spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးသူ များပြား

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် လွိုင်ကော်မြို့တွင်း ခရီးသွားလာတဲ့အချိန် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်းစာရွက်ကို ရံဖန်ရံခါ တောင်းစစ်နေတဲ့အတွက် လွိုင်ကော်မြို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးသူ များပြားနေတယ်လို့ သိရပါတယ်။

“တစ်ရက်ကို တိုကင် ၃၀၀ ထုတ်ပေးတယ်။ အဲ့ဒါတောင် မလောက်ဘူး။ မရတဲ့သူတွေ နောက်နေ့မှတစ်ခါ ထပ်လာပြီး တိုကင်ထပ်တိုးရမယ့်အနေထားပဲဗျာဟု ‘’ ကာကွယ်ဆေး သွားရောက်ထိုးသူတစ်ဦးမှ ၄င်း၏ အတွေ့ကြုံကို ရှင်းပြပါတယ်။

စီမံချက်အရ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေမှုကြောင့် ထိုးသူ များပြားနေသလို မြို့ဝင်မြို့ထွက် အစစ်အဆေးတွေမှာ ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်းစာရွက်မပါတဲ့အခါ ရံဖန်ရံခါ ဒဏ်ကြေးငွေကောက်ခံမှုရှိတာကြောင့် ထိုးနှံကြတယ်လို့ ဆိုပါတယ်။

“ကိုဗစ်ကာကွယ်ဆေး လက်မှတ်မပါရင် ရစ်တယ်ဗျ။ ခရီးသွားရတာမလွယ်ဘူး။ဒါကြောင့် ထိုးထားမှရမယ် ‘’လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးသူအများစုမှာ လွိုင်ကော်မြို့အနီးကျေးရွာမှာနေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဈေးရောင်းဈေးဝယ်လုပ်သူတွေ ခရီးသွားလာရသူတွေ လာရောက်ထိုးနှံကြတယ်လို့ ဆိုပါတယ်။

ပထမအကြိမ်ကို မြို့နမ်ဓမ္မာရုံ၊ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ကို သာသနာ့ဗိမာန်မှာ သွားရောက်ထိုးနှံရတယ်လို့ သိရပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြမ်ထိုးရတဲ့ ကိုဗစ်ကာကွယ်ဆေးက နှစ်ပတ်ခြားထိုးရပြီး တတိယအကြိမ်မှာတော့ ၆လခြားမှ ထိုးထားတဲ့ကာကွယ်ဆေး ဆေးရှိန်မပြယ်အောင် ၊ ပိုပြီးအကာအကွယ်ပေးနိုင်အောင် Booster ကိုထိုးရတယ်လို့ ဆိုပါတယ်။

မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ အိုမီခရွန် နဲ့ ၎င်းမျိုးစိတ်အသစ်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးခြင်းနဲ့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့်သာ ထိရောက်စွာကာကွယ်နိုင်တာကြောင့် သက်ဆိုင်ရာကျန်းမာရေးဌာနတွေမှာ ထပ်ဆောင်းကာကွယ်ဆေးကိုမပျက်မကွက်ထိုးနှံကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားတာရှိပါတယ်။

spot_img
spot_img