spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီပြင်ဆင်နေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

လွိုင်ကော်မြို့ပေါ်မှာ ၂၀၂၄-၂၀၂၅ စာသင်နှစ်အတွက် စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိမှာတော့ လွိုင်ကော်မြို့ပေါ်က ရပ်ကွက်တစ်ခုမှာ မူလတန်းကျောင်းတွေနဲ့ အထက်တန်းကျောင်းတွေကို ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

“ရပ်ကွက်တစ်ခုမှာတော့ မူလတန်းကျောင်းလေး ပြန်ဖွင့်တယ်။ အထက်တန်းကျောင်းတချို့ဖြစ်တဲ့ အထက ၁ တော့ ဖွင့်မယ်ပြောတယ်။ ဒါပေမယ့် စာသင်ရမယ့် ဆရာမတွေကိုတော့ သူတို့ ပြန်မခေါ်ရသေးဘူး။” လို့ လွိုင်ကော် ဒေသခံတစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က လွိုင်ကော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှာ စစ်ကောင်စီတပ်သားနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကနေ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြတယ်လို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

ကျောင်းသားမိဘတွေကတော့ ကျောင်းကို ပြန်ဖွင့်နိုင်ရင် ကလေးတွေကို ကျောင်းတက်ခိုင်းဖို့ ဆန္ဒရှိနေကြတယ်လို့ ပြောဆိုပါတယ်။ ရှမ်းပြည်နယ်ကို စစ်ဘေးရှောင်နေကြတဲ့ လွိုင်ကော်ဒေသခံတချို့ကလည်း နေရပ်ကိုပြန်လာကြတာရှိတယ်လို့ သိရပါတယ်။

“တခြားဒေသမှာ စစ်‌ရှောင်ပြီး ကလေးကျောင်းတက်ခိုင်းဖို့ကလည်း အရမ်းခက်ခဲလာတယ်။ လွိုင်ကော်မှာပဲပြန်နေပြီးတော့ ကလေးလည်း ကျောင်းတက်ရမယ်ဆိုရင် အဆင်ပြေတာပေါ့။” လို့ လွိုင်ကော်မြို့နေ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

ယခု စာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးအနေနဲ့ အခြေခံပညာကျောင်းအပ်လက်ခံတာတွေကို စစ်ကောင်စီက မေလ ၂၃ ရက်ကနေ့မှာစပြီး ဇွန်လ ၂ ရက်နေ့အထိ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လက်ရှိ လွိုင်ကော်မြို့ပေါ်မှာ ၁၁၁၁ စစ်ဆင်ရေးစတင်ပြီး ၆ လအကြာအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီကတော့ လွိုင်ကော်မြို့ကို ပြန်လည်ထူထောင်ရေးတွေ ပြုလုပ်နေပြီလို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ ဖော်ပြနေကြပါတယ်။ လွိုင်ကော်မြို့မှာ လျှပ်စစ်မီးပြန်လည်ရရှိဖို့နဲ့ လမ်းမကြီးတွေကို ပြန်လည်ဖွင့်နိုင်ဖို့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့မှာ စစ်ကောင်စီခန့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လွိုင်ကော်မြို့ကို ပြန်လည်ရောက်ရှိပြီး တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ နေထိုင်စားသောက်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးမှာဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီပိုင်် မြန်မာ့ရုပ်မြင်သံကြား သတင်းဌာနကနေ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts