spot_img
Monday, December 11, 2023
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ ဝက်နာကျနေ၊ ကူးစက်ဖြစ်ပွားမှာ စိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာမှာ ဝက်နာကျပြီး
သေဆုံးမှုရှိနေတာကြောင့် တစ်ခြားဝက်တွေပါ ကူးစက်ပြန့်နှံ့ပြီး သေဆုံးသွားမှာကို ဝက်မွေးမြူထားတဲ့ စစ်ရှောင်တွေက စိုးရိမ်နေကြပါတယ်။

စစ်ရှောင်တချို့ကတော့ မိမိတို့မွေးမြူထားတဲ့ ဝက်တွေကို ရောဂါမဖြစ်ပွားခင် ကြိုတင် ရောင်းလိုက်ကြတာလည်း ရှိတယ်လို့ ဆိုပါတယ်။

“ ဝက် ဖျားနေတာ ၂ ပတ်ကျော်လောက်ရှိပြီ။ အစာလည်း လုံးဝမစားတာကြာတော့ သေသွားတာပဲ”လို့ ဝက်မွေးတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

အဆိုပါ ဝက်တွေဟာ လူမှုအသင်းအဖွဲ့တစ်ခုကနေ စစ်ရှောင်တွေ တစ်ဖက်တစ်လှမ်းက ဝင်ငွေရအောင် တစ်အိမ်ကို ဝက်တစ်ကောင်နှုန်းနဲ့ မွေးမြူဖို့ ပေးထားတယ်လို့ သိရပါတယ်။

လက်ရှိ နေမကောင်းတဲ့ဝက်တွေဟာ တုပ်ကွေး လက္ခာဏာနဲ့ ဆင်တူပြီး အစာမစားနိုင်တာ၊ ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ပြီး သေဆုံးသွားတယ်လို့ တိရိတ္ဆန်ဆေးကုပေးသူ တစ်ဦးက ပြောပါတယ်။

“အများအားဖြင့်တော့ တုပ်ကွေးသဘောမျိုးပဲ။ ဒါပေမယ့် သူက ဖျားပြီဆိုရင် တုန်တယ်။ ပြီးတော ဆီးချုပ်ဝမ်းချုပ် အဲ့လိုမျိုးတွေ ဖြစ်တယ်။”လို့ သူက ပြောပါတယ်။

ထပ်မံကူးစက်မှုမဖြစ်ပွားအောင် နေကောင်းကျန်းမာတဲ့ဝက်နဲ့ နေမကောင်းတဲ့ဝက်ကို သီးခြားထားဖို့၊ ကာကွယ်ဆေးတွေ ကြိုတင် ထိုးထားသင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၅၀ နီးပါးရှိပြီး စားဝတ်နေရေးအတွက် သီးနှံစိုက်ပျိုးကြတာရှိသလို တစ်ဖက်မှာလည်း ဝင်ငွေရဖို့အတွက် ဝက်မွေးမြူကြတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts