းသာဖြစ်ပြီး ဖရူဆို၊ ဒီးမော့ဆို နှင့်တစ်ခြားမြို့နယ်များမှာ ပုံမှန်အခြေအနေသာဖြစ်တယ်လို့ အလယ်တန်းကျောင်းအုပ်ဆရာမတစ်ဦးက ပြောပါတယ်။

“ လွိုင်ကော်မြို့မှာဖြစ်နေတယ် ဒီကိစ္စက CDM လုပ်ရင်မထုတ်ပေးဘူးစသည်ဖြင့် အဲ့လိုဖြစ်နေတယ်လေး။ နောက်ပြီးတော့ CDM မလုပ်ဘူးဆိုလည်း လက်မှတ်ထိုးပြီးတော့လစာထုတ်ပေါ့ အဲ့လိုမျိုးလုပ်ကြတယ်။ လွိုင်ကော်မြို့နယ်မှာတော့။ ဒီးမော့ဆိုမဖြစ်ဘူး ဖရူဆိုမဖြစ်ဘူး တစ်ခြားမြို့နယ်တွေလည်းမဖြစ်ဘူးပေါ့နော” လို့ပြောပါတယ်။

ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး လွိုင်ကော်မြို့နယ်ပညာရေးမှုုးကိုဆက်သွယ်မေးမြန်းရာမှာတော့ CDMမလုပ်ဘူးဆိုတဲ့အကြောင်းကို နှုတ်ဖြင့်သာပြောပြီး လက်မှတ်ထိုးခိုင်းတာတွေတော့ဆက်မလုပ်တော့ဘူးလို့ ပြန်လည်ဖြေရှင်းသွားပါတယ်။

spot_img
spot_img

Recent posts