spot_imgspot_imgspot_imgspot_img
Wednesday, January 22, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ စစ်ကောင်စီထောက်ခံစာယူပြီး ပြန်လည်နေထိုင်သူ တချို့ရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရပ်ကွက်တွေမှာ ဒေသခံတွေက စစ်ကောင်စီထောက်ခံစာယူပြီး ပြန်လည်နေထိုင်သူ တချို့ရှိနေပါတယ်။

အခြေအနေကို ကြည့်ပြီး မတ်လအတွင်း ပြန်လာမယ်လို့ ပြောကြသူတွေလည်း ရှိနေပါတယ်။

မိုင်းလုံးရပ်ကွက်က နေရပ်ပြန်လည်နေထိုင်သူတစ်ဦးက “ထူးမထူးတော့ မသိဘူး။ အိမ်ပြန်လာတော့ အကုန်အမွေခံရတယ်။ တချို့အိမ်ခါကျတော့ အမွေမခံရပါဘူး။ ဒါပေမယ့် သူတို့ပြောတာကတော့ ထောက်ခံစာယူပြီး ပြန်လာနေရပြီတဲ့ သူတို့ ဧည့်စာရင်းစစ်မှာပေါ့နော။ ဧည့်စာရင်း စစ်ရင် အဲ့လက်မှတ်က ရှိရမယ်ပြောမယ်။ ပြီးတော့ ပြန်လာနေတာ နှစ်အိမ်သုံးအိမ်လောက်ပဲ ရှိသေးတယ်။ တချို့လူတွေက အဲ့သတင်း ကြားပြီဆိုတော့ ပြန်လာနေဖို့ အစီအစဉ်ရှိတာပဲ။ အဲ့လိုမျိုး ပြောကြတယ်။“ လို့ ပြောပါတယ်။

ဒေါဥခူရပ်ကွက်မှာ ပြန်လာနေထိုင်လိုသူတွေအတွက် အထက (၃) ကျောင်းအနောက်မှာ သတင်းပို့ပြီး ပြန်လည်နေထိုင်နိုင်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

မိုင်းလုံးရပ်ကွက်နဲ့ မှုံပြာရပ်ကွက်က GTC တက္ကသိုလ်ကျောင်းမှာ စာရင်းပေးပြီး ပြန်လည်နေထိုင်ကြတယ်လို့ သိရပါတယ်။

ရပ်ကွက်အတွင်းပြန်လည်နေထိုင်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်မီး ပြတ်တောက်သွားပါက ဒေါဥခူရပ်ကွက်က မြန်မာ့လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း EPCကို အချိန်အရွေး အကြောင်းကြား၊မေးမြန်းနိုင်တယ်လို့လည်း သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ဇန်နဝါရီလ ၇ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ နေရပ်ပြန်လည်နေထိုင်တဲ့ လွိုင်ကော်မြို့ပေါ်က ဒေသခံ အများအပြားရှိနေပါတယ်။

ဓာတ်ပုံ- ဇန်နဝါရီလအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် လူသူကင်းမဲ့နေခဲ့တဲ့ လွိုင်ကော်မြို့ပေါ်ရပ်ကွက် မြင်ကွင်းတချို့
spot_img
spot_img
spot_img

Recent posts